MySport Myanmar

စပိန် နဲ့ ဂျပန်အသင်းတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်

ဒီနေ့မှာတော့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ အုပ်စု(E)နဲ့ အုပ်စု(F)တို့တွေက အသင်းတွေက အုပ်စုနောက်ဆုံးပွဲတွေကို ယှဉ်ပြိုင်စေမှာဖြစ်ပြီး အဲ့ဒီထဲကမှ မနက် (၁)နာရီအချိန်မှာ ယှဉ်ပြိုင်သွားမယ့် အုပ်စု(E)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပိန်အသင်းနဲ့ ဂျပန်အသင်းတို့ ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Sports Mole

စပိန်ရဲ့ကစားအားက အားရစရာ အရမ်းကောင်းပါတယ်။ အသင်းမှာ ရွေးချယ်ထားတဲ့ ကစားသမားတွေရဲ့ လုပ်အားနှုန်းက ကောင်းမွန်နေကြသလို ဒီပြိုင်ပွဲကြီးပြီးတာနဲ့ စပိန်နည်းပြရာထူးကို စွန့်လွတ်တော့မယ့် လူးဝစ်အင်းနရစ်ကလည်း အသင်းကို အကောင်းဆုံး ကိုင်တွယ်နေနိုင်ပါတယ်။ အခုပွဲမှာလည်း အာရှအသင်း ဂျပန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ နိုင်ပွဲရဖို့က အခြေအနေကောင်းနေရပြီး တကယ်လို့ ဂျပန်ကို သရေကစားပြီး ဂျာမနီက ကော်စတာရီကာကို အနိုင်ရခဲ့မယ်ဆိုရင်တောင် စပိန်က အုပ်စုဗိုလ်နေရာနဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းမှာ ဖြစ်တာကြောင့် စပိန်ဆီမှာက အခွင့်အရေးကောင်းတွေ ရှိနေရပါတယ်။

Photo Credit : Sports Mole

ဂျပန်က အဖွင့်ပွဲမှာ ဂျာမနီကို အနိုင်ယူခဲ့ပေမယ့် ဒုတိယပွဲမှာ ကော်စတာရီကာကို ရှုံးနိမ့်ခဲ့တာကြောင့် နောက်တစ်ဆင့်တတ်ဖို့က မရေမရာ ဖြစ်သွားခဲ့ရပါတယ်။ ရှုံးထွက်အဆင့်ဆီ တတ်လှမ်းဖို့အတွက် အမှတ်လိုအပ်နေချိန်မှာ စပိန်လို အင်အားကြီး အသင်းမျိုးနဲ့ ထိပ်တိုက် ရင်ဆိုင်ရမှာက ဂျပန်အတွက်တော့ တကယ်ကံဆိုးပါတယ်။ ဒါပေမယ့် ကော်စတာရီကာကိုသာ အနိုင်ရလိုက်ရင် နောက်တစ်ဆင့်တတ်မယ့် အခွင့်အရေးကို အသုံးမချနိုင်ခဲ့တာကြောင့် အခုလို အခြေအနေမျိုးကို ရောက်သွားခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : The Sun

ဂျပန်က ဂျာမနီကို အနိုင်ယူခဲ့သလိုမျိုး စပိန်ကိုပါ အံ့အားသင့်ဖွယ် ရလဒ်မျိုးနဲ့ ရလဒ်ကောင်းထွက်အောင် လုပ်ဆောင်ပြဖို့ဆိုတာက မလွယ်ပါဘူး။ ဖြစ်နိုင်ခြေလည်း နည်းပါတယ်။ ဒီလို အခြေအနေမျိုးမှာ စပိန်အနေနဲ့ ဘယ်လိုမှ အမှားခံသွားမှာ မဟုတ်ပဲ နိုင်ပွဲရအောင်ကိုသာ ဦးတည်လာမှာ သေချာနေပါတယ်။ ဂျပန်ဟာလည်း အသင်းကောင်းတစ်သင်း ဆိုပေမယ့် စပိန်အတွက်တော့ ခက်ခဲတဲ့ ပြိုင်ဘက် မဖြစ်နိုင်လောက်ပါဘူး။ စပိန်ပဲ (၂)ဂိုးပြတ်လောက်နဲ့ အနိုင်ရသွားပါမယ်။

Exit mobile version