MySport Myanmar

ဥရုဂွေးနဲ့ တောင်ကိုရီးယားအသင်းတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်

ဒီနေ့မှာ ယှဉ်ပြိုင်သွားဖို့ ရှိနေတဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေထဲကမှ ည(၇)နာရီခွဲအချိန်မှာ ကျင်းပသွားမယ့် ပွဲကောင်းတစ်ပွဲဖြစ်သော တောင်အမေရိက ထိပ်သီးအသင်း ဥရုဂွေးအသင်းနဲ့ အာရှ အင်အားကြီးအသင်း တောင်ကိုရီးယားတို့ရဲ့ အားပြိုင်ပွဲအကြောင်းကို ပွဲကြိုသုံးသပ်ချက်အဖြစ် တင်ဆက်ပေးသွားချင်ပါတယ်။

Photo Credit : Sports Mole

ကမ္ဘာ့ဖလားရဲ့ တောင်အမေရိကဇုန် ခြေစစ်ပွဲမှာ ဘရာဇီးလ် အာဂျင်တီးနားတို့ရဲ့နောက် တတိယနေရာနဲ့ ခြေစစ်ပွဲ အောင်မြင်ထားတဲ့ ဥရုဂွေးအသင်းဟာ ဆွာရက်ဇ် ကာဗာနီတို့လို ဝါရင့်ကစားသမားကြီးတွေအပြင် ဒါဝင်နူနက်ဇ် ဗယ်လ်ဗာဒီတို့လို လူငယ်ကြယ်ပွင့်တွေကိုပါ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဥရုဂွေးအသင်းဟာ ၂၀၂၂ခုနှစ်အတွင်း ကစားထားခဲ့သမျှ ပွဲစဉ်တွေအားလုံးမှာ နိုင်ပွဲ(၇)ပွဲ သရေပွဲ (၁)ပွဲ ရှုံးပွဲ (၁)ပွဲသာ ရှိထားခဲ့ပြီး ထူးထူးခြားခြား သူတို့ရှုံးခဲ့တဲ့ အသင်းက အာရှတိုက်အသင်း အီရန် ဖြစ်နေပါတယ်။

Photo Credit : The National

တောင်ကိုရီးယားအသင်းရဲ့ အဓိကအကျဆုံးသော ကစားသမားဖြစ်သူ ဆွန်ဟောင်မင်က မျက်နှာဒဏ်ရာ ရရှိနေပေမယ့် ဒီပွဲကို ရအောင် ပါဝင်သွားဖို့ ရှိနေပါတယ်။ ဒါပေမယ့် ရာနှုန်းပြည့် ကစားနိုင်ပါ့မလား ဒါမှမဟုတ် နည်းပြက ဆွန်ကို ပွဲချိန်ပြည့် အသုံးပြုပါ့မလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။ ဆွန်သာ မကစားနိုင်သေးရင်တော့ ဒါဟာ တောင်ကိုရီးယားအသင်းအတွက် ထိုးနှက်ချက် ဖြစ်လာနိုင်သလို ကျန်တဲ့ ကစားသမားတွေမှာပါ သက်ရောက်သွားစေနိုင်ပါတယ်။

Photo Credit : Sporting News

ဥရုဂွေးနဲ့ တောင်ကိုရီးယားတို့က မကြာခဏ ဆုံတွေ့ဖူးတဲ့ ပြိုင်ဘက်တွေ ဖြစ်သလို ၂၀၁၀ကမ္ဘာ့ဖလားတုန်းကလည်း ကွာတားဖိုင်နယ်မှာ ဆုံတွေ့ကြပြီး ဥရုဂွေးက (2-1) နဲ့ အနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့် ဆော်ဒီ ဂျပန်တို့က အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနား ဂျာမနီတို့လို အသင်းကြီးတွေကို အနိုင်ယူထားကြတာမို့ အခုပွဲမှာလည်း နောက်ထပ် အာရှအသင်းဖြစ်သော တောင်ကိုရီးယားက ဥရုဂွေးကို ဘာလုပ်ပြနိုင်ဦးမလဲဆိုတာ စောင့်ကြည့်ချင်စရာပါ။ ပွဲက အကြိတ်အနယ်လည်း ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဖလားကို နောက်ဆုံး (၃)ကြိမ်ဆက် ဆင်နွဲခဲ့တုန်းက အုပ်စုအဆင့်ကို ကျော်လွန်ထားနိုင်ခဲ့တဲ့ ဥရုဂွေးတို့ အခုပွဲကို လုံးဝ အတိမ်းအစောင်းမခံပဲ ကစားလာမှာဖြစ်လို့ ဥရုဂွေးကိုပဲ ပိုမို သဘောကျမိပါတယ်။

Exit mobile version