MySport Myanmar

စပိန် နဲ့ ကော်စတာရီကာအသင်းတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်

၂၀၂၂ကာတာကမ္ဘာ့ဖလားပွဲစဉ်တွေထဲကမှ ဒီကနေ့ ည(၁၀)နာရီခွဲအချိန်မှာ ကျင်းပသွားမယ့် အုပ်စု(E)ရဲ့ နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဥရောပထိပ်သီး စပိန်အသင်းနဲ့ မြောက်အမေရိက အသင်းကောင်းတစ်သင်းဖြစ်တဲ့ ကော်စတာရီကာတို့ ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Telecom Asia

ပြီးခဲ့တဲ့ ရုရှားကမ္ဘာ့ဖလားတုန်းက (၁၆)သင်းအဆင့်မှာ အိမ်ရှင်ရုရှားကို ပင်နယ်တီနဲ့ ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရတဲ့ စပိန်က လက်ရှိအချိန်မှာတော့ အကောင်းဆုံးပုံစံမှာ ရှိနေသလို နေးရှင်းစ်လိဂ်ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်ကို (၂)ကြိမ်ဆက်တိုက် တတ်လှမ်းထားခဲ့သလို ယူရို-၂၀၂၀မှာလည်း ဆီမီးအထိ တတ်လှမ်းနိုင်ခဲ့ပါတယ်။ လက်ရှိ အသင်းရဲ့ ကစားသမား အစုအဖွဲ့အရလည်း အားရစရာ အနေအထားမှာ ရှိနေသလို ဂျာမနီနဲ့လည်း တစ်အုပ်စုတည်း ကျရောက်နေတာမို့ ဂျာမနီနဲ့ မဆုံတွေ့ခင်မှာ ရလဒ်တွေ ကောင်းမွန်ထားဖို့ လိုအပ်နေပါတယ်။

Photo Credit : Koobit

၂၀၁၄ဘရာဇီးလ်ကမ္ဘာ့ဖလားတုန်းက အင်္ဂလန် အီတလီ ဥရုဂွေးတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တာတောင် အုပ်စုဗိုလ်နဲ့ ကွာတားအထိ တတ်လှမ်းထားနိုင်ခဲ့တဲ့ ကော်စတာရီဟာ လျှော့တွက်လို့မရတဲ့ အသင်းမျိုးပါ။ အခုလည်း အုပ်စုအတွင်းမှာ ဂျာမနီ စပိန်တို့လို ထိပ်တန်းအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေချိန် ၂၀၁၄တုန်းကလိုမျိုး လုပ်ဆောင်ပြနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ သေချာတာကတော့ ကော်စတာရီကာ စပိန်အတွက် ခက်ခဲတဲ့ ပြိုင်ဘက်မျိုး ဖြစ်နေမယ်ဆိုတာပါပဲ။

Photo Credit : Sporting News

စပိန်နဲ့ကော်စတာရီကာတို့က စုစုပေါင်း(၃)ကြိမ် တွေ့ဆုံထားပြီး စပိန်က(၂)ကြိမ်နိုင် (၁)ပွဲသရေကျထားခဲ့ပါတယ်။ နောက်ဆုံးတွေ့ဆုံထားတဲ့ ခြေစမ်းပွဲမှာတော့ စပိန်က (၅)ဂိုးပြတ်နဲ့ကို အနိုင်ရထားပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ စပိန်အနေနဲ့ ကော်စတာရီကာကို ဒီလောက်အထိ အပြတ်အသတ် အနိုင်ရဖို့ဆိုတာက မလွယ်ပါဘူး။ ကော်စတာရီကာအနေနဲ့ စပိန်ကို အခက်တွေ့အောင် ကစားလာနိုင်ပြီး စပိန်ဘက်ကလည်း တာထွက်ကောင်းအောင် ကြိုးပမ်းလာမှာဖြစ်လို့ အကြိတ်အနယ် ရှိနိုင်သလို စပိန်ကပ်နိုင်သွားမယ်လို့လည်း ထင်ပါတယ်။

Exit mobile version