လက္ရွိေဘာလုံးရာသီမွာ တန္းတက္လာတဲ့ ေနာဝွစ္ခ်္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္မွာ ေတာက္ပေနတဲ့ ကစားသမားသုံးဦးရွိပါတယ္​။ အဆိုပါကစားသမားေတြကေတာ့ တိုက္စစ္မွူး ပြတ္ကီ ၊ ကြင္းလယ္ကစားသမား ကန႔္ဝဲလ္နဲ႔ ခံစစ္ကစားသမား မက္စ္အာရြန္တို႔ပဲ ျဖစ္ၾကပါတယ္။

Photo Credit: Sky Sports.com

အဲ့ဒီကစားသမားေတြထဲမွာမွ အသက္ ၂၀ အရြယ္သာရွိေသးတဲ့ မက္စ္အာရြန္ဟာ လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္ ထိပ္တန္းအသင္းႀကီးေတြရဲ့ ၾကားမွာ ေရပန္းစားေနတဲ့ ကစားသမား တစ္ဦးလည္း ျဖစ္ပါတယ္။ ေနာဝွစ္ခ်္အသင္းဟာ လက္ရွိအခ်ိန္မွာ အမွတ္ေပးဇယားရဲ့ အဆင့္၂၀ေနရာမွာ ရပ္တည္ေနခဲ့ေပမယ့္ ညာေနာက္ခံလူအျဖစ္ ကစားေနတဲ့ အာရြန္ရဲ့ ေျခစြမ္းကေတာ့ ေကာင္းမြန္တဲ့ အေနအထားမွာ ရွိေနပါတယ္။

Photo Credit: Sky Sports.com

ဒါ့ေၾကာင့္လည္း လန္ဒန္အေျခစိုက္ အသင္းေတြျဖစ္ၾကတဲ့ အာဆင္နယ္နဲ႔ စပါးအသင္းတို႔ဟာ အာရြန္ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနၾကၿပီး လာမယ့္ေႏြရာသီ အေျပာင္းအေရႊ႕မွာ စတင္ၿပီးေတာ့ ကမ္းလွမ္းမွုေတြ ျပဳလုပ္မယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။ ဒါေပမယ့္ ယေန႔ မနက္ပိုင္းမွာ ထြက္ေပၚလာတဲ့သတင္းေတြအရ ဘြန္ဒက္စ္လီဂါ အင္အားႀကီးအသင္းျဖစ္တဲ့ ေဒါ့မြန္အသင္းဟာ အာရြန္ကို ေခၚယူဖို႔အတြက္ ႀကိဳးစားလာတယ္လို႔ သိရပါတယ္။

Photo Credit: Sky Sports.com

အသက္၂၀အရြယ္ အာရြန္အတြက္ ေနာဝွစ္ခ်္အသင္းဟာ ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္ ၃၀သန္းဝန္းက်င္ အလိုရွိေနတာျဖစ္ၿပီး ေဒါ့မြန္အသင္းဘက္ကလည္း အဆိုပါပမာဏကို ေပးေခ်ဖို႔အတြက္ လက္တြန႔္ျခင္းမရွိဘူးလို႔ သိရပါတယ္။ လက္ရွိမွာ အေျပာင္းအေရႊ႕ကိစၥဟာ ေဆြးေႏြးေနဆဲျဖစ္တာေၾကာင့္ ဘယ္လိုေတြ ျဖစ္လာဦးမလဲဆိုတာ ေစာင့္ၾကည့္သြားရမွာပဲ ျဖစ္ပါတယ္။

လက်ရှိဘောလုံးရာသီမှာ တန်းတက်လာတဲ့ နောဝှစ်ချ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ တောက်ပနေတဲ့ ကစားသမားသုံးဦးရှိပါတယ်​။ အဆိုပါကစားသမားတွေကတော့ တိုက်စစ်မှူး ပွတ်ကီ ၊ ကွင်းလယ်ကစားသမား ကန့်ဝဲလ်နဲ့ ခံစစ်ကစားသမား မက်စ်အာရွန်တို့ပဲ ဖြစ်ကြပါတယ်။

Photo Credit: Sky Sports.com

အဲ့ဒီကစားသမားတွေထဲမှာမှ အသက် ၂၀ အရွယ်သာရှိသေးတဲ့ မက်စ်အာရွန်ဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးတွေရဲ့ ကြားမှာ ရေပန်းစားနေတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ နောဝှစ်ချ်အသင်းဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့်၂၀နေရာမှာ ရပ်တည်နေခဲ့ပေမယ့် ညာနောက်ခံလူအဖြစ် ကစားနေတဲ့ အာရွန်ရဲ့ ခြေစွမ်းကတော့ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေပါတယ်။

Photo Credit: Sky Sports.com

ဒါ့ကြောင့်လည်း လန်ဒန်အခြေစိုက် အသင်းတွေဖြစ်ကြတဲ့ အာဆင်နယ်နဲ့ စပါးအသင်းတို့ဟာ အာရွန်ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပြီး လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ စတင်ပြီးတော့ ကမ်းလှမ်းမှုတွေ ပြုလုပ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ယနေ့ မနက်ပိုင်းမှာ ထွက်ပေါ်လာတဲ့သတင်းတွေအရ ဘွန်ဒက်စ်လီဂါ အင်အားကြီးအသင်းဖြစ်တဲ့ ဒေါ့မွန်အသင်းဟာ အာရွန်ကို ခေါ်ယူဖို့အတွက် ကြိုးစားလာတယ်လို့ သိရပါတယ်။

Photo Credit: Sky Sports.com

အသက်၂၀အရွယ် အာရွန်အတွက် နောဝှစ်ချ်အသင်းဟာ ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၃၀သန်းဝန်းကျင် အလိုရှိနေတာဖြစ်ပြီး ဒေါ့မွန်အသင်းဘက်ကလည်း အဆိုပါပမာဏကို ပေးချေဖို့အတွက် လက်တွန့်ခြင်းမရှိဘူးလို့ သိရပါတယ်။ လက်ရှိမှာ အပြောင်းအရွှေ့ကိစ္စဟာ ဆွေးနွေးနေဆဲဖြစ်တာကြောင့် ဘယ်လိုတွေ ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။