MySport Myanmar

ဇနီးသည် ဝမ်ဒါနာရာကို အေးဂျင့်ရာထူးကနေ ထုတ်ပယ်လိုက်တဲ့ အီကာဒီ

တူရကီထိပ်သီးကလပ် ဂါလာတာစာရေးအသင်းမှာ ပါဝင်ကစားနေတဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား အီကာဒီဟာ သူရဲ့ဇနီးသည်းလည်းဖြစ် အေးဂျင့်လည်းဖြစ်တဲ့ ဝမ်ဒါနာရာနဲ့ လင်ခန်းမယားခန်း ဖျက်သိမ်းမယ့် အခြေအနေမှာ ရှိနေသလို ဝမ်ဒါကိုလည်း သူရဲ့အေးဂျင့်ရာထူးကနေပါ ထုတ်ပယ်လိုက်ပြီ ဖြစ်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : The Sun

သတင်းတွေမှာ ဖော်ပြချက်အရတော့ အီကာဒီအနေနဲ့ ဒီနှစ်ရဲ့ နွေဈေးကွက်အတွင်း ပီအက်စ်ဂျီအသင်းကနေ ဂါလာတာစာရေးအသင်းဆီ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ရမှာ ဝမ်ဒါက အီကာဒီဆီကနေ အေးဂျင့်ခ ယူရိုတစ်သန်း တောင်းဆိုရာကနေ နောက်ဆုံးမှာ ဝမ်ဒါကို အေးဂျင့်ရာထူးကနေ ထုတ်ပယ်ဖို့အထိ အကြောင်းဖန်လာခဲ့ရတယ်လို့ သိရပါတယ်။ ဒီလို အခြေအနေမျိုး မကြုံရသေးခင်မှာလည်း အီကာဒီနဲ့ ဝမ်ဒါတို့ လင်မယားနှစ်ဦးဟာ ကွာရှင်းပြတ်စဲဖို့အတွက်ပါ စီစဉ်မှုတွေ ရှိနေတယ်လို့ သတင်းများစွာမှာ ဖော်ပြနေကြပါတယ်။

Photo Credit : The Sun

အသက်(၃၅)နှစ်အရွယ်ရှိ ဝမ်ဒါက သူမအနေနဲ့ သူမခင်ပွန်း အီကာဒီကို ပဲရစ်ကနေ အစ္စတန်ဘူလ်ဆီ အဆင်ပြေ ချောမွေ့စွာ ပို့ဆောင်ပေးထားနိုင်တဲ့အတွက် အေးဂျင့်ခအဖြစ် ပေါင်(၈၇၀၀၀၀) ယူရိုတစ်သန်းကို အလျင်အမြန် အလိုရှိနေပေမယ့် အီကာဒီကတော့ ဝမ်ဒါရဲ့ တောင်းဆိုမှုဟာ မှားယွင်းနေတယ်ဆိုပြီး ပေးချေဖို့ကို ငြင်းဆန်ခဲ့သလို အေးဂျင့်အလုပ်ကနေ ရပ်ဆိုင်းဖို့ပါ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အီကာဒီတို့နှစ်ဦး ပြီးခဲ့တဲ့နှစ် အောက်တိုဘာတုန်းကလည်း အခုလို အကွဲအပြဲတွေ ဖြစ်ခဲ့ရပြီးနောက်ပိုင်း ပြန်လည် ပြေလည်သွားခဲ့ပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလမှာပဲ သူတို့နှစ်ဦး ထပ်မံ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ဝမ်ဒါက သူမရဲ့ အင်စတာဂရမ်ပေါ်မှာ ဖော်ပြသွားခဲ့ရင်း သူမတို့နှစ်ဦးရဲ့ နှစ်ကြာရှည်တဲ့ relationship ကြီးကို အဆုံးသတ်ရလိုက်တဲ့အတွက် နာကျင်မိတယ်လို့ပါ ဖော်ပြထားခဲ့ပါတယ်။ အီကာဒီဟာ သူရဲ့ဆမ်ဒိုးရီးယား အသင်းဖော်ဟောင်း မက်ဆီလိုပက်ဇ်ရဲ့ ဇနီးဟောင်း ဝမ်ဒါနဲ့ ၂၀၁၄ခုနှစ် မေလမှာ လက်ထပ်ခဲ့တာဖြစ်ပြီး ၂၀၁၅ခုနှစ်နဲ့ ၂၀၁၆ခုနှစ်တွေမှာ သမီးတစ်ဦးစီ ဖွားမြင်ခဲ့ပါတယ်။

Exit mobile version