ပီအက်စ်ဂျီအသင်းနည်းပြ မာရီစီယိုပိုချက်တီနိုဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ သူရဲ့လက်ရှိကလပ်ကနေ စွန့်ခွာပြီး သူနဲ့ သတင်းအထွက်ဆုံး ဖြစ်လို့နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြောင်းလဲကိုင်တွယ်ရမယ့် အခြေအနေမျိုး ရှိနေပေမယ့်လည်း ယူနိုက်တက်ဘက်က ရာသီမကုန်ဆုံးခင်မှာပဲ အေဂျက်စ်နည်းပြ အဲရစ်တန်ဟက်ဂ်ကို အသင်းနည်းပြအဖြစ် တရားဝင် ခန့်အပ်လိုက်တဲ့ လုပ်ရပ်အပေါ်ကိုတော့ ပိုချက်တီနိုကိုယ်တိုင် မယုံကြည်လောက်အောင် အံ့အားသင့်နေရတယ်လို့ သိရှိရပါတယ်။

Mauricio Pochettino has been left stunned at missing out on the Man Utd job

Photo Credit : The Sun

ဒီနှစ်ဘောလုံးရာသီအကုန်မှာ နည်းပြသစ်တစ်ဦးမ မဖြစ်မနေ ခန့်အပ်သွားဖို့ လိုအပ်နေတဲ့ ယူနိုက်တက်အသင်းဟာ စပါးအသင်း နည်းပြဟောင်း ပိုချက်တီနိုကို ဦးစားပေး ပစ်မှတ်ထားနေတာ ဖြစ်သလို ပိုချက်ကိုယ်တိုင်ကလည်း ပီအက်စ်ဂျီမှာ အနာဂတ် မရေမရာ ဖြစ်နေရတဲ့ အခြေအနေတွေကြောင့် ပိုချက်တီနိုဟာ ယူနိုက်တက်နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက် တာဝန်ရှိသူနဲ့ ပိုချက်တီနိုရဲ့အေးဂျင့်တို့ကြားမှာပါ ပုဂ္ဂိုလ်ရေးဆိုင်ရာ စည်းကမ်းချက်တွေအကြောင်းကို ဆွေးနွေးခဲ့ပြီး ပိုချက်တီနိုကိုယ်တိုင်ကလည်း မန်ချက်စတာမြို့မှာ နေထိုင်ဖို့အတွက် အချက်အလက်တွေကို လွန်ခဲ့တဲ့ (၂)လလောက်ကတည်းက စုဆောင်းခဲ့တယ်လို့ သိရပါတယ်။

Man Utd interview Erik ten Hag over manager's role - Mauricio Pochettino  set to follow

Photo Credit : 90Min

ဒါပေမယ့် နောက်ပိုင်းမှာတော့ ယူနိုက်တက်အသင်းဘက်က ပိုချက်တီနိုထက် တန်ဟက်ဂ်ကို နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ ပိုမိုဦးစားပေး လုပ်ဆောင်လာခဲ့ပြီး ဒီလို အခြေအနေမျိုး ရှိနေတယ်ဆိုတာကိုလည်း ယူနိုက်တက်ဘက်ကနေ အသိပေးခြင်း မရှိခဲ့ဘူးလို့ ပိုချက်တီနိုက စွပ်စွဲပြောဆိုခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ယူနိုက်တက်အသင်းဟာ ဒတ်ချ်လူမျိုး ဘောလုံးနည်းပြ တန်ဟက်ဂ်ကို အသင်းရဲ့ နည်းပြသစ်အဖြစ် (၃)နှစ်စာချုပ်နဲ့ ခန့်အပ်သွားဖို့ အတည်ပြုနိုင်ခဲ့ပြီဖြစ်လို့ အခုလို ယူနုုိက်တက်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ပိုချက်တီနိုက မယုံနိုင်ခဲ့လောက်အောင်် အံ့အားသင့်နေရပါတယ်။ အာဂျင်တီးနားလူမျိုး ဘောလုံးနည်းပြ ပိုချက်တီနိုဟာ စပါး ဆောက်သမ်တန်အသင်းတွေနဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး စပါးအသင်းကိုလည်း သူရဲ့လက်ထက်မှာ နှစ်တိုင်းနီးပါး ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဒုတိယနေရာထိ ရရှိအောင် ကြိုးပမ်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့လက်ရှိကလပ် ပီအက်စ်ဂျီအသင်းမှာတော့ ရုန်းကန်မှုတွေ ရှိနေရပြီး ရာသီအကုန်မှာပဲ အသင်းနဲ့ လမ်းခွဲရဖွယ် ရှိနေရပါတယ်။