၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်(၂)ကို ဒီကနေ့မှာ စတင် ယှဉ်ပြိုင်စေမှာဖြစ်ရာ အဲ့ဒီပွဲစဉ်တွေထဲကမှ ည(၇)နာရီခွဲအချိန်မှာ ကျင်းပမယ့် ဆီနီဂေါအသင်းနဲ့ အိမ်ရှင်ကာတာအသင်းတို့ ပွဲစဉ်အတွက် အကြို ခန့်မှန်းသုံးသပ်ချက်ကို တင်ဆက်ပေးသွားချင်ပါတယ်။

Qatar v Senegal World Cup 2022: kickoff time, venue, stats and odds - CNA

Photo Credit : CNA

ဆီနီဂေါအသင်းက အဖွင့်ပွဲမှာ နယ်သာလန်ကို အကောင်းဆုံး ယှဉ်ကစားခဲ့ရင်းနဲ့မှ ပွဲပြီးဆုံးမှာ ခွင့်ပြုလိုက်ရတဲ့ ဂိုးတွေနဲ့ အရှုံးပေးထားခဲ့ရပါတယ်။ အသင်းမှာ မာနေး မပါဝင်လာနိုင်ခဲ့ပေမယ့် ရှိတဲ့ ကစားသမားအင်အားနဲ့ ဆီနီဂေါတို့ သူတို့ရဲ့ မာဂုဏ်ကို ပြသထားနိုင်ပေမယ့် တာထွက် မလှထားခဲ့လို့ ဒီပွဲမှာ မဖြစ်မနေ နိုင်ပွဲရဖို့ လိုအပ်နေပါတယ်။ နယ်သာလန်နဲ့ပွဲမှာ ကူယာတေးနဲ့ ဒီအာလိုတို့ ဒဏ်ရာရသွားခဲ့ခြင်းက အခုပွဲမှာ ပါဝင်နိုင်ဖို့ မရေမရာ ဖြစ်နေတာကတော့ ဆီနီဂေါအတွက် စိုးရိမ်စရာတော့ ဖြစ်စေနိုင်ပါတယ်။

Preview: Qatar vs. Senegal - prediction, team news, lineups - Sports Mole

Photo Credit : Sports Mole

၂၀၂၂ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိထားတဲ့ ကာတာက အိမ်ရှင်ဖြစ်နေတာကလွဲပြီး ဘာမှ စွမ်းဆောင်ထားနိုင်ခြင်းမရှိပဲ အဖွင့်ပွဲမှာ အီကွေဒေါကို အရေးနိမ့်ထားခဲ့ပါတယ်။ နောက်ထပ် ရှုံးပွဲမဆက်ဖို့အတွက် ကာတာအနေနဲ့ ဒီပွဲမှာ ကစားသမား အပြောင်းအလဲတွေ လုပ်ဆောင်ဖွယ် ရှိလာနိုင်ပေမယ့် ကာတာရဲ့ ဘောလုံးအဆင့်အတန်းက နိမ့်ပါးလွန်းတာကြောင့် အာဖရိက ချန်ပီယံ ဆီနီဂေါကို ရင်ဆိုင်ဖို့က ခက်ခဲနိုင်ပါတယ်။

Photo Credit : Sporting News

ဒီပွဲအပြီး နယ်သာလန်နဲ့ အီကွေဒေါပွဲစဉ်အတွင်း သရေသာ ကျသွားမယ်ဆိုရင် အခုပွဲမှာ ရှုံးလိုက်မယ့်အသင်းက အုပ်စုကနေ လုံးဝ လှည့်ပြန်ရတော့မှာဖြစ်လို့ နှစ်သင်းလုံး အကြိတ်အနယ် ကစားကြဖွယ် ရှိနေပါတယ်။ ဒါပေမယ့် အိမ်ရှင်ကာတာက အာဖရိက အသင်းတွေထဲမှာ လုပ်အားနှုန်း ကောင်းမွန်လှတဲ့ ဆီနီဂေါကို ယှဉ်ကစားဖို့ဆိုတာ မလွယ်ကူတာကြောင့် ဒီတစ်ပွဲမှာလည်း ကာတာတို့ ထပ်မံ ရှုံးနိမ့်ပါဦးမယ်။