ပီအက္စ္ဂ်ီ တိုက္စစ္မႉး အမ္ဘာေပကေတာ့ ဘာစီလိုနာ တိုက္စစ္မႉး မက္ဆီလို ျဖစ္လာဖို႔ သိပ္ ေနာက္က်သြားၿပီလို႔ ေျပာသြားခဲ့ၿပီး တစ္ခ်ိန္တည္းမွာပဲ ဂ်ဳဗင္တပ္ တိုက္စစ္မႉး ေရာ္နယ္ဒိုဆီက စိတ္ခြန္အားရပါတယ္လို႔ ေျပာသြားခဲ့ပါတယ္။ ျပင္သစ္ တိုက္စစ္မႉး အမ္ဘာေပဟာ အသက္သာ ငယ္ေပမဲ့ လက္ေ႐ြးစင္အသင္းနဲ႔ ေအာင္ျမင္မႈမွာ ေရာ္နယ္ဒို နဲ႔ မက္ဆီထက္ ပိုေအာင္ျမင္တယ္လို႔ ေျပာလို႔ ရႏိုင္ၿပီး (၂၀၁၈) ခုႏွစ္ ႐ုရွား ကမာၻ႔ဖလားကို ျပင္သစ္အသင္းနဲ႔ အတူ ရရွိသြားခဲ့ပါတယ္။

Photo Credit: Marca

တိုက္စစ္မႉး အမ္ဘာေပဟာ လက္ေ႐ြးစင္အသင္းနဲ႔ ေအာင္ျမင္မႈမွာ ေရာ္နယ္ဒို နဲ႔ မက္ဆီတို႔ထက္ ေအာင္ျမင္မႈ ပိုရေကာင္း ရႏိုင္ေပမဲ့လည္း တစ္ကိုယ္ေတာ္ ေအာင္ျမင္မႈ နဲ႔ ကလပ္အသင္းနဲ႔ ေအာင္ျမင္မႈမွာေတာ့ မက္ဆီ နဲ႔ ေရာ္နယ္ဒိုကို မွီဖို႔ အမ်ားႀကီး လိုေနပါေသးတယ္။ ဒါေၾကာင့္မို႔လို႔ပဲ တိုက္စစ္မႉး အမ္ဘာေပက ဘာစီလိုနာ တိုက္စစ္မႉး မက္ဆီလို ျဖစ္လာဖို႔ ေနာက္က်သြားၿပီလို႔ ေျပာခဲ့သလို ဂ်ဳဗင္တပ္ တိုက္စစ္မႉး ေရာ္နယ္ဒိုဆီကေန ခြန္အားရတယ္လို႔ ေျပာသြားခဲ့ပါတယ္။

Photo Credit: Marca

အမ္ဘာေပက “ခင္ဗ်ားက ျပင္သစ္လူမ်ိဳး ဆိုရင္ ဇီဒန္းကို ခင္ဗ်ားရဲ႕ အႀကိဳက္ဆုံး ကစားသမားလို သေဘာထားၿပီး ႀကီးျပင္လာမွာ ေသခ်ာပါတယ္။ ကြၽန္ေတာ့္အတြက္ အျခားတစ္ေယာက္ကေတာ့ ေရာ္နယ္ဒိုပါ။ ေရာ္နယ္ဒိုကို ကြၽန္ေတာ့္ရဲ႕ ၿပိဳင္ဘက္လို ထားၿပီး ကိုယ့္ကိုကိုယ္ သုံးသပ္ခဲ့ပါတယ္။ မက္ဆီလို ကစားသမားဘဝကို ပိုင္ဆိုင္ဖို႔က အလြန္ ေနာက္က်သြားပါၿပီ။ မက္ဆီ,ဆီကေန ဘာမွမရေပမဲ့ အခုအခ်ိန္မွာ ကြၽန္ေတာ္ ေရာ္နယ္ဒိုေၾကာင့္ စိတ္ခြန္အားရပါတယ္”လို႔ ေျပာသြားပါတယ္။

{Unicode}

ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေကတော့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီလို ဖြစ်လာဖို့ သိပ် နောက်ကျသွားပြီလို့ ပြောသွားခဲ့ပြီး တစ်ချိန်တည်းမှာပဲ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဆီက စိတ်ခွန်အားရပါတယ်လို့ ပြောသွားခဲ့ပါတယ်။ ပြင်သစ် တိုက်စစ်မှူး အမ်ဘာပေဟာ အသက်သာ ငယ်ပေမဲ့ လက်ရွေးစင်အသင်းနဲ့ အောင်မြင်မှုမှာ ရော်နယ်ဒို နဲ့ မက်ဆီထက် ပိုအောင်မြင်တယ်လို့ ပြောလို့ ရနိုင်ပြီး (၂၀၁၈) ခုနှစ် ရုရှား ကမ္ဘာ့ဖလားကို ပြင်သစ်အသင်းနဲ့ အတူ ရရှိသွားခဲ့ပါတယ်။

 

Photo Credit: Marca

တိုက်စစ်မှူး အမ်ဘာပေဟာ လက်ရွေးစင်အသင်းနဲ့ အောင်မြင်မှုမှာ ရော်နယ်ဒို နဲ့ မက်ဆီတို့ထက် အောင်မြင်မှု ပိုရကောင်း ရနိုင်ပေမဲ့လည်း တစ်ကိုယ်တော် အောင်မြင်မှု နဲ့ ကလပ်အသင်းနဲ့ အောင်မြင်မှုမှာတော့ မက်ဆီ နဲ့ ရော်နယ်ဒိုကို မှီဖို့ အများကြီး လိုနေပါသေးတယ်။ ဒါကြောင့်မို့လို့ပဲ တိုက်စစ်မှူး အမ်ဘာပေက ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီလို ဖြစ်လာဖို့ နောက်ကျသွားပြီလို့ ပြောခဲ့သလို ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဆီကနေ ခွန်အားရတယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Marca

အမ်ဘာပေက “ခင်ဗျားက ပြင်သစ်လူမျိုး ဆိုရင် ဇီဒန်းကို ခင်ဗျားရဲ့ အကြိုက်ဆုံး ကစားသမားလို သဘောထားပြီး ကြီးပြင်လာမှာ သေချာပါတယ်။ ကျွန်တော့်အတွက် အခြားတစ်ယောက်ကတော့ ရော်နယ်ဒိုပါ။ ရော်နယ်ဒိုကို ကျွန်တော့်ရဲ့ ပြိုင်ဘက်လို ထားပြီး ကိုယ့်ကိုကိုယ် သုံးသပ်ခဲ့ပါတယ်။ မက်ဆီလို ကစားသမားဘဝကို ပိုင်ဆိုင်ဖို့က အလွန် နောက်ကျသွားပါပြီ။ မက်ဆီ,ဆီကနေ ဘာမှမရပေမဲ့ အခုအချိန်မှာ ကျွန်တော် ရော်နယ်ဒိုကြောင့် စိတ်ခွန်အားရပါတယ်”လို့ ပြောသွားပါတယ်။