၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီး ကျင်းပလာခဲ့ရာ အခုဆိုရင် အုပ်စုပွဲစဉ်တွေ အဆုံးသတ်တော့မယ့် အချိန်ကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေ့ဆိုရင်တော့ အုပ်စု(E)နဲ့ အုပ်စု(F)တို့ရဲ့ အုပ်စုနောက်ဆုံးပွဲတွေကို ယှဉ်ပြိုင်စေမှာဖြစ်ပြီး အဲ့ဒီထဲကမှ အုပ်စု(F)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မော်ရိုကိုအသင်းနဲ့ ကနေဒါအသင်းတို့ ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

Preview: Canada vs. Morocco - prediction, team news, lineups - Sports Mole

Photo Credit : Sports Mole

၂၀၂၂ကမ္ဘာ့ဖလားကို ဆင်နွဲနေတဲ့ အာဖရိကအသင်းတွေထဲမှာ မော်ရိုကိုရဲ့ ခြေစွမ်းပိုင်းဟာ အထင်ကြီးစရာကောင်းနေပါတယ်။ ခရိုအေးရှားကို သရေ ဘယ်လ်ဂျီယံကို အနိုင်ကစားထားခဲ့လို့ ရမှတ်(၄)မှတ်လည်း ပိုင်ဆိုင်ထားခဲ့သလို နောက်တစ်ဆင့်တတ်ဖို့အတွက် အခွင့်အရေးတွေလည်း ပိုင်ဆိုင်ထားပါတယ်။ တစ်ဖက်မှာ ခရိုအေးရှားက ဘယ်လ်ဂျီယံနဲ့ ဆုံတွေ့နေခဲ့တဲ့အတွက် မော်ရိုကိုက ကနေဒါကို သရေကစားနိုင်ရုံနဲ့တင် နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

Preview: Canada vs. Morocco - prediction, team news, lineups - Sports Mole

Photo Credit : Sports Mole

၁၉၈၆နောက်ပိုင်းမှ ကမ္ဘာ့ဖလားကို ပြန်လည် ဆင်နွဲရတဲ့ ကနေဒါကတော့ (၂)ပွဲကစားအပြီး အုပ်စုအဆင့်နဲ့ပဲ ကျေနပ်လိုက်ရပြီဖြစ်လို့ ဒီပွဲမှာ မော်ရိုကိုဆီကနေ အမှတ်ရနိုင်သလောက် ယူသွားနိုင်အောင်တော့ ကြိုးပမ်းဖွယ် ရှိပါတယ်။ ပုံစံကောင်း ပြသနိုင်ပေမယ့် ကမ္ဘာ့ဖလား အတွေ့အကြုံပိုင်း အားနည်းချက်ကြောင့် ရှုံးပွဲတွေ ဆက်ထားခဲ့ရတာ ဖြစ်သလို ဘယ်လ်ဂျီယံနဲ့ပွဲမှာလည်း ကံဆိုးပြီး ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ အခုပွဲမှာလည်း ကနေဒါဟာ ပြိုင်ဘက် မော်ရိုကိုအသင်းကို အခက်တွေ့အောင် ကစားနိုင်ပါလိမ့်မယ်။

Photo Credit : Sporting News

ဒီအုပ်စု(F)မှာ ကနေဒါကလွဲပြီး ကျန်တဲ့ အသင်း(၃)သင်းလုံးက ရှုံးထွက်(၁၆)သင်းအဆင့်ကို တတ်လှမ်းဖို့ မျှော်လင့်ချက်ကိုယ်စီ ရှိနေတာဖြစ်သလို ခရိုအေးရှားနဲ့ဘယ်လ်ဂျီယံပွဲ ရလဒ်က ဘယ်လိုပုံစံပဲထွက်ထွက် မော်ရိုကိုသာ ကနေဒါကို သရေကျလိုက်တယ်ဆိုရင် နောက်တစ်ဆင့် တတ်သွားပြီမို့ ဒီအခွင့်အရေးကိုတော့ ဆုံးရှုံးခံဖွယ် မရှိနိုင်ပါဘူး။ ခရိုအေးရှားရော ဘယ်လ်ဂျီယံရောပါ ဂိုးမပေးရအောင် ကစားထားနိုင်တဲ့ မော်ရိုကို ကို ကနေဒါဘက်က ဂိုးသွင်းဖို့ဆိုတာလည်း မလွယ်နိုင်ဘူး။ မော်ရိုကိုပဲ ရလဒ်ကောင်းသွားမယ်လို့ ထင်မိပါတယ်။