MySport Myanmar

နယ်သာလန် နဲ့ ဆီနီဂေါအသင်းတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်

ဒီနေ့ညမှာ ကျင်းပသွားမယ့် ကမ္ဘာ့ဖလား အုပ်စုအဆင့်ပွဲစဉ်တွေထဲကမှ ညပိုင်း(၁၀)နာရီခွဲအချိန်မှာ ကျင်းပသွားမယ့် နယ်သာလန်အသင်းနဲ့ ဆီနီဂေါအသင်းတို့ရဲ့ ပွဲစဉ်အကြောင်းကို သုံးသပ် ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : ITV

နယ်သာလန်က ယူရိုမှာ ချက်ကိုရှုံးပြီး နောက်ပိုင်းကတည်းက ခုချိန်ထိ လုံးဝ ရှုံးပွဲမရှိသေးသလို နည်းပြကြီး ဗန်ဟားလ်လက်ထက်မှာလည်း ရလဒ်ပိုင်းတွေ အတော်လေး တည်ငြိမ်နေပါတယ်။ အခု ဆီနီဂေါနဲ့ပွဲကိုလည်း တိုက်စစ်ကစားသမား ဒီပိုင်းသာ လွဲချော်ရမှာဖြစ်ပြီး ကျန်တဲ့ ကစားသမားတွေ အစုံအလင် ပါဝင်နိုင်ဖို့ ရှိပါတယ်။

Photo Credit : Inside Sports

အာဖရိကဖလားချန်ပီယံ ဆီနီဂေါဟာလည်း ကစားသမားကောင်းတွေ များစွာ ပါဝင်နေတယ်ဆိုပေမယ့် main player ကြီး မာနေးက ပြိုင်ပွဲ ကျင်းပခါနီးမှ ဒဏ်ရာရသွားခဲ့တာဟာ ဆီနီဂေါအတွက် နစ်နာစရာပါ။ ဒါပေမယ့် အာဖရိကချန်ပီယံဆုကို ပထမဆုံးအကြိမ် ဗိုလ်စွဲထားနိုင်ခဲ့တဲ့ အရှိန်နဲ့ ဥရောပ အင်အားကြီး နယ်သာလန်ကို အကောင်းဆုံး ရင်ဆိုင်သွားဖွယ် ရှိနိုင်ပါတယ်။

Photo Credit : The Sun

နယ်သာလန်နဲ့ဆီနီဂေါတို့က အခုလို ထိပ်တိုက် ဆုံတွေ့ထားဖူးခြင်း မရှိသေးတဲ့ အသင်းတွေဖြစ်လို့ အခုတစ်ကြိမ် ဆုံတွေ့မှုဟာ စိတ်လှုပ်ရှားစရာ ဖြစ်နေမှာ သေချာပါတယ်။ နောက်ပြီး တစ်ဖက်မှာ အီကွေဒေါက (၃)မှတ် စတင် ယူဆောင်ထားနိုင်လို့ နှစ်သင်းလုံး နိုင်ပွဲအတွက်ကိုပဲ ဦးတည်ကြဖို့လည်း ရှိနေပါတယ်။ အကြိတ်အနယ် ကစားရင်းနဲ့ လက်ရှိ form အရ နယ်သာလန်ပဲ နိုင်ပွဲရသွားမယ်လို့ ထင်မိပါတယ်။

Exit mobile version