၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ (၅)ရက်မြောက်နေ့ ယခင်နေ့တွေကအတိုင်း ပွဲစဉ်(၄)ပွဲကို ယှဉ်ပြိုင်သွားစေမှာဖြစ်ပြီး ဒီပွဲတွေအားလုံးထဲကမှ ညနေ(၄)နာရီခွဲအချိန်မှာ အစောဆုံး ကျင်းပသွားမယ့် ဆွစ်ဇာလန်အသင်းနဲ့ ကင်မရွန်းအသင်းတို့ ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

Switzerland vs Cameroon Prediction - World Cup Odds & Free Pick

Photo Credit  : The Telegraph

ဆွစ်က ကမ္ဘာ့ဖလားခြေစစ်ပွဲကို ရှုံးပွဲမရှိ ရလဒ်နဲ့ အောင်မြင်လာခဲ့တာဖြစ်ပြီး ခံစစ်ကလည်း (၈)ပွဲအတွင်း (၂)ဂိုးသာ ခွင့်ပြုခဲ့ရပါတယ်။ နေးရှင်းစ်လိဂ်မှာလည်း စပိန် ပေါ်တူဂီတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ထားခဲ့ရင်း ဒုတိယအကျော့တွေမှာ နှစ်သင်းလုံးကို အနိုင်ရထားခဲ့ပါတယ်။ အခုပွဲမတိုင်ခင် ဂါနာနဲ့ ခြေစမ်းခဲ့ရာ (၂)ဂိုးပြတ်နဲ့ အရေးနိမ့်ထားခဲ့ပေမယ့် ချာကာ အမ်ဘိုလိုတို့က ခြေစွမ်းပိုင်း အမြင့်ဆုံး ရောက်ရှိနေပြီး world cup ကို နောက်ဆုံး (၄)ကြိမ် ဆင်နွဲထားရာ ၂၀၁၄နဲ့ ၂၀၁၈ခုနှစ်တွေမှာ အုပ်စုကနေ နောက်တစ်ဆင့်ကို တတ်လှမ်းထားနိုင်ခဲ့ပါတယ်။

Switzerland Vs Cameroon: Eto'o crying into Cameroon players despite newest win – Football World Cup Tickets | Qatar Football World Cup Tickets & Hospitality | FIFA World Cup Tickets

Photo Credit : The Mirror

ပြီးခဲ့တဲ့ ရုရှားကမ္ဘာ့ဖလားတုန်းက ခြေစစ်ပွဲ မအောင်ခဲ့တဲ့ ကင်မရွန်းအသင်းဟာ ဒီတစ်ကြိမ်မှာတော့ ကမ္ဘာ့ဖလားကို (၈)ကြိမ်မြောက်အဖြစ် ဆင်နွဲသွားရမှာ ဖြစ်ပါတယ်။ ချူပိုမိုတင်း အဘူဘာကာ အိုနာနာ အာဂွီဆာတို့လို ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ကင်မရွန်းအသင်းဟာ နောက်ဆုံးကစားထားခဲ့တဲ့ ပွဲစဥ်တွေမှာ ရလဒ်ပိုင်းတွေက အားရစရာ အနေအထားမှာ ရှိမနေပဲ ဥဇဘတ်ကစ္စတန်ကိုပါ ရှုံးနိမ့်ထားခဲ့ရပါတယ်။ ဒါ့အပြင် ကင်မရွန်းအသင်းဟာ ကမ္ဘာ့ဖလားမှာ (၂၃)ပွဲအထိ ကစားထားချိန် နိုင်ပွဲက (၄)ပွဲသာ ရှိထားတဲ့အထိ မှတ်တမ်းဆိုးတွေ ပိုင်ဆိုင်ထားခဲ့ရပါသေးတယ်။

Photo Credit : Teqip

အသင်းနှစ်သင်းရဲ့ကြားမှာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ကွာဟနေသလို လက်ရှိ အနေအထားတွေအရ ဆွစ်ဇာလန်က အသာရနေတယ် ဆိုပေမယ့် လတ်တလော ဘိုင်ယန်မှာ ဂိုးမြူးနေတဲ့ ချူပိုမိုတင်း ဦးဆောင်လာမယ်​့ ကင်မရွန်း တိုက်စစ်ကလည်း စောင့်ကြည့်ချင်စရာကောင်းနေမှာ သေချာပါတယ်။ လက်ရှိအချိန်ထိ ကာတာကမ္ဘာ့ဖလားမှာ အာဖရိကအသင်း တစ်သင်းမှလည်း အနိုင်မရသေးလို့ ကင်မရွန်းတို့ ပိုပြီး အားထည့်ကစားလာနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဖလား အဖွင့်ပွဲစဥ်တွေမှာ ရလဒ်ကောင်းတွေ ဖော်ဆောင်တတ်လေ့ရှိတဲ့ ဆွစ်ကို ပိုသဘောကျမိ​ပါတယ်။ သရေကျသွားနိုင်ပေမယ့် ဆွစ်ဇာလန်လည်း ကပ်နိုင်သွားဖွယ် ရှိပါတယ်။