MySport Myanmar

မက္ကဆီကို နဲ့ ဆော်ဒီအာရေဗျအသင်းတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေကို မနေ့ညကပဲ စတင် ကျင်းပလာခဲ့တာ အခုဆိုရင်တော့ ဒုတိယနေ့ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အုပ်စု(C)နဲ့အုပ်စု(D) ပွဲစဉ်တွေကို ယှဉ်ပြိုင်စေမှာဖြစ်ပြီး မနက်(၁)နာရီခွဲအချိန် ပွဲစဉ်တွေထဲကမှ မက္ကဆီကို နဲ့ ဆော်ဒီအာရေဗျအသင်းတို့ ပွဲစဉ်အတွက် အကြိုသုံးသပ်ချက်တွေကို တင်ဆက်ပေးသွားချင်ပါတယ်။

Photo Credit : Sports Mole

မြောက်အမေရိကထိပ်သီး မက္ကဆီကိုအသင်းက ၁၉၉၄ကမ္ဘာ့ဖလား ၂၀၁၈ကမ္ဘာ့ဖလားအထိ ရှုံးထွက်အဆင့်တွေကို တတ်လှမ်းနိုင်ခဲ့ဖူးတဲ့ အစဉ်အလာ ရှိခဲ့သည့်တိုင်အောင် ဒီတစ်ကြိမ်မှာတော့ အလားအလာ မကောင်းပါဘူး။ နှစ်ပွဲကစား တစ်မှတ်ပဲ ရထားသေးသလို တိုက်စစ်ကလည်း တစ်ဂိုးမှ မသွင်းနိုင်သေးတဲ့ မက္ကဆီကိုက အာဂျင်တီးနားကို upset ရလဒ်နဲ့ အနိုင်ယူထားတဲ့ ဆော်ဒီအသင်းကို ဘယ်လို ရင်ဆိုင်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပြီး ဒီပွဲဟာလည်း မက္ကဆီကိုအတွက် must win game ဖြစ်နေပါတယ်။

Photo Credit : Sports Mole

အာဂျင်တီးနားကို အံ့အားသင့်စဖွယ် အနိုင်ယူခဲ့ပြီး ပိုလန်ကို အရှုံးပေးခဲ့ရတဲ့ ဆော်ဒီဟာ အာရှကိုယ်စားပြု အသင်းတွေထဲမှာတော့ တကယ့်ကို ကြိုးစားအားထုတ်မှု ကောင်းမွန်တဲ့ အသင်းပါ။ ဒါပေမယ့် ဂိုးကွာခြားချက်မှာ (၃)မှတ်ရထားတဲ့ အာဂျင်တီးနားထက် (၂)ဂိုးလျော့နည်းနေလို့ ဒီပွဲက ဆော်ဒီအတွက် မဖြစ်မနေ အနိုင်ယူရမယ့်ပွဲ ဖြစ်နေရပါတယ်။ ပိုလန်ကို ရှံးခဲ့ရတဲ့ ပွဲမှာတောင် ရလဒ်အရ ရှုံးခဲ့ရပေမယ့် ခြေအရ မရှုံးအောင် ကစားနိုင်ခဲ့တဲ့ ဆော်ဒီ အခုလို အရေးကြီးတဲ့ ပွဲတစ်ပွဲမှာ ဘာတွေ ထပ်လုပ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ချင်စရာပါ။

Photo Credit : Khel Nows

အင်အားကြီး အသင်းနှစ်သင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ထားခဲ့ရတဲ့ ဆော်ဒီအသင်းမှာ ဒဏ်ရာရ ကစားသမားက ပိုတိုးလာသလို ကစားသမားတချို့ရဲ့ fitness ပိုင်းဟာလည်း စိုးရိမ်စရာ အနေအထားမှာ ရှိနိုင်တာက သတိထားစရာပါ။ အခု သူတို့ရင်ဆိုင်ရမယ့် မက္ကဆီကိုက တကယ့်ကို မာမာထန်ထန် ကစားတတ်တဲ့ အသင်းဖြစ်နေတာက ဆော်ဒီအတွက် စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။ ဒီပွဲမှာ နှစ်သင်းလုံးရဲ့ သွင်းဂိုးတွေကို မြင်တွေ့လာရနိုင်ပြီး ရှိသမျှအားနဲ့ အကုန်ရုန်းထပြတော့မယ့် မက္ကဆီကိုအသင်းကိုတော့ ပိုသဘောကျမိပါတယ်။

Exit mobile version