နည္းျပ ဆာရီက ေရာ္နယ္ဒိုကို မက္ဆီလို ဘလြန္းဒီေအာ္ဆု (၆) ႀကိမ္ေျမာက္ ရရွိေအာင္ ကူညီေပးခ်င္တယ္လို႔ ေျပာခဲ့ၿပီး တိုက္စစ္မႉး ေရာ္နယ္ဒိုက လက္ရွိအခ်ိန္မွာ ဘလြန္းဒီေအာ္ဆုကို (၅) ႀကိမ္ ရရွိထားပါတယ္။ ဘာစီလိုနာ တိုက္စစ္မႉး မက္ဆီဟာ (၂၀၁၉) ခုႏွစ္ ဘလြန္းဒီေအာ္ဆုကို ရရွိခဲ့တာေၾကာင့္ (၆) ႀကိမ္ေျမာက္ရရွိသြားၿပီး (၅) ႀကိမ္အထိ ရရွိထားတဲ့ ဂ်ဳဗင္တပ္ တိုက္စစ္မႉး ေရာ္နယ္ဒိုကို ေက်ာ္လ်က္၊ ဘလြန္းဒီေအာ္ဆု အမ်ားဆုံး ရရွိတဲ့ ကစားသမား ျဖစ္လာပါတယ္။

Photo Credit: bleacherreport

တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ (၂၀၁၉) ခုႏွစ္ ဘလြန္းဒီေအာ္ဆု အဆင့္သတ္မွတ္ခ်က္မွာ အဆင့္ (၁) ေနရာက ဘာစီလိုနာ တိုက္စစ္မႉး မက္ဆီ နဲ႔ အဆင့္ (၂) ေနရာက လီဗာပူးလ္ ေနာက္ခံလူ ဗန္ဒိုက္တို႔ရဲ႕ ေနာက္ အဆင့္ (၃) ေနရာမွာ ရပ္တည္ခဲ့တာပါ။ ေရာ္နယ္ဒိုဟာ (၂၀၂၀) ခုႏွစ္မွာေတာ့ ေျခစြမ္းျပလ်က္ ရွိၿပီး (၂၀၂၀) ခုႏွစ္မွာ ပြဲစဥ္ (၂) ပြဲ ကစားရာမွာ (၄) ဂိုး သြင္းယူခဲ့တာေၾကာင့္ နည္းျပ ဆာရီက ဘလြန္းဒီေအာ္ဆု (၆) ႀကိမ္ေျမာက္ ရရွိဖို႔ ကူညီေပးမယ္လို႔ ေျပာသြားပါတယ္။

Photo Credit: bleacherreport

Sacha Pisani မွာ နည္းျပ ဆာရီက “ကြၽန္ေတာ္ အရင္ဆုံး ေရာ္နယ္ဒိုကို ဘလြန္းဒီေအာ္ဆု (၆) ႀကိမ္ ရရွိေအာင္ ကူညီေပးခ်င္ပါတယ္။ အျခားသူ တစ္ဦးက ေရာ္နယ္ဒိုထက္ ဘလြန္းဒီေအာ္ဆု ပိုရတယ္လို႔ ေတြးလိုက္တိုင္း စိတ္ရႈပ္မိပါတယ္။ ကြၽန္ေတာ္ ေရာ္နယ္ဒိုအေၾကာင္း ေတြးပါတယ္။ ေနာက္ၿပီး သူ႔ကို ကူညီဖို႔ ေတြးတယ္။ ဒါကေတာ့ ကြၽန္ေတာ့္ရဲ႕ ရည္႐ြယ္ခ်က္ ျဖစ္ၿပီး အသင္းရဲ႕ရည္မွန္းခ်က္ပါ။ ဒါက ေရာ္နယ္ဒိုအတြက္ ေကာင္းမြန္ပါလိမ့္မယ္”လို႔ ေျပာသြားတာ ျဖစ္ပါတယ္။

{Unicode}

နည်းပြ ဆာရီက ရော်နယ်ဒိုကို မက်ဆီလို ဘလွန်းဒီအော်ဆု (၆) ကြိမ်မြောက် ရရှိအောင် ကူညီပေးချင်တယ်လို့ ပြောခဲ့ပြီး တိုက်စစ်မှူး ရော်နယ်ဒိုက လက်ရှိအချိန်မှာ ဘလွန်းဒီအော်ဆုကို (၅) ကြိမ် ရရှိထားပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ (၂၀၁၉) ခုနှစ် ဘလွန်းဒီအော်ဆုကို ရရှိခဲ့တာကြောင့် (၆) ကြိမ်မြောက်ရရှိသွားပြီး (၅) ကြိမ်အထိ ရရှိထားတဲ့ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုကို ကျော်လျက်၊ ဘလွန်းဒီအော်ဆု အများဆုံး ရရှိတဲ့ ကစားသမား ဖြစ်လာပါတယ်။

Photo Credit: bleacherreport

တိုက်စစ်မှူး ရော်နယ်ဒိုဟာ (၂၀၁၉) ခုနှစ် ဘလွန်းဒီအော်ဆု အဆင့်သတ်မှတ်ချက်မှာ အဆင့် (၁) နေရာက ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ နဲ့ အဆင့် (၂) နေရာက လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက်တို့ရဲ့ နောက် အဆင့် (၃) နေရာမှာ ရပ်တည်ခဲ့တာပါ။ ရော်နယ်ဒိုဟာ (၂၀၂၀) ခုနှစ်မှာတော့ ခြေစွမ်းပြလျက် ရှိပြီး (၂၀၂၀) ခုနှစ်မှာ ပွဲစဉ် (၂) ပွဲ ကစားရာမှာ (၄) ဂိုး သွင်းယူခဲ့တာကြောင့် နည်းပြ ဆာရီက ဘလွန်းဒီအော်ဆု (၆) ကြိမ်မြောက် ရရှိဖို့ ကူညီပေးမယ်လို့ ပြောသွားပါတယ်။

Photo Credit: bleacherreport

Sacha Pisani မှာ နည်းပြ ဆာရီက “ကျွန်တော် အရင်ဆုံး ရော်နယ်ဒိုကို ဘလွန်းဒီအော်ဆု (၆) ကြိမ် ရရှိအောင် ကူညီပေးချင်ပါတယ်။ အခြားသူ တစ်ဦးက ရော်နယ်ဒိုထက် ဘလွန်းဒီအော်ဆု ပိုရတယ်လို့ တွေးလိုက်တိုင်း စိတ်ရှုပ်မိပါတယ်။ ကျွန်တော် ရော်နယ်ဒိုအကြောင်း တွေးပါတယ်။ နောက်ပြီး သူ့ကို ကူညီဖို့ တွေးတယ်။ ဒါကတော့ ကျွန်တော့်ရဲ့ ရည်ရွယ်ချက် ဖြစ်ပြီး အသင်းရဲ့ရည်မှန်းချက်ပါ။ ဒါက ရော်နယ်ဒိုအတွက် ကောင်းမွန်ပါလိမ့်မယ်”လို့ ပြောသွားတာ ဖြစ်ပါတယ်။