MySport Myanmar

ဒီနှစ်ရဲ့ ဘာလွန်းဒေါဆုကို မက်ဆီ ရရှိသွားတာက ဟာသတစ်ခုပဲလို့ ဂျာမနီ ဂန္တဝင် သုံးသပ်

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက လီယွန်နယ် မက်ဆီထက် အာလင်း ဟာလန်းက ပိုပြီးတော့ကို စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့လို့ ၂၀၂၃ ဘာလွန်းဒေါဆုကို မက်ဆီထံ ပေးအပ်ခဲ့တာဟာ ဟာသတစ်ခုလိုပဲလို့ မက်ဆီ ပရိသတ်တစ်ဦးဖြစ်သူ ဂျာမနီ legend player ကြီး လိုသာ မာသီးယပ်စ်က ပြောဆိုသွားခဲ့ပါတယ်။

ကမ္ဘာ့ချန်ပီယံ ဘောလုံးလောကရဲ့ GOAT ကြီး မက်ဆီဟာ ဟာလန်း ဘာပေတို့ကို ဖြတ်ကျော်ပြီး ၂၀၂၃ခုနှစ်ရဲ့ ဘာလွန်းဒေါဆုကို ဆွတ်ခူးခဲ့ပြီး ဒါဟာ မက်ဆီအတွက်တော့ (၈)ကြိမ်မြောက် ဘာလွန်းဒေါဆုလည်း ဖြစ်လာစေပါတယ်။

Photo Credit : Goal

ဒီဆုနဲ့ ပတ်သက်ပြီး အခုအချိန်ထိ အငြင်းအခုန်တွေ ဖြစ်နေသလို ဂျာမနီ ကစားသမားဟောင်းကြီး လိုသာ မာသီးယပ်စ်ကိုယ်တိုင်ကလည်း မက်ဆီကို ဒီနှစ်ရဲ့ ဘာလွန်းဒေါကို ထပ်ချီးမြှင့်တာ ဟာသပြက်လုံး တစ်ခုလိုပဲ မှတ်ချက်ပြုလိုက်ပါတယ်။

“ပြီးခဲ့တဲ့ ဘောလုံးရာသီ တစ်ရာသီလုံးမှာဆိုရင် ဟာလန်းက မက်ဆီထက် ပိုကောင်းခဲ့ပါတယ်။ ဒါကြောင့် မက်ဆီ ဒီဆုကို ရရှိလိုက်တယ်ဆိုတာဟာ မထိုက်တန်ပါဘူး။ ကျွန်တော့်အမြင်ရဆိုရင်တော့ ဟာလန်းက ဒီဆုကို မရနိုင်စရာ ဘာအကြောင်းမှကို မရှိပါဘူး။”

Photo Credit : Goal

“ကျွန်တော်ဟာ မက်ဆီကို အားပေးသူတစ်ဦး ဖြစ်နေပေမယ့်လည်း ဒီဆုကို မက်ဆီကိုပဲ ပေးလိုက်တာက ဟာသတစ်ခုလိုပဲလို့ ထင်မိပါတယ်။ ကျွန်တော့်အတွက်တော့ ဟာလန်းက ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း အကောင်းဆုံး ကစားသမားတစ်ဦးပါပဲ။”

“သူက မန်ချက်စတာ စီးတီးအသင်းနဲ့အတူ အဓိက ဆုဖလား (၃)လုံးကို တစ်ရာသီအတွင်းမှာပဲ ရယူနိုင်ခဲ့သလို စံချိန်တင် သွင်းဂိုးတွေကိုလည်း သွင်းယူနိုင်ခဲ့တယ်။” လို့ မက်ဆီ ပရိသတ်ဖြစ်သူ လိုသာ မက်သီးယပ်စ်က မှတ်ချက်ပြုလိုက်ပါတယ်။

Exit mobile version