ဂျုဗင်တပ်စ်အသင်းရဲ့ နည်းပြဖြစ်သူ မက်စ်အယ်လီဂရီက တူရင်ကို ပြန်လာပြီး ဂျုဗင်တပ်စ်အသင်းကို ပြန်လည် တာဝန်ယူ မကိုင်တွယ်ခင်မှာ လာလီဂါထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှု ရရှိခဲ့ပြီး အသင်းကို ကိုင်တွယ်ဖို့အတွက်ပါ သဘောတူညီမှု ရယူနိုင်ခဲ့သေးပေမယ့် နောက်ဆုံးမှာတော့ သူရဲ့အသင်းဟောင်း ဂျုဗင်တပ်စ်ကိုပဲ ရွေးချယ်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ALLEGRI: “WE ALWAYS AIM TO WIN” - Juventus

Photo Credit : Juventus

အီတလီလူမျျိုး နာမည်ကျော် ဘောလုံးနည်းပြ အယ်လီဂရီဟာ ၂၀၁၉ခုနှစ်ကမှ ဂျုဗင်တပ်စ်အသင်းကနေ ထွက်ခွာခဲ့ပြီး အချိန်တစ်ခုထိ အနားယူခဲ့သလို ဥရောပ ကလပ်အသင်းများစွာနဲ့လည်း သတင်းထွက်ခဲ့ရပေမယ့်လည်း ၂၀၂၁ခုနှစ်မှာ အသင်းဟောင်း ဂျုဗင်တပ်စ်ဆီကိုသာ ပြန်လည်ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အယ်လီဂရီဟာ ဂျုဗင်တပ်စ်အသင်းဆီ ပြန်လည်မရောက်လာခင်မှာ နည်းပြသစ် လိုအပ်နေတဲ့ ရီးယဲလ်အသင်းကို ကိုင်တွယ်ဖို့ ဆွေးနွေးခဲ့ဖူးပြီး ရီးယဲလ်အသင်းရဲ့ ကမ်းလှမ်းချက်ကို သဘောတူညီခဲ့ပေမယ့် နောက်ဆုံးအခြေအနေမှာ ရီးယဲလ်အသင်းထက် သူရဲ့အသင်းဟောင်း ဂျုဗင်တပ်စ်ကိုသာ ပြန်လည်ရွေးချယ်သွားဖို့ ဆုံးဖြတ်လိုက်ရတာလို့ အယ်လီဂရီကိုယ်တိုင် ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Allegri still angry over Juventus failings as Cuadrado strike sinks  Fiorentina

Photo Credit : Bein Sports

နည်းပြအယ်လီဂရီက “ပြီးခဲ့တဲ့ နွေရာသီက ရီးယဲလ်မက်ဒရစ် နည်းပြသစ်အဖြစ် ကျွန်တော် လက်မှတ်ရေးထိုးခဲ့ပြီးသားပါ။ အဲ့ဒါက ပြီးမြောက်လုနီးပါးပါပဲ။ အဲ့ဒီနောက်တော့ ဂျုဗင်တပ်စ်အသင်းက ကျွန်တော့်ကို ဆက်သွယ်လာခဲ့တယ်။ ဒါကြောင့် မနက်ပိုင်းမှာပဲ ဖလော်ရန်တီနိုပီရက်ဇ်ကို ဖုန်းဆက်ပြီး ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော် ရီးယဲလ်အသင်းဆီကို မလာနိုင်တော့ပါဘူး ကျွန်တော် ဂျုဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ပါတော့မယ််လို့ အကြောင်းကြားခဲ့တယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ဆုံးချိန်မှာပဲ အသင်းနည်းပြဇီဒန်းကို လက်လွတ်ခဲ့ရတာမို့ ဇီဒန်းနေရာမှာ ပြန်လည်အစားထိုးဖို့အတွက် အယ်လီဂရီကို ချိတ်ဆက်ခဲ့ပေမယ့် အယ်လီဂရီရဲ့ ဆုံးဖြတ်ချက် ပြောင်းလဲသွားတာကြောင့် နောက်ထပ် အီတလီလူမျိုး ဝါရင့်ဘောလုံးနည်းပြကြီး ကားလို့အန်စလော့တီကိုသာ ပြန်လည်တာဝန်ပေးလိုက်ရတာ ဖြစ်ပါတယ်။ လက်ရှိမှာ အန်စလော့တီက ရီးယဲလ်အသင်းကို စပိန်လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေနိုင်အောင် စွမ်းဆောင်ပေးထားပေမယ့် အယ််လီဂရီကတော့ ဂျုဗင်တပ်စ်အသင်းကို စီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက မီလန်နဲ့ (၇)မှတ်အထိကို ကွာဟလျက် ရှိနေရပါတယ်။