လက်ရှိကမ္ဘာပေါ်မှာ ဖြစ်ပွားလျက်ရှိနေတဲဲ့ ကူးစက်ရောဂါဆိုးကြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာအရပ်ရပ်မှာ လူပေါင်းများစွာ အသက်ဆုံးရှံးခဲ့ရသလို စီးပွားရေးတွေ ကျဆင်းလာခဲ့တာကြောင့် စားရေးသောက်ရေးတွေအထိ ကျပ်တည်းလာခဲ့ရာကာ အကုန်လုံးနီးပါး ဒုက္ခအတိနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ ဒီလိုပါပဲ ဘောလုံးနယ်ပယ်တစ်ခုလုံးဟာလည်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရိုက်ခတ်မှုဒဏ်တွေကို ခံစားနေရပြီး ဘောလုံးပွဲတွေ ရပ်နားထားခဲ့ရသလို ဘောလုံးသမားတွေ နည်းပြအချို့တွေပါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရလို့ ကုသမှုတွွေကို ခံယူနေရကာ အသက်အန္တရာယ်မဖြစ်အောင် နေထိုင်လို့နေရပါတယ်။

Photo Credit : Transfermarket

ဂျုဗင်တပ်စ်အသင်းဆိုရင်လည်း အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ခံစားချိန်မှာပဲ သူတို့အသင်းပါ ကိုရိုနာဗိုင်းရပ်စ်ဂယက်နဲ့ ရင်ဆိုင်ခဲ့ရပြီး နောက်ခံလူရူဒီဂါ ကွင်းလယ်လူမာတွီဒီနဲ့ တောင်ပံတိုက်စစ်ကစားသမား ဒီဘားလားတို့ Covid 19 Positive ဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ မာတွီဒီနဲ့ ရူဒီဂါတို့နှစ်ယောက်က Positive ကနေ Negative အခြေအနေပြန်ရောက်သွားခဲ့လို့ ရောဂါပျောက်သွားခဲ့ပေမယ့်လည်း ဒီဘားလားကတော့ Positive ဖြစ်နေဆဲဖြစ်ပြီး ဆက်လက်ကုသလို့နေရပါတယ်။ ပြန်လည်သက်သာလာခဲ့တဲ့ မာတွီဒီက သူရဲ့ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့အပေါ် ပြန်လည်ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal.com

မာတွီဒီက “အရိုးသားဆုံး ဝန်ခံရမယ်ဆိုရင်တော့ အရမ်းကို ခက်ခဲလွန်းခဲ့တာပေါ့။ စစ်ဆေးမှုအဖြေထွက်ချိန် ကျွန််တော့်ဆီမှာ ဗိုင်းရပ်စ်ကူးစက်နေပြီဆိုတာကို သိလိုက်ရတော့ ကျွန်တော့်အတွက် လိုအပ်တာတွေကိုတောင် ထွက်မဝယ်ရဲတော့ဘူး။ ဒီဗိုင်းရပ်စ်က ကျွန်တော့်ကို စိတ္တဇသမားတစ်ယောက်လိုဖြစ်အောင်ကို ဖန်တီးခဲ့တယ်။ ခင်ဗျားဆိုရင် အဲ့ဒီလိုအခြေအနေမှာရောက်နေပြီဆိုရင် လူတွေနဲ့ နီးနီးကပ်ကပ် နေမိမှာမဟုတ်တော့ဘူးလေ။ နောက်ပြီးတော့ စိတ်အနေအထားကိုလည်း အသန်မာဆုံးဖြစ်အောင်လည်း လုပ်ဆောင်ထားရပါမယ်။ လုံးဝကြီး ပျောက်ကင်းနိုင်ဖို့ဆိုတာ အချိန်ယူရဦးမယ်။ ဒီဗိုင်းရပ်စ် လူသားတွေအတွက် အသစ်အဆန်းတစ်ခုဆိုတော့လေ။ ကျွန်တော်ပိုးကူးတုန်းကတော့ ဘာလက္ခဏမှ မခံစားခဲ့ရပါဘူး။ ဒါပေမယ့် ကူးနေပြီဆိုတာ သိသိချင်းမှာတော့ အရမ်းကို လှန့်ဖြတ်သွားခဲ့ရတယ်။ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီကိုပါ ကျွန်တော့်ဆီကနေ ကူးစက်သွားမလားဆိုပြီးတော့လည်း စိုးရိမ်ခဲ့ရသေးတယ်။ အခုကတော့ အားလုံးအတွက် အချိန်ကောင်းမဟုတ်သေးပဲ မကြာခင်မှာတော့ အဆုံးသတ်နိုင်ခဲ့မယ်လို့ ထင်ရပါတယ်” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။