ပေါ်တူဂီအသင်းနဲ့ စီးရီးအေကလပ် ဂျူဗင်တပ် အသင်းတို့ရဲ့ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ စီရိုနယ်ဒိုကတော့ သူ့ရဲ့ပရိသတ်တစ်ဦးလို့ လူသိများသလို လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး လူငယ်တိုက်စစ်မှူးအဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကိုခံထားရတဲ့ ပြင်သစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ လူငယ်တိုက်စစ်မှူး အမ်ဘာပေဟာ ဘောလုံးလောကရဲ့ အနာဂတ် ဖြစ်လာလိမ့်မယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

Photo Credit: Marca.com

အသက်၂၁နှစ်အရွယ် အမ်ဘာပေဟာ ပြင်သစ် အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ရအောင်ယူထားနိုင်သူဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့လဲ ပြင်သစ်မှာ ပေးအပ်ချီးမြှင့်တဲ့ ဆုဖလားတွေကို သိမ်းပိုက်ရရှိထားသူ ဖြစ်ပါတယ်။ အသက်၃၅နှစ်အရွယ် စီရိုနယ်ဒိုကတော့ ငယ်စဉ်က သူ့ရဲ့ ပရိသတ်ပါ လို့ ဝန်ခံထားခဲ့ဖူးတဲ့ အမ်ဘာပေဟာ အလွန် လျင်မြန်တဲ့ ကစားသမားဖြစ်ကြောင်းနဲ့ သူဟာ မက်ဆီနဲ့ မိမိတို့ခေတ်လွန် ဘောလုံးလောကမှာ အောင်မြင်မယ့်သူဖြစ်ကြောင်း ထောက်ခံ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca.com

အမ်ဘာပေအပေါ် စီရိုနယ်ဒိုက ” အမ်ဘာပေဟာ လက်ရှိမှာရော အနာဂတ်မှာပါ အရမ်းကို ကောင်းတဲ့သူပါ။ သူဟာ အံ့အားသင့်စရာ ကစားသမားတစ်ဦးဖြစ်ပြီး တော်တော်လေးလဲ မြန်ပါတယ်။ ဘောလုံးလောကအတွက် သူဟာ အနာဂတ်ပါပဲ ” လို့ ပြောကြားသွားခဲ့တာပါ။ အမ်ဘာပေဟာ လက်ရှိ ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် လီဂူးဝမ်းမှာ ၁၈ပွဲ ကစားပေးထားပြီး ၁၅ဂိုးသွင်းယူထားကာ ၄ဂိုးအထိ ဂိုးဖန်တီးမှု ပြုလုပ်ထားသူလည်း ဖြစ်ပါတယ်။ စီရိုနယ်ဒိုကတော့ စီးရီးအေပြိုင်ပွဲမှာ ပွဲ ၂၀ကစားထားချိန်မှာ ဂိုး၂၀သွင်းယူထားပြီး ၁ဂိုး ဖန်တီးပေးထားနိုင်သူပါ။

 

အမ်ဘာပေနဲ့ပတ်သတ်ပြီး ပရိသတ်ရဲ့ အမြင်ကို Commentမှာ ရေးပေးခဲ့ကြပါလားဗျ….။