MySport Myanmar

ပေါ်တူဂီနဲ့ ဂါနာအသင်းတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံးသော အုပ်စုဖြစ်တဲ့ အုပ်စု(H)ရဲ့ နောက်ထပ် ပွဲစဉ်တစ်ပွဲဖြစ်သော ပေါ်တူဂီအသင်းနဲ့ ဂါနာအသင်းတို့ရဲ့ ယှဉ်ပြိုင်ကစားသွားမယ့် ပွဲစဉ်အတွက် ပွဲအကြို ခန့်မှန်းသုံးသပ်ချက်တွေကို တင်ဆက်ပေးသွားချင်ပါတယ်။

Photo Credit : Sports Mole

ပေါ်တူဂီရဲ့ အဓိက icon ကစားသမားကြီး ရော်နယ်လ်ဒိုက ကမ္ဘာ့ဖလားမတိုင်ခင်မှာ တကယ့်ကို အခြေအနေကြီးတစ်ခုထဲ ဖြတ်သန်းထားခဲ့ရပေမယ့် လက်ရှိမှာတော့ ကမ္ဘာ့ဖလားကိုပဲ အာရုံစိုက်ထားတော့မှာ အသေအချာပါပဲ။ ဒါပေမယ့် သူရဲ့ခြေစွမ်းပိုင်းက အကောင်းဆုံး အခြေအနေမှာ ရှိနိုင်ပါ့မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် ပေါ်တူဂီမှာက နေရာအစုံ ကစားသမားကောင်းတွေ များစွာ ပါဝင်နေတာဖြစ်သလို အသင်းနည်းပြ ဆန်းတို့စ်ဟာလည်း အသင်းနဲ့ အချိန်အတန်ကြာ လက်တွဲထားသူဖြစ်လို့ အသင်းရဲ့အထာကို အကောင်းဆုံး နားလည်ထားမှာလည်း အမှန်ပါပဲ။

Photo Credit : Bola

ကမ္ဘာ့ဖလား (၄)ကြိမ် ယှဉ်ပြိုင်ထားခဲ့ရတဲ့ အာဖရိကကိုယ်စားပြု ဂါနာအသင်းဟာ အထင်သေးလို့မရတဲ့ အသင်းမျိုးဖြစ်ပြီး ပါတေး အင်နာကီဝီလီယံစ် ကူဒက်စ် လမ်တေး ဆာလီဆူတို့လို ကစားသမားကောင်းတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားမတိုင်ခင် ခြေစမ်းပွဲမှာ ဆွစ်ဇာလန်ကို အနိုင်ရထားခဲ့တာဟာလည်း ဂါနာအတွက် အားရစရာကောင်းပါတယ်။ ဒါပေမယ့်လည်း ဂါနာဟာ ခြေစမ်းပွဲစဉ်အတွင်း ဘရာဇီးလ် ကာတာ ဂျပန်တို့ကို ရှံးနိမ့်ထားခဲ့တာကတော့ ဂါနာအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Bleacher Report

ပေါ်တူဂီနဲ့ ဂါနာတို့ဟာ ၂၀၁၄ကမ္ဘာ့ဖလားမှာတုန်းကလည်း အုပ်စုအတွင်း ထိပ်တိုက် တွေ့ဆုံခဲ့ပြီး အဲ့အချိန်ကတော့ ပေါ်တူဂီဟာ ရော်နယ်လ်ဒိုရဲ့ သွင်းဂိုးနဲ့အတူ အနိုင်ရထားခဲ့ပါတယ်။ အဲ့ဒီတုန်းက ပေါ်တူဂီဟာ ဂါနာကို (2-1)နဲ့ ပွတ်ကာသီကာသာ အနိုင်ရခဲ့တာဖြစ်ပြီး ဂါနာဟာလည်း ရှုံးပွဲ တွေ့ခဲ့ရပေမယ့် ပေါ်တူဂီကို အကောင်းဆုံး ယှဉ်ကစားနိုင်ခဲ့ပါတယ်။ အခုလည်း ဂါနာအနေနဲ့ ပေါ်တူဂီကို အခက်တွေ့အောင် ကစားနိုင်မှာလည်း အသေအချာပါပဲ။ ဒါပေမယ့် ပေါ်တူဂီတို့ နောက်တစ်ဆင့်တတ်ဖို့အတွက် ဒီလိုပွဲမျိုးမှာ မဖြစ်မနေ အနိုင်ရထားဖို့ လိုအပ်တာကြောင့် ၂၀၁၄တုန်းကလိုပဲ ကျဉ်းမြောင်းတဲ့ ရလဒ်မျိုးနဲ့ အနိုင်ရသွားပါလိမ့်မယ်။

Exit mobile version