အခုဆောင်းရာသီစျေးကွက်အတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လို့နေတဲ့ အင်တာမီလန်အသင်းရဲ့ကွင်းလယ်ကစားသမား ဗယ်စီနိုဟာ အခုဆိုရင် ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်ဖြစ်တဲ့ အဲဗာတန်အသင်းဆီကိုသာ သွားရောက်ကစားဖို့အတွက် သဘောတူညီမှုရယူနိုင်ခဲ့ပြီဖြစ်တယ်လို့ သတင်းထွက်လာခဲ့တာကြောင့် ဒါဟာ ဗယ်စီနိုကို အလိုရှိနေတဲ့ ယူနိုက်တက်အသင်းအတွက် ထိုးနှက်ချက်ဖြစ်စေနိုင်မယ့် သတင်းဆိုးတစ်ပုဒ် ဖြစ်လာခဲ့ရပါတယ်။
Photo Credit : Getty Images
ဥရုဂွေးလက်ရွေးစင် ကွင်းလယ်ကစားသမား ဗယ်စီနိုဟာ ၂၀၁၇ခုနှစ်မှာ ဖီအိုရင်တီးနားအသင်းကနေ အင်တာမီလန်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး နည်းပြကွန်တီရဲ့လက်အောက်မှာ ပုံမှန်ပွဲဲထွက်ခွင့်တွေ ရရှိနေတာဖြစ်ကာ ယူနိုက်တက်အပါအဝင် အသင်းပေါင်းများစွာရဲ့ စိတ်ဝင်စားခြင်းကို ခံနေရသူလည်းဖြစ်ပါတယ်။ အသက်၂၈နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဗယ်စီနိုကို ယူနိုက်တက်အသင်းကနေ ခေါ်ယူသွားဖို့ အထူးစိတ်ဝင်စားနေခဲ့ပြီး ပြောင်းရွှေ့ကြေးအချို့အပြင် မာတစ်ကိုပါ အလိုက်ပေးကမ်းလှမ်းခဲ့ပေမယ့်လည်း အင်တာဘက်ကတော့ ဒီကမ်းလှမ်းမှုကို စိတ်မဝင်စားခဲဲ့သလို ယူနိုက်တက်ဘက်ကနေ ဗယ်စီနိုအတွက် အငှားနဲ့ကမ်းလှမ်းချက်ကိုလည်း အင်တာဘက်က ပယ်ချခဲ့ပါသေးတယ်။
Photo Credit : Getty Images
အင်တာမီလန်အသင်းက ဒီရက်ပိုင်းအတွင်းမှာပဲ စပါးအသင်းရဲဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ခရစ္စတီယန်အဲရစ်ဆင်ကို ခေါ်ယူနိုင်ခဲ့သလို အသင်းရဲ့ ကွင်းလယ်မှာကလည်း ဘာရယ်လာ ဆန်စီ ဘရိုဇိုဗစ် ဂယ်လီယာဒီနီတို့လို ကစားသမားကောင်းတွေ စုပြုံနေတာကြောင့် ဗယ်စီနိုကို အသင်းကနေ ရောင်းထုတ်သွားဖို့ ပြင်ဆင်လာခဲ့ပြီး ပေါင်၁၇သန်းဝန်းကျင်လောက်နဲ့ ရောင်းချဖွယ်ရှိနေပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ကလည်း ဗယ်စီနိုကို အငှားနဲ့သာ ခေါ်ယူချင်နေတာဖြစ်ပြီး သူ့ကို စိတ်ဝင်တစားရှိလာခဲ့တဲ့ အဲဗာတန်အသင်းကနေ  အင်တာအလိုရှိနေတဲ့ တန်ကြေးနဲဲ့ ကမ်းလှမ်းဖွယ်ရှိနေတာကြောင့် အသင်းနှစ်သင်းကြားမှာ သဘောတူညီမှုပါ ရယူနိုင်တော့မယ်လို့ အီတလီမီဒီယာတွေကနေ ဖော်ပြလာခဲဲ့ပါတယ်။ ဒါ့အပြင် အဲဗာတန်အသင်းဟာ သူတို့ရဲ့ခါးသီးပြိုင်ဘက် လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်း အမ်မရီချန်ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်။
(Zawgyi)
ယူနိုက်တက်နဲ့ သတင်းထွက်ခဲ့တဲ့ အင်တာကွင်းလယ်လူ အဲဗာတန်ကိုသာ ရောက်ဖွယ်ရှိနေ
အခုဆောင်းရာသီဈေးကွက်အတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လို့နေတဲ့ အင်တာမီလန်အသင်းရဲ့ကွင်းလယ်ကစားသမား ဗယ်စီနိုဟာ အခုဆိုရင် ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်ဖြစ်တဲ့ အဲဗာတန်အသင်းဆီကိုသာ သွားရောက်ကစားဖို့အတွက် သဘောတူညီမှုရယူနိုင်ခဲ့ပြီဖြစ်တယ်လို့ သတင်းထွက်လာခဲ့တာကြောင့် ဒါဟာ ဗယ်စီနိုကို အလိုရှိနေတဲ့ ယူနိုက်တက်အသင်းအတွက် ထိုးနှက်ချက်ဖြစ်စေနိုင်မယ့် သတင်းဆိုးတစ်ပုဒ် ဖြစ်လာခဲ့ရပါတယ်။
ဥရုဂွေးလက်ရွေးစင် ကွင်းလယ်ကစားသမား ဗယ်စီနိုဟာ ၂၀၁၇ခုနှစ်မှာ ဖီအိုရင်တီးနားအသင်းကနေ အင်တာမီလန်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး နည်းပြကွန်တီရဲ့လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်တွေ ရရှိနေတာဖြစ်ကာ ယူနိုက်တက်အပါအဝင် အသင်းပေါင်းများစွာရဲ့ စိတ်ဝင်စားခြင်းကို ခံနေရသူလည်းဖြစ်ပါတယ်။ အသက်၂၈နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဗယ်စီနိုကို ယူနိုက်တက်အသင်းကနေ ခေါ်ယူသွားဖို့ အထူးစိတ်ဝင်စားနေခဲ့ပြီး ပြောင်းရွှေ့ကြေးအချို့အပြင် မာတစ်ကိုပါ အလိုက်ပေးကမ်းလှမ်းခဲ့ပေမယ့်လည်း အင်တာဘက်ကတော့ ဒီကမ်းလှမ်းမှုကို စိတ်မဝင်စားခဲ့သလို ယူနိုက်တက်ဘက်ကနေ ဗယ်စီနိုအတွက် အငှားနဲ့ကမ်းလှမ်းချက်ကိုလည်း အင်တာဘက်က ပယ်ချခဲ့ပါသေးတယ်။