ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင်ကစားသမား တစ်ဦးဖြစ်တဲ့ အီယန်ရိုက်ကတော့ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီအသင်းမှ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ပြင်သစ်လူငယ်တိုက်စစ်မှူး အမ်ဘာပေဟာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ် အသင်းထံကို ပြောင်းရွှေ့မယ့်အစား ပရီးမီးယားလိဂ်မှာ ပုံစံကောင်းတွေ ပြသနေတဲ့ လီဗာပူးလ် အသင်းထံကို ပြောင်းရွှေ့သင့်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Metro.com

အသက်၂၁နှစ်အရွယ် အမ်ဘာပေဟာ ပြီးခဲ့တဲ့ အပတ်မှာ ကစားခဲ့တဲ့ မောင့်ပယ်လီယာ အသင်းနဲ့ပွဲစဉ်မှာ လူစားလဲခံရမှုနဲ့ ပတ်သတ်ပြီး နည်းပြတူချယ်နဲ့ ပြဿနာတက်ခဲ့ကာ အဆိုပါ ပြဿနာရပ်ကြောင့် အမ်ဘာပေဟာ ပီအက်စ်ဂျီ အသင်းထံကနေ ပြောင်းရွှေ့တော့မှာလို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

Photo Credit: Metro.com

အီယန်ရိုက်ကတော့ လီဗာပူးလ်အသင်းရဲ့ ခေတ်ဟာ အခုမှစတာဖြစ်တာကြောင့် ထိပ်သီး ကစားသမားတွေဟာ လီဗာပူးလ်အသင်းထံကို ပြောင်းရွှေ့ဖို့အတွက် စဉ်းစားသင့်ကြောင်းနဲ့ သူသာ အမ်ဘာပေနေရာမှာဆိုပါက လီဗာပူးလ် အသင်းထံကိုသာ ပြောင်းရွှေ့မှာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Metro.com

အမ်ဘာပေအနေနဲ့ လီဗာပူးလ်အသင်းတို့ထံကို ပြောင်းရွှေ့သင့်ကြောင်း အီယန်ရိုက်က ” အမ်ဘာပေက အသင်းပြောင်းမယ်လို့ ခင်ဗျား ထင်ရင် သူက ဒီကိုလည်း ပြောင်းနိုင်ပါတယ်။ ကျွန်တော်သာ အခုချိန်မှာ ကစားနေသေးရင် မန်စီးတီးအစား လီဗာပူးလ်အသင်းထံ သွားမှာပါ။ လီဗာပူးလ်အသင်းရဲ့ ခေတ်က အခုမှ စတာပါ။ ကျွန်တော်သာ အမ်ဘာပေဖြစ်ခဲ့ရင် လီဗာပူးဆီကိုပဲ သွားမှာပါ။ အမ်ဘာပေက ဘယ်အသင်းကို သွားသင့်တယ်လို့ ခင်ဗျားထင်လဲ ” လို့ အကြံပေးသွားခဲ့တာပါ။