ဘာလိုလိုနဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို နိုဝင်ဘာ(၂၀)ရက်နေ့ကတည်းက ကျင်းပလာခဲ့တာ အခုဆိုရင်တော့ ကွာတားဖိုင်နယ်ထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်ကို အသင်း(၈)သင်း တတ်လှမ်းထားပြီး ဒီနေ့နဲ့မနက်ဖြန်တွေမှာ တစ်နေ့(၂)ပွဲစီ ကျင်းပသွားဖို့လည်း ရှိပါတယ်။ ဒီနေ့ညမှာ ပွဲစဉ်(၂)ပွဲ ယှဉ်ပြိုင်သွားဖို့ ရှိနေပြီး အဲ့ဒီပွဲတွေထဲကမှ ည(၉)နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကြမယ့် ဘရာဇီးလ် နဲ့ ခရိုအေးရှားပွဲအကြောင်းကို အရင်ဆုံး ဖော်ပြပေးသွားချင်ပါတယ်။

Preview: Croatia vs. Brazil - prediction, team news, lineups - Sports Mole

Photo Credit : Sports Mole

ဘရာဇီးလ်ကတော့ အုပ်စုတွင်းမှာ ဆာဘီးယား ဆွစ်ဇာလန်တို့ကို ဆက်တိုက် အနိုင်ရရင်းကနေ ရှုံးထွက်ကို တတ်လှမ်းထားခဲ့ရာ အုပ်စုနောက်ဆုံးပွဲ ကင်မရွန်းနဲ့ပွဲမှာ ခြေချော်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ရှုံးထွက်အဆင့်မှာတော့ တောင်ကိုရီးယားကို ပထမိုင်းဂိုးတွေနဲ့ သက်တောင့်သက်သာ အနိုင်ရခဲ့ပြီး ကွာတားကို တတ်လှမ်းနိုင်ခဲ့ပါတယ်။ ဘရာဇီးလ်ဟာ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဖြတ်သန်းခဲ့ရတဲ့ ပွဲစဉ်(၄)ပွဲလုံးမှာ အားရစရာ စွမ်းဆောင်မှုမျိုး ပြသနိုင်ခဲ့သလို နေမာ ရစ်ချာလီဆန် ဗင်နီစီယပ်စ် ရာဖင်ညာတို့နဲ့ ဖွဲ့စည်းထားတဲ့ အသင်းတိုက်စစ်ဟာလည်း ကြောက်ခမန်းလိလိ အားကောင်းမောင်းသန် ဖြစ်လို့နေပါတယ်။ အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ ရှိနေသည့်တိုင်အောင် အသင်းရဲ့ ကစားသမားအင်အားက အလွန် တောင့်တင်းနေဆဲဖြစ်ပြီး အခုလည်း သူတို့ထက် အင်အားလျော့နည်းတဲ့ အသင်းမျိုးနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ခရိုအေးရှားကို ကျော်ဖြတ်သွားနိုင်ဖို့အတွက် အကောင်းဆုံး ပြင်ဆင်လာမှာပါ။

Croatia vs Canada live streaming: When and where to watch FIFA World Cup  2022 match

Photo Credit : Times Now

ခရိုအေးရှားကတော့ အုပ်စု(၃)ပွဲနဲ့ ရှုံးထွက်ပွဲ အပါအဝင် (၄)ပွဲအတွင်းမှာ ပေးဂိုး(၂)ဂိုး ရှုံးပွဲမရှိသေးတဲ့ ရလဒ်မျိုးနဲ့ ကွာတားအဆင့်ထိ တတ်လှမ်းထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ခရိုအေးရှားရဲ့ လက်ရှိအနေအထားက အားရစရာ အခြေအနေမျိုးမှာ ဆိုတာထက် သာမာန် အခြေအနေမှာသာ ရှိလို့နေပြီး သူတို့ ဖြတ်သန်းခဲ့တဲ့ အနေအထားတွေမှာလည်း ဘရာဇီးလ်လို အသင်းမျိုးနဲ့ပါ ရင်ဆိုင်ထားရခြင်း မရှိသေးတာကြောင့်လည်း အခုပွဲစဉ်က သူတို့အတွက် အတော်လေး ခက်ခဲလာရနိုင်ပါတယ်။ ခံစစ်ပိုင်း ကောင်းမွန်မှုရှိတဲ့ ခရိုအေးရှားအသင်း ဂျပန်ကို ကျော်ဖြတ်လာခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် လက်စွမ်းပြနိုင်ခဲ့တဲ့ အသင်းဂိုးသမား လီဗာကိုဗစ် အပါအဝင် လိုဗရန် ဂါဗာဒီယော့တို့ရဲ့ ခံစစ်ပိုင်းက အားကောင်းလှပါတယ်ဆိုတဲ့ ဘရာဇီးလ်တိုက်စစ်ကို ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာကလည်း စိတ်ဝင်တစား စောင့်ကြည့်ရပါလိမ့်မယ်။

Photo Credit : Khel Now

ခရိုအေးရှားဟာ ဘရာဇီးလ်လို အသင်းမျိုးကို ဘယ်လိုမှ ဖွင့်ကစားဖို့ မဖြစ်နိုင်တာကြောင့် ခံစစ်ပိုင်းကိုသာ အသားပေး ကစားသွားဖို့သာ ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ပေးဂိုး(၂)ဂိုးသာ ခွင့်ပြုထားရသေးတဲ့ ခရိုအေးရှားခံစစ်က နေမာ ဦးဆောင်လာမယ့် ဘရာဇီးလ်တိုက်စစ်ကို အချိန်ပြည့် တောင့်ခံထားဖို့ဆိုတာက အလွန်ခက်ခဲနိုင်ပါမယ်။ ဒါ့အပြင် ခရိုအေးရှားဟာ မိုဒရစ် ဘရိုဇိုဗစ် ကိုဗာဆစ်တို့ရဲ့ ကွင်းလယ်ပိုင်းက အဆင့်တစ်ခုမှာ ရှိနေပေမယ့် တိုက်စစ်ပိုင်းက အားရစရာ အနေအထားမှာ ရှိမနေတာကြောင့်လည်း ဒီပွဲမှာ ဘရာဇီးလ်ကိုပဲ သဘောကျမိပါတယ်။ မိနစ်(၉၀)အတွင်းမှာပဲ ဘရာဇီးလ်တို့ နိုင်ပွဲရပါလိမ့်မယ်။