ဒီနေ့ညမှာတော့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ အုပ်စုအဆင့်ပွဲစဉ်အားလုံးကို အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ ဒီညမှာ အုပ်စု(G)နဲ့အုပ်စု(H)တို့ရဲ့ ပွဲစဉ်တွေကို ယှဉ်ပြိုင်စေမှာဖြစ်ပြီး ဒီထဲကမှ ည(၉)နာရီခွဲအချိန်မှာ ကျင်းပမယ့် အုပ်စု(H)က ပေါ်တူဂီအသင်းနဲ့ တောင်ကိုရီးယားအသင်းတို့ ပွဲစဉ်အတွက် ပွဲကြိုုသုံးသပ်ချက်တွေကို တင်ဆက်ပေးသွားချင်ပါတယ်။

Preview: South Korea vs. Portugal - prediction, team news, lineups - Sports  Mole

Photo Credit : Sports Mole

ပေါ်တူဂီကတော့ ဂါနာ ဥရုဂွေးတို့ကို ဆက်တိုက် အနိုင်ယူပြီးတဲ့နောက် ရှုံးထွက်အဆင့်ဆီ စောစောစီးစီး တတ်လှမ်းနိုင်ခဲ့ပြီဖြစ်လို့ အခု အုပ်စုနောက်ဆုံးပွဲမှာ အဓိက ကစားသမားတချို့ အနားပေးလာနိုင်ပြီး ရှေ့ပွဲတွေမှာ အသုံးမပြုခဲ့တဲ့ ကစားသမားတွေကို နေရာပိုပေးလာနိုင်ပါတယ်။ လီယာအို ဗီတင်ညာ ဒါလော့ ပါလင်ညာတို့လို ကစားသမားတွေကို သုံးစွဲလာနိုင်တဲ့ ပေါ်တူဂီက အခု အုပ်စုအတွင်းမှာ ရမှတ်(၁)မှတ်တည်းသာ ရှိသေးတဲ့ တောင်ကိုရီးယားနဲ့ ဆုံတွေ့မှာဖြစ်ပြီး ၂၀၀၂တုန်းက ရှုံးကြွေးကို ပြန်ဆပ်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရပါမယ်။

Preview: South Korea vs. Portugal - prediction, team news, lineups - Sports  Mole

Photo Credit : Sports Mole

တောင်ကိုရီးယားကတော့ ရမှတ်(၁)မှတ်သာ ရထားခဲ့ပေမယ့် ကစားခဲ့တဲ့ (၂)ပွဲလုံးမှာတော့ လုံးဝ အထင်သေးလို့မရသော ခြေစွမ်းမျိုးကို ပြသထားနိုင်ခဲ့သလို စိတ်ဓါတ်ကောင်းနဲ့ ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ အခုလည်း တောင်ကိုရီးယားအနေနဲ့ အုပ်စုနောက်ဆုံးပွဲမှာ ပေါ်တူဂီကိုသာ အနိုင်ရလိုက်မယ်ဆိုရင် ပေါ်တူဂီနဲ့အတူ ရှုံးထွက်ကို တတ်လှမ်းနိုင်မယ့် အခြေအနေမျိုး ရှိနေတာကြောင့် အကောင်းဆုံး ပြင်ဆင်ထားပြီး ယှဉ်ပြိုင်လာမှာ သေချာပါတယ်။

Photo Credit : Sporting News

ပေါ်တူဂီအနေနဲ့ ဒီပွဲမှာ အဓိက ကစားသမားတွေ အနားပေးမယ်ဆိုရင်တောင်မှ ရော်နယ်လ်ဒိုကိုတော့ မိနစ်အနည်းငယ်လောက် အသုံးပြုလာမှာ ဖြစ်သလို လီယာအို အပါအဝင် တခြားအရန်ကစားသမားတွေ အသုံးပြုလာရင်တောင်မှ ကစားအား အရမ်း ကျဆင်းသွားဖွယ် မရှိနိုင်ပါဘူး။ ဒါပေမယ့် ပေါ်တူဂီလူမျိုး နည်းပြဘင်တို ကိုင်တွယ်နေတဲ့ တောင်ကိုရီးယားရဲ့ ကစားအားက ပေါ်တူဂီအတွက် အတော်လေး ခက်ခဲစေမှာတော့ သေချာပါတယ်။ မထင်ထားတဲ့ ရလဒ်တွေ ဖြစ်လာနိုင်လို့ ဒီပွဲမှာ တောင်ကိုရီးယားကိုပဲ ပိုသဘောကျမိပါတယ်။