ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား မော်ရိုအီကာဒီကို အသင်းကနေ ရှင်းထုတ်သွားနိုင်ဖို့ စီစဉ်လျက်ရှိနေရာ အခုနှစ် နွေဈေးကွက်အတွင်းမှာပဲ ပရီးမီးယားလိဂ်ကလပ် ဝုလ်ဗ်အသင်းဆီ ရောင်းချသွားနိုင်ဖို့အတွက် ဝုလ်ဗ်အသင်းနဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေတဲ့ အေးဂျင့်ဂျော့မန်ဒက်စ်ကို အကူအညီတောင်းခံထားတယ်လို့ သိရှိရပါတယ်။

Mauro Icardi among players PSG could struggle to move on – Get French  Football News

Photo Credit : Get French Football News

အသက်(၂၉)နှစ်အရွယ်ရှိ အင်တာမီလန် တိုက်စစ်ကစားသမားဟောင်း အီကာဒီဟာ အင်တာမှာ ရှိစဉ်အခါတုန်းက တကယ့်ကို အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ တိုက်စစ်မှူးကောင်းတစ်ဦး ဖြစ်ခဲ့ပေမယ့်လည်း ပီအက်စ်ဂျီကို ရောက်လာချိန်မှာတော့ ပုံမှန်ခြေစွမ်း ပြသနိုင်ဖို့ရော ပုံမှန်နေရာ ရရှိဖို့ပါ ရုန်းကန်လာခဲ့ရသလို မနှစ်က ဘောလုံးရာသီမှာလည်း ပြိုင်ပွဲစုံကို (၅)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အီကာဒီဟာ ပီအက်စ်ဂျီနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် အသင်းဘက်က သူ့ကို အလိုမရှိတော့တာကြောင့် အီကာဒီရဲ့ အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့အတွက် စူပါအေးဂျင့် ဂျော့မန်ဒက်စ်ကို အကူအညီတောင်းထားတာဖြစ်ပြီး မန်ဒက်စ်နဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေတဲ့ ဝုလ်ဗ်အသင်းဆီ ရောင်းချချင်နေပါတယ်။

Report: Mauro Icardi Has No Intention to Leave PSG

Photo Credit : Psgtalk

ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ မန်ဒက်စ်ဟာ ပေါ်တူဂီနိုင်ငံသားဖြစ်သလို ပေါ်တူဂီ ကစားသမား အများအပြားကို ပိုင်ဆိုင်ထားတဲ့ ဝုလ်ဗ်အသင်းနဲ့လည်း ဆက်ဆံရေးကောင်းတွေ ရှိလို့နေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြောင့် အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တိုင်းမှာ ဝုလ်ဗ်အသင်းကို မန်ဒက်စ်က ဆက်သွယ်တတ်ပြီး ကစားသမား အပြောင်းအရွှေ့တွေအတွက် ပံ့ပိုးလုပ်ဆောင်ပေးနေတာဖြစ်လို့ ဒါကို သိထားတဲ့ ပီအက်စ်ဂျီအသင်းက မန်ဒက်စ်ကို ဆက်သွယ်ပြီး သူတို့အသင်းကနေ ရှင်းထုတ်ချင်နေတဲ့ အီကာဒီကို ဝုလ်ဗ်အသင်းဆီ ရောင်းချပေးဖို့ အကူအညီတောင်းလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဝုလ်ဗ်အသင်းက လက်ရှိအနေအထားအရ တိုက်စစ်ကစားသမားတစ်ဦး မလိုအပ်သေးတဲ့အပြင် အီကာဒီရဲ့ တစ်ပတ်လုပ်ခကလည်း ပေါင်(၁၆၀၀၀၀)လောက်အထိတောင် ရှိနေသလို သူရဲ့အေးဂျင့်လည်းဖြစ် မိန်းမလည်းဖြစ်တဲ့ ဝန်ဒါနာရာနဲ့ပါ ညှိနိူင်းရမလွယ်နိုင်တာကြောင့် အီကာဒီကို ခေါ်ယူသွားဖို့ဆိုတာက မဖြစ်နိုင်သလောက်ကို ရှိနေပါတယ်။ ပီအက်စ်ဂျီဘက်ကတော့ အီကာဒီကိုသာ ရှင်းထုတ်နိုင်ခဲ့မယ်ဆိုရင် သူ့နေရာမှာ အစားထိုးဖို့အတွက် ဆာဆူအိုလိုရဲ့ အီတလီ တိုက်စစ်ကစားသမား ဆကာမာကာကို ပြန်ခေါ်ယူသွားမှာ ဖြစ်ပါတယ်။