အက်စပန်ညို ဆောက်သမ်တန်နဲ့ စပါးအသင်းတိုရဲ့နည်းပြဟောင်းဖြစ်တဲ့ မာရီစီယိုပိုချက်တီနိုဟာ နယူးကာဆဲလ်ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာလိမ့်မယ်လို့ သတင်းတွေ များစွာထွက်ပေါ်ခဲ့ပြီး အခုအခါမှာတော့ ပေါ်တူဂီထိပ်သီး ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဘင်ဖီကာအသင်းနဲ့ အံ့အားသင့်စဖွယ် သတင်းထွက်ပေါ်လာခဲ့ပြီး ဘင်ဖီကာနည်းပြသစ်ရာထူးကို လက်ခံသွားဖို့အတွက် အသင်းတာဝန်ရှိသူတွေနဲ့ တွေ့့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်လျက်ရှိနေပြီလို့ သိရှိရပါတယ်။

Photo Credit : Goal

အာဂျင်တီးနားလူမျိုး စပါးနည်းပြဟောင်း ပိုချက်တီနိုဟာ စပါးအသင်းကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်း ဘယ်အသင်းကိုမှ တာဝန်ယူကိုင်တွယ်ခြင်းမရှိသေးပဲ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သလို သိပ်မကြာသေးခင်ကလည်း ပိုင်ရှင်အပြောင်းအလဲဖြစ်တော့မယ့် နယူးကာဆဲလ်အသင်းနဲ့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ပေါ်တူဂီဘက်ကနေ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ပိုချက်တီနိုဟာ ပေါ်တူဂီထိပ်သီး ဘင်ဖီကာအသင်းရဲ့ နည်းပြရာထူးကို တာဝန်ယူဖို့အတွက် ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ သိရှိရပြီး ပိုချက်တီနိုအနေနဲ့လည်း လာမယ့်ရာသီလောက်မှာပဲ ဘောလုံးလောကထဲကို ပြန်လည်ဝင်ရောက်လာဖွယ်ရှိနေပါတယ်။

Photo Credit : Bein Sports

အသက်(၄၈)နှစ်အရွှယ်ရှိ နည်းပြပိုချက်တီနိုဟာ ၂၀၀၉ခုနှစ်မှာပဲ အက်စပန်ညိုအသင်းကို နည်းပြအဖြစ် စတင်ကိုင်တွယ်ခဲ့ပြီး နည်းပြလောကထဲကို စတင်ဝင်ရောက်လာခဲ့ကာ ၂၀၁၃ခုနှစ်မှာတော့ ဆောက်သမ်တန်ကို ပြောင်းလဲကိုင်တွယ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၄ခုနှစ်မှာ စပါးအသင်းကို စတင်ရောက်ရှိလာခဲ့ပြီး အသင်းကို အကောင်းဆုံးအသင်းတစ်သင်းဖြစ်လာအောင် တည်ဆောက်ပေးခဲ့ပြီး ကိုင်တွယ်ခဲ့တဲ့ (၅)ရာသီအတွင်းမှာ (၄)ရာသီလုံး ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ခဲ့သလို မနှစ်က ဘောလုံးရာသီမှာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအထိ တတ်လှမ်းနိုင်အောင်ပါ ဆောင်ရွှက်ပေးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအစမှာ စပါးအသင်းရဲ့ ရလဒ်တွေ မတည်မငြိမ် ဖြစ်နေရသလို လိဂ်ဖလားပြိုင်ပွဲမှာလည်း အသင်းငယ်လေးကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာလိုက်ရတာကြောင့် အသင်းတာဝန်ရှိသူတွေက ပိုချက်တီနိုကို အသင်းကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ချက်လိုက်ရပြီး ဟိုဆေးမော်ရင်ဟိုနဲ့ အစားထိုးလိုက်ရတာဖြစ်ပါတယ်။