MySport Myanmar

ဝေးလ်စ် နဲ့ အီရန်အသင်းတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေကို ကျင်းပလာခဲ့တာ အခုဆိုရင် အုပ်စုပွဲစဉ်(၂)ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အုပ်စုပွဲစဉ်(၂)ရဲ့ ပထမဆုံးသော ပွဲစဉ်ဖြစ်တဲ့ ညနေ(၄)နာရီခွဲမှာ ကျင်းပမယ့် ဝေးလ်စ်အသင်းနဲ့ အီရန်အသင်းတို့ရဲ့ ပွဲစဉ်အတွက် ခန့်မှန်း သုံးသပ်ချက်တွေ ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Sporting News

ဝေးလ်စ်ကတော့ အဖွင့်ပွဲမှာ အမေရိကန်နဲ့ တစ်ဂိုးစီ သရေရအောင် ကစားထားနိုင်ခဲ့ပြီး အဲ့ဒီပွဲရဲ့ ဒုတိယပိုင်းတစ်ပိုင်းလုံး အားရစရာကောင်းအောင် ကစားထားနိုင်ခဲ့ပါတယ်။ တစ်မှတ်ပဲ ရထားသေးတာဖြစ်လို့ အုပ်စုတွင်း အားအနည်းဆုံးလို့ သတ်မှတ်ရမယ့် အီရန်နဲ့ ဆုံတွေ့ချိန်မှာ မဖြစ်မနေ နိုင်ပွဲရအောင် ကစားဖို့ လိုအပ်ပါတယ်။ ဒီနေ့ပွဲစဉ်မှာတော့ အမေရိကန်နဲ့ ပွဲအတွင်း ဒုတိယပိုင်းမှ ကစားခွင့်ရခဲ့ပြီး အသင်းရဲ့ တိုက်စစ်ပိုင်း ပိုမို အားကောင်းလာစေခဲ့တဲ့ တိုက်စစ်မှူး ကီဖာမိုးကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုလာဖွယ် ရှိနိုင်ပါတယ်။

Photo Credit : Sports Mole

အာရှထိပ်သီးအသင်း အီရန်က ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ အင်္ဂလန်အသင်းကို ဘယ်လိုမှ ယှဉ်မကစားနိုင်ခဲ့ပဲ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ဒါပေမယ့် အီရန်ရဲ့့ အားအထားရဆုံး ကစားသမား တာရေမီက အင်္ဂလန်နဲ့ပွဲမှာ ဂိုး(၂)ဂိုး ရအောင် သွင်းယူနိုင်ခဲ့တာကြောင့် ဒီတိုက်စစ်ကစားသမားက ဝေးလ်စ်ရဲ့ ခံစစ်ပိုင်းကိုလည်း ကောင်းကောင်းဒုက္ခပေးနိုင်ဖွယ် ရှိနေပါတယ်။ ဒါ့အပြင် အထနှေးတတ်တဲ့ ဝေးလ်စ်ရဲ့့ ကစားဟန်ကိုလည်း အီရန်ဘက်က အကောင်းဆုံး အသုံးချသွားဖို့ပါ ပြင်ဆင်လာဖွယ်လည်း ရှိနိုင်ပါတယ်။

Photo Credit : Whatapps

အသင်းနှစ်သင်းရဲ့ ကစားသမားအင်အားချင်း ယှဉ်ကြည့်မယ်ဆိုရင် ဝေးလ်စ်က အသာရနေတယ် ဆိုပေမယ့်လည်း အီရန်ရဲ့ ကစားအားကို လျှော့တွက်လို့ မရသလို ဒီပွဲပါ ထပ်ရှုံးလိုက်မယ်ဆိုရင် အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ရဖို့က သေချာသလောက် ဖြစ်သွားတာမို့ ဖောင်ဖျက်ကစားလာနိုင်ပါတယ်။ ဝေးလ်စ်ဘက်ကလည်း အုပ်စုနောက်ဆုံးမှာ အင်္ဂလန်နဲ့ ကစားရမှာမို့ အင်္ဂလန်ဆီကနေ အမှတ်ယူဖို့ထက် အီရန်ဆီကနေ အမှတ်ယူဖို့က ပိုပြီး ဖြစ်နိုင်ခြေများတာကြောင့် နိုင်ပွဲယူဖို့အတွက်သာ ဦးတည်လာပါလိမ့်မယ်။ အကြိတ်အနယ် ယှဉ်ပြိုင်သွားရင်းနဲ့ သရေပွဲသာ ဖြစ်သွားလိမ့်မယ်လို့ ထင်မိပါတယ်။

Exit mobile version