ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်ခရိုအေးရှား ကွင်းလယ်ကစားသမားကြီး လူကာမိုဒရစ်က သူတို့အသင်းဘက်ကနေ အလိုရှိလို့နေတဲ့ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်လူငယ်တိုက်စစ်မှူး ကီလီယန်အမ်ဘာပေအနေနဲ့ ဘောလုံးလောကမှာ ဒီထက်မက လွှမ်မိုးမှုတွေနဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ သူရဲ့မွေးရပ်မြေကို စွန့်ခွာသင့်ပြီး အခြားသော အသင်းကြီးတွေကို ပြောင်းရွှေ့သင့်တယ်လို့ တိုက်တွန်းပြောဆိုလို့သွားခဲဲ့ပါတယ်။

Photo Credit : Daily Mail

ဘာပေကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းကနေ အမှန်အကန်ကြိုးစားခဲ့ပေမယ့်လည်း ပီအက်စ်ဂျီအသင်းက သူတို့ရဲဲ့ကြယ်ပွင့်ကစားသမားကို အသင်းက ရောင်းထုတ်သွားဖို့ အစီအစဉ်မရှိတဲဲ့အပြင် အသင်းမှာ နှစ်ရှည်ဆက်လက်ထားနိုင်ဖို့ကိုသာ ဆက်လက်ကြိုးပမ်းနေခဲ့ပါတယ်။ ဒီလိုအခြေအနေတွေနဲဲ့ ကြုံတွေ့နေရတဲဲ့ ဘာပေကို သူနဲ့ ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားဖိုင်နယ်မှာ ပြိုင်ဖက်အဖြစ် ရင်ဆိုင်ခဲ့ဖူးတဲ့ ခရိုအေးရှား ကွင်းလယ်လူ မိုဒရစ်က “ဘာပေက အခုလက်ရှိ ကမ္ဘာ့ဘောလုံးလောကမှာ လွှမ်းမိုးမှုတွေ ရှိနေပြီဆိုပေမယ့် သူရဲ့အဆင့်ကို နောက်ထပ်မြင့်တင်နိုင်ဖို့ဆိုရင်တော့ အလွယ်တကူ ချန်ပီယံဖြစ်နေနိုင်မယ့် လိဂ်ပြိုင်ပွဲကနေ ထွက်ခွာသင့်ပါတယ်” လို့ တိုက်တွန်းသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၁)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘာပေဟာ မိုနာကိုလူငယ်အသင်းကန ပေါ်ထွက်လာခဲ့သူဖြစ်ပြီး အသင်းနဲ့ လီဂူးချန်ပီယံဆုကို ပိုင်ဆိုင်ခဲ့နိုင်ပြီးနောက် ပီအက်စ်ဂျီအသင်းဆီကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ပါ ကမ္ဘာ့ဖလားဆုကြီးကို ပိုင်ဆိုင်နိုင်ခဲ့ဖူးတဲ့ ဘာပေဟာ ချန်ပီယံလိဂ်နဲ့ ဘလွန်းဒီအောတို့လို ဆုတံဆိပ်တွေ ဆုဖလားတွေကို ထပ်မံပိုင်ဆိုင်နိုင်ဖို့အတွက် ကစားသမားဘဝ တစ်ဆင့်မြင့်မားလာစေဖို့အတွက် ပီအက်စ်ဂျီထက် ပုံရိပ်မြင့်မားတဲ့ အသင်းကြီးတွေဆီကို ပြောင်းရွှေ့ဖို့လိုနေတယ်လို့ မိုဒရစ်ကနေ ထောက်ပြသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မိုဒရစ်ကတော့ လာမယ့်နှစ်တွေအတွင်း ရီးရဲလ်မက်ဒရစ်မှာ ဆက်လက်ရှိနေဖို့က မသေချာတော့တာကြောင့် တကယ်လို့ ဘာပေသာ ရီးရဲလ်ကို ရောက်လာခဲ့မယ်ဆိုရင် မိုဒရစ်နဲ့ တွဲဖက်ကစားဖို့က မသေချာသလို ဘာပေရဲ့လက်ရှိတန်ကြေးမှာလည်း ဆက်လက်မြင့်မားနေသေးတာဖြစ်လို့ ရီးရဲလ်အနေနဲ့ ဘာပေကို ခေါ်ယူနိုင်ဖို့က ခက်ခဲနေနိုင်ပါသေးတယ်။