၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ အဖွင့်ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားခဲ့ကြတဲ့ အုပ်စု(A)က အသင်းနှစ်သင်းဖြစ်သော နယ်သာလန်အသင်းနဲ့ အီကွေဒေါအသင်းတို့ ည(၁၀)နာရီခွဲအချိန်မှာ ယှဉ်ပြိုင်သွားမယ့် ပွဲစဉ်အတွက် ပွဲအကြို သုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။
Photo Credit : Mint
လူးဝစ်ဗန်ဟားလ်ရဲ့ နယ်သာလန်ကတော့ ဆီနီဂေါအသင်းကို အနိုင်ရထားခဲ့ပေမယ့် ပွဲကစားချိန် မိနစ်(၈၀)နောက်ပိုင်းမှသာ ဂိုးပေါက်တည့်မတ်မှုကို စတင် ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုပွဲမှာတော့ တိုက်စစ်ပိုင်း ပိုမို အားကောင်းစေဖို့အတွက် ဒီပိုင်းကို ပွဲအစကတည်းက အသုံးပြုလာဖို့လည်း ရှိနေပါတယ်။ အီကွေဒေါလို အသင်းမျိုးနဲ့ ရင်ဆိုင်ရချိန်မှာတော့ နယ်သာလန် တိုက်စစ်က ပိုပြီးတော့ကို ထက်မြက်ဖို့ လိုအပ်နေပြီး big chances တွေ ဖန်တီးနိုင်မှုနဲ့ အဆုံးသတ်နိုင်မှုတွေမှာ အားကောင်းဖို့လည်း လိုအပ်နေပါတယ်။
Photo Credit : Sports Mole
အိမ်ရှင်ကာတာကို အသာအယာ အနိုင်ယူထားတဲ့ အီကွေဒေါဟာ တောင်အမေရိကရဲ့ အသင်းကောင်းတစ်သင်းဖြစ်ပြီး ခြေစစ်ပွဲမှာ ဘရာဇီးလ်အသင်းကိုတောင် သရေရအောင် ကစားထားနိုင်တဲ့အထိ မာကြောတဲ့အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းရဲ့ အဓိက ကစားသမား အန်နာဗလင်စီယာက ကာတာနဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့လို့ အခု နယ်သာလန်နဲ့ပွဲကို ပါဝင်နိုင်ပါ့မလား ပါဝင်နိုင်ခဲ့မယ်ဆိုရင်ရော fully fit ဖြစ်ပါ့မလားဆိုတာ စိုးရိမ်စရာ ဖြစ်နေရပါတယ်။
Photo Credit : Sporting News
ဒီပွဲမှာ နယ်သာလန်ကပဲ အနိုင်ရဖို့ favorite ဖြစ်နေတယ် ဆိုပေမယ့်လည်း သူတို့အတွက် လွယ်ကူမယ့် ပွဲတစ်ပွဲတော့ ဖြစ်လာမှာ မဟုတ်ဘူး။ အီကွေဒေါဟာ နယ်သာလန်အတွက် တစ်နည်းတစ်ဖုံမဲ့ ခက်ခဲစေမယ့် ပြိုင်ဘက်ကောင်း ဖြစ်နေမှာပါ။ နှစ်သင်းလုံးက ဒီပွဲမှာ နိုင်ပွဲရသွားခဲ့ရင် နောက်တစ်ဆင့်ကို သေချာပေါက် တတ်လှမ်းနိုင်တော့မှာလည်းဖြစ်လို့ အားထည့်ကစားကြမှာလည်း သေချာနေပါတယ်။ နောက်ဆုံး(၇)ပွဲဆက်တိုက် ပေးဂိုးမရှိအောင် ကစားထားခဲ့တဲ့ အီကွေဒေါခံစစ်က နယ်သာလန်တိုက်စစ်အတွက်လည်း စမ်းသပ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ အကြိတ်အနယ် ကစားကြရင်း သရေပွဲကို ဦးတည်သွားနိုင်ပါတယ်။