ကၽြန္ေတာ္တို႔ ေဘာလုံးေလာကရဲ့ ေဆာင္းရာသီ အေျပာင္းအေရႊ႕ေစ်းကြက္ (သို႔) ဇန္နဝါရီလ အေျပာင္းအေရႊ႕ေစ်းကြက္ ပိတ္သိမ္းဖို႔ဟာ ရက္သတၱပတ္ တစ္ပတ္သာ က်န္ရွိပါတယ္။ ဒီအခ်ိန္မွာေတာ့ မၿပီးျပတ္ေသးတဲ့ အေျပာင္းအေရႊ႕ေဆြးေႏြးမွုေတြရွိေနသလို ၿပီးေျမာက္လုနီးပါးျဖစ္ေနတဲ့ အေျပာင္းအေရႊ႕ေတြလည္း ရွိပါတယ္။ ဒီတစ္ခါမွာေတာ့ ကၽြန္ေတာ္ရဲ့အျမင္အရ ၿပီးေျမာက္နိုင္ေခ်ရွိတဲ့ အေျပာင္းအေရႊ႕ေတြကို ေဖာ္ျပေပးသြားခ်င္ပါတယ္။

Photo Credit: Football London.com

အဲရစ္ဆင္ > အင္တာမီလန္

မီလန္ၿမိဳ႕ကို ေဆးစစ္ဖို႔အတြက္ ေရာက္ရွိေနၿပီျဖစ္တဲ့ အဲရစ္ဆင္ဟာ အင္တာမီလန္အသင္းကို ေျပာင္းေရႊ႕ဖို႔ ၉၉ရာခိုင္ႏွုန္း က်ိန္းေသေနတဲ့ ကစားသမားပါ။ အင္တာမီလန္အသင္းဟာ စပါးအသင္းကို အဲရစ္ဆင္အတြက္ ေပါင္၁၇သန္း ဝန္းက်င္ေပးေခ်ရမွာလည္း ျဖစ္ပါတယ္။

Photo Credit: Football London.com

ပီယာတက္ခ္ > ခ်ယ္လ္ဆီး

ယေန႔မနက္အေစာပိုင္းမွာပဲ အင္စတာဂရမ္ မွာ ခ်ယ္လ္ဆီးအသင္းရဲ့ေပ့ခ်္ကို follow လုပ္ခဲ့တဲ့ ပီယာတက္ခ္ဟာ မၾကာမီမွာပဲ ခ်ယ္လ္ဆီး အသင္းထံကို ေရာက္လာဖို႔ရွိေနပါတယ္။ ခ်ယ္လ္ဆီးဟာ ပီယာတက္ခ္အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္၂၅သန္းဝန္းက်င္ ေပးေခ်ရဖို႔ ရွိပါတယ္။

Photo Credit: Football London.com

ဘာ့ခ်္ဝင့္ > စပါး

ပီအက္စ္ဗြီအသင္းရဲ့ ေတာင္ပံတိုက္စစ္ ကစားသမားျဖစ္တဲ့ ဘာ့ခ်္ဝင့္ဟာ လက္ရွိမွာ စပါးအသင္းကို ေျပာင္းေရႊ႕ဖို႔အတြက္ နီးစပ္ေနသူပ​ဲ ျဖစ္ပါတယ္။ ဘာ့ခ်္ဝင့္ဘက္က စပါးထံကို ေျပာင္းေရႊ႕ဖို႔အတ​ြက္ အသင့္ျဖစ္ေနေပမယ့္ စပါးအသင္းနဲ႔ ပီအက္စ္ဗြီအသင္းတို႔ၾကားမွာ ေျပာင္းေရႊ႕ေၾကးအတြက္ ေဆြးေႏြးဖို႔သာ က်န္ရွိပါေတာ့တယ္။

Photo Credit: Football London.com

ဆိုဆက္ > ဝက္ဟမ္း

ယူနိုက္တက္နဲ႔အဲဗာတန္အသင္းရဲ့ နည္းျပေဟာင္း မိုရက္စ္ဟာ လက္ရွိမွာေတာ့ ဝက္ဟမ္းအသင္းကို ျပဳျပင္ေျပာင္းလဲမွုေတြ လုပ္ေနသူပါ။ ယေန႔မနက္မွာေတာ့ ဝက္စ္ဟမ္းဟာ ဆလားဗီးယားရဲ့ အသင္းေခါင္းေဆာင္ ဆိုဆက္ကို ေခၚယူဖို႔အတ​ြက္ သေဘာတူညီမွုရရွိခဲ့ၿပီလို႔ သတင္းေတြ ထြက္ေပၚေနခဲ့ပါတယ္။

ကျွန်တော်တို့ ဘောလုံးလောကရဲ့ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက် (သို့) ဇန်နဝါရီလ အပြောင်းအရွှေ့စျေးကွက် ပိတ်သိမ်းဖို့ဟာ ရက်သတ္တပတ် တစ်ပတ်သာ ကျန်ရှိပါတယ်။ ဒီအချိန်မှာတော့ မပြီးပြတ်သေးတဲ့ အပြောင်းအရွှေ့ဆွေးနွေးမှုတွေရှိနေသလို ပြီးမြောက်လုနီးပါးဖြစ်နေတဲ့ အပြောင်းအရွှေ့တွေလည်း ရှိပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်တော်ရဲ့အမြင်အရ ပြီးမြောက်နိုင်ချေရှိတဲ့ အပြောင်းအရွှေ့တွေကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit: Football London.com

အဲရစ်ဆင် > အင်တာမီလန်

မီလန်မြို့ကို ဆေးစစ်ဖို့အတွက် ရောက်ရှိနေပြီဖြစ်တဲ့ အဲရစ်ဆင်ဟာ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့ ၉၉ရာခိုင်နှုန်း ကျိန်းသေနေတဲ့ ကစားသမားပါ။ အင်တာမီလန်အသင်းဟာ စပါးအသင်းကို အဲရစ်ဆင်အတွက် ပေါင်၁၇သန်း ဝန်းကျင်ပေးချေရမှာလည်း ဖြစ်ပါတယ်။

Photo Credit: Football London.com

ပီယာတက်ခ် > ချယ်လ်ဆီး

ယနေ့မနက်အစောပိုင်းမှာပဲ အင်စတာဂရမ် မှာ ချယ်လ်ဆီးအသင်းရဲ့ပေ့ချ်ကို follow လုပ်ခဲ့တဲ့ ပီယာတက်ခ်ဟာ မကြာမီမှာပဲ ချယ်လ်ဆီး အသင်းထံကို ရောက်လာဖို့ရှိနေပါတယ်။ ချယ်လ်ဆီးဟာ ပီယာတက်ခ်အတွက် ပြောင်းရွှေ့ကြေး ပေါင်၂၅သန်းဝန်းကျင် ပေးချေရဖို့ ရှိပါတယ်။

Photo Credit: Football London.com

ဘာ့ချ်ဝင့် > စပါး

ပီအက်စ်ဗွီအသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမားဖြစ်တဲ့ ဘာ့ချ်ဝင့်ဟာ လက်ရှိမှာ စပါးအသင်းကို ပြောင်းရွှေ့ဖို့အတွက် နီးစပ်နေသူပ​ဲ ဖြစ်ပါတယ်။ ဘာ့ချ်ဝင့်ဘက်က စပါးထံကို ပြောင်းရွှေ့ဖို့အတ​ွက် အသင့်ဖြစ်နေပေမယ့် စပါးအသင်းနဲ့ ပီအက်စ်ဗွီအသင်းတို့ကြားမှာ ပြောင်းရွှေ့ကြေးအတွက် ဆွေးနွေးဖို့သာ ကျန်ရှိပါတော့တယ်။

Photo Credit: Football London.com

ဆိုဆက် > ဝက်ဟမ်း

ယူနိုက်တက်နဲ့အဲဗာတန်အသင်းရဲ့ နည်းပြဟောင်း မိုရက်စ်ဟာ လက်ရှိမှာတော့ ဝက်ဟမ်းအသင်းကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေသူပါ။ ယနေ့မနက်မှာတော့ ဝက်စ်ဟမ်းဟာ ဆလားဗီးယားရဲ့ အသင်းခေါင်းဆောင် ဆိုဆက်ကို ခေါ်ယူဖို့အတ​ွက် သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။