လီဗာပူးလ်အသင်းရဲ့ ဗဟိုခံစစ်မှူး ဂျိုအယ်လ် မာတစ်က အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ခြေမဒဏ်ရာကြောင့် လက်ကျန်ပွဲစဉ်တွေကို လုံးဝ မကစားနိုင်တော့ဘဲ လက်ရှိရာသီကုန်အထိ အနားယူရတော့မှာ ဖြစ်တယ်လို့ တရားဝင် အတည်ပြု ပြောကြားသွားလိုက်တာပဲ ဖြစ်ပါတယ်။ နောက်ခံလူ ဂျိုအယ်လ် မာတစ်ဟာ အဲဗာတန်အသင်းနဲ့ (ဝ-၀) သရေကျ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ရဲ့ ပွဲကစားချိန် (၇၃) မိနစ်မှာ ခြေမဒဏ်ရာ ရရှိခဲ့တာကြောင့် ထမ်းဆင်နဲ့ သယ်ထုတ်ခဲ့လိုက်ရပြီး  လီဗာပူးလ်အသင်းရဲ့ နောက်ခံလူ လိုဗရန်က လူးစားလဲဝင်ရောက် ကစားခဲ့ပါတယ်။

Photo Credit: Goal

 

လီဗာပူးလ်အသင်းရဲ့ နောက်ခံလူ မာတစ်ဟာ လက်ရှိရာသီကုန်အထိ အနားယူသွားတော့မှာ ဖြစ်တာကြောင့် လီဗာပူးလ် နည်းပြ ကလော့ပ်အနေနဲ့ အသင်းရဲ့ ဗဟိုခံစစ်နေရာမှာ ခံစစ်မှူး ဗန်ဒိုက်စ် နဲ့ ဂိုးမက်စ်တို့ကိုသာ လက်ရှိရာသီကုန်အထိ ဆက်လက်အသုံးပြုသွားရတော့မှာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိခဲ့ပြီ ဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် (၇) ပွဲ ကစားဖို့ လိုအပ်နေသေးတဲ့ အချိန်မှာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ရတဲ့ အတွက်ကြောင့် လာမယ့် ပွဲစဉ်တွေမှာ အသင်းရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်နိုင်တာ ဖြစ်ပါတယ်။

Photo Credit: Goal

 

လီဗာပူးလ်အသင်းရဲ့ နောက်ခံလူ မာတစ်က လီဗာပူးလ် အသင်းရဲ့ ဝက်ဆိုဒ်မှာ လက်ရှိရာသီကုန်အထိ ကစားနိုင်တော့မှာ မဟုတ်ပေမယ့်လည်း လာမယ့် နောက်ရာသီကနေ ပြန်လည် ကစားနိုင်မှာ ဖြစ်ပါတယ်လို့ အသင်းရဲ့ ပရိသတ်တွေကို အတည်ပြု ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ခံလူ မာတစ်က “လက်ရှိရာသီမှာတော့ ကျွန်တော်အနေနဲ့ ကွင်းထဲကို ပြန်လာနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် လာမယ့် ရာသီကနေ ပြန်လာပါမယ်။ ကျွန်တော် အသင်းအတွက် အမြန်ဆုံး အကူအညီ ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ အသင်းရဲ့ဝက်ဆိုဒ်မှာ ပြောကြားသွားပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံလိဂ် ဆုဖလားကို ရရှိခဲ့ပြီး လက်ရှိရာသီမှာတော့ ပရီးမီးယားလိဂ် ဆုဖလားကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။