ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်အတွင်း ဆွစ်ဇာလန််အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ရပြီးနောက် ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာလာခဲ့ရတဲ့ ပြင်သစ်လက်ရွေးစင်အသင်းအတွက် နောက်ဆုံးပင်နယ်တီကို ဂိုးဝင်အောင် မကန်သွင်းနိုင်ခဲ့တဲ့ ကြယ်ပွင့်ကစားသမား ကီလီယန်အမ်ဘာပေဟာ လက်ရွေးစင်အသင်းနဲ့ပတ်သက်ပြီး ပြသာနာတွေ ရင်ဆိုင်ခဲ့ရတဲ့အကြောင်းကို ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit : The Guardian

၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်လက်ရွေးစင်အသင်းဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ဆွစ်ဇာလန်အသင်းနဲ့ ရင်ဆိုင်ရချိန် မိနစ်(၉၀)အတွင်း တစ်ဖက်ကို (၃)ဂိုးစီ သရေကျနေခဲ့လို့ အချိန်ပို ဆက်ကစားရာ ပင်နယ်တီ အဆုံးအဖြတ်ထိ ရောက်ရှိသွားခဲ့ပြီး (၂)သင်းလုံး ပင်နယ်တီဂိုးတွေကို သွင်းယူနိုင်ကြပေမယ့် (၅)လုံးမြောက် ပင်နယ်တီကို ဘာပေကန်သွင်းရာမှာ ဆွစ်ဂိုးသမားက ကာကွယ်နိုင်ခဲ့လို့ ပြင်သစ်အသင်းလည်း ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို ဘာပေကိုလည်း ဝေဖန်ပြစ်တင်မှုတွေက မြင့်တတ်လာခဲ့ပါတယ်။ ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဘာပေက “ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးဖို့ကို ကျွန်တော် ဘယ်တုန်းကမှ ယူရိုတစ်ကျပ်ကိုတောင် မယူခဲ့ဖူးဘူး”

Photo Credit : Goal

“ကျွန်တော်ရဲ့ လက်ရွေးစင်အသင်းအတွက်ကို ဘာအခကြေးငွေမှ မယူပဲနဲ့ကို ကစားပေးခဲ့တာ။ အဓိကတော့ ကျွန်တော်အနေနဲ့ ဘာပြသာနာမှကို မဖြစ်စေချင်တာပါပဲ။ ဒါပေမယ့် ပြသာနာတစ််ခု စတင်ဖြစ်ပေါ်လာပြီလို့ ကျွန်တော်ခံစားမိလိုက်တဲ့ အချိန်ကနေ စတင်ပြီး ကျွန်တော်က လက်ရွေးစင်အသင်းမှာ အမြဲတမ်း နေရာတွေ လိုချင်နေတယ်တို့ ကျွန်တော်ရဲ့ အတ္တကြီးမားမှုတွေက ကျွန်တော်တို့အသင်းကို ရှုံးနိမ့်စေခဲ့ရတဲ့ အဓိက အချက်တစ်ခုပဲတို့ ကျွန်တော်သာ မပါခဲ့ရင် အသင်းက အနိုင်ရမှာ သေချာတယ်တို့ပါ ကြားမိလာရတယ်။ အရေးကြီးဆုံး အရာကတော့ ပြင်သစ်လက်ရွေးစင်အသင်းပါပဲ။ တကယ်လို့များ လက်ရွေးစင်အသင်းက ကျွန်တော်မပါပဲ ပျော်ပျော်ရွှင်ရွှင် ဖြစ်နေမယ်ဆိုရင် ကျွန်တော် မပါဝင်လောက်ရုံပါပဲ။ ပြင်သစ်သမ္မတနဲ့ ဆုံတွေ့ခဲ့တုန်းက ကျွန်တော် ဒီအကြောင်းတွေကို ပြောပြခဲ့သေးတယ်။ ပင်နယ်တီ လွဲချော်ခဲ့တာကြောင့် ကျွန်တော့်ကို မျောက်လို့ပါ လှောင်ပြောင်စော်ကားကြတာတွေကိုရောပေါ့။ ကျွန်တော်တစ်ယေက်တည်း လွဲချော်ခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ ညည်းညူနေမှာတော့ မဟုတ်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။