MySport Myanmar

ချန်ပီယံလိဂ် ဖိုင်နယ်မှာ သူမပြောင်းလိုက်ရတဲ့ အသင်းကို အားပေးသွားမယ်ဆိုတဲ့ ဘာပေ

ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမားလေး ကီလီယန်အမ်ဘာပေက မကြာခင် ပြင်သစ်နိုင်ငံ Stade de France ဘောလုံးကွင်းကြီးအတွင်း ကျင်းပသွားမယ့် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးယဲလ်အသင်းကို အားပေးသွားမယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : IOL

အသက်(၂၃)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မယ့်အချိန်မှာ ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ အတော်လေးကို နီးစပ်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ သူရဲ့လက်ရှိကလပ် ပီအက်စ်ဂျီနဲ့သာ စာချုပ်သစ် ထပ်မံချုပ်ဆိုခဲ့ပြီး ပီအက်စ်ဂျီမှာ ၂၀၂၅ခုနှစ်ထိ ဆက်လက်ရှိနေတော့မှာ ဖြစ်ပါတယ်။ ဘာပေအနေနဲ့ ရီးယဲလ်ကို ပြောင်းရွှေ့ဖို့ ပယ်ချပြီး ပီအက်စ်ဂျီမှာပဲ ဆက်လက်ရှိနေခဲ့ရပေမယ့်လည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာတော့ ရီးယဲလ်အသင်းဘက်ကနေသာ အားပေးသွားမယ်လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Paris Saint Germain

ဘာပေက “ရီးယဲလ်မက်ဒရစ်အသင်းနဲ့ သူတို့အသင်းရဲ့ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်တို့ကို ကျေးဇူးတင်ကြောင်း ပြောဆိုချင်ပါတယ်။ ဒီလို ကြီးကျယ်ခမ်းနားတဲ့ ကလပ်အသင်းတစ်ခုက ကျွန်တော့်ကို အလိုရှိ်လာတဲ့ အခွင့်အရေးနဲ့ ကံကောင်းခြင်းတွေကို ကျွန်တော် အသိအမှတ်ပြုပါတယ်။ သူတို့ရဲ့ စိတ်ပျက်မှုကို ကျွန်တော် နားလည်ပါတယ်။ ချန်ပီယံလိဂ် ဖိုင်နယ်မှာတော့ ကျွန်တော်ရဲ့ အိမ်ဖြစ်တဲ့ ပဲရစ်မြို့ကနေ သူတို့အသင်းကို အားပေးသွားမှာပါ။ ကျွန်တော် မွေးဖွား ကြီးပြင်းခဲ့ပြီး ကျွန်တော်ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ ပြင်သစ်နိုင်ငံမှာ ဆက်ပြီး တိုးတတ်နိုင်အောင် လုပ်နိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းပျော်ရွှင်မိတယ်။ အဲ့ဒါက ကျွန်တော်ရဲ့ အိမ်မက်တွေကို ဆက်ပြီး အကောင်အထည်ဖော်ဖို့ အခွင့်အရေးပေးတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဘာပေဟာ ငယ်စဉ်ကတည်းက ရီးယဲလ်အသင်းကို အားပေးလာခဲ့သူဖြစ်ပြီး တစ်နေ့နေ့မှာလည်း ဆန်တီယာဂိုဘာနေဗျူးကွင်းမှာ ရီးယဲလ်အတွက် ပါဝင်ကစားဖို့ အိမ်မက်မက်ထားခဲ့သလို သူရဲ့အိမ်မက်အတိုင်း ဖြစ်လာဖို့ နီးစပ်ခဲ့ပေမယ့်လည်း အသင်းပြောင်းဖို့ကို ပယ်ချခဲ့ပြီး ပီအက်စ်ဂျီအသင်းနဲ့သာ ဆက်လက်ပူးပေါင်းခဲ့ပါတယ်။

Exit mobile version