MySport Myanmar

ဂျာမနီ နဲ့ ဂျပန်အသင်းတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်

၂၀၂၂ကာတာကမ္ဘာ့ဖလားပွဲစဉ်တွေထဲကမှ ဒီကနေ့ ည(၇)နာရီခွဲအချိန်မှာ ကျင်းပသွားမယ့် အုပ်စု(E)ရဲ့ အုပ်စုအဖွင့်ပွဲဖြစ်သော ဥရောပထိပ်သီး ဂျာမနီအသင်းနဲ့ အာရှထိပ်သီး ဂျပန်အသင်းတို့ ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Draftking

ကမ္ဘာ့ဖလား(၄)ကြိမ် ချန်ပီယံ ဖြစ်ထားခဲ့တဲ့ ဂျာမနီက အုပ်စုအတွင်းမှာ စပိန်လို အသင်းမျိုးနဲ့ တစ်အုပ်စုတည်း ကျရောက်နေတဲ့အတွက် စပိန်နဲ့ မဆုံရခင်မှာ တခြားပြိုင်ဘက်တွေကို အနိုင်ရထားဖို့ လိုအပ်နေပါတယ်။ ဂျာမနီက ထိပ်တန်းကစားသမားကောင်းတွေနဲ့ ဖွဲ့စည်းထားတာ ဆိုပေမယ့်လည်း no(9)role စစ်စစ် ကစားသမား မပါဝင်လာခြင်းနဲ့ ရူဒီဂါ ဇူလာတို့ရဲ့ခံစစ်ပိုင်းက သိပ်ပြီး ကျစ်လစ်မှု ရှိမနေခြင်းတွေက ဂျာမနီအတွက် သတိထားစရာတွေ ဖြစ်လာနိုင်ပါတယ်။

Photo Credit : The Sun

မနေ့က အာရှကိုယ်စားပြု ဆော်ဒီက အာဂျင်တီးနားကို အနိုင်ယူပြခဲ့သလို ဆာမူရိုင်းတွေဟာလည်း ဂျာမနီနဲ့ပွဲမှာ တစ်ခုခုလုပ်ပြဖို့ ကြိုးပမ်းလာမှာ အသေအချာပါပဲ။ ဂျာမနီနဲ့ ဘောလုံးအဆင့်အတန်းချင်း ခြားနားလွန်းတယ် ဆိုပေမယ့်လည်း ကာမာဒါ တိုမီယာစု မီနာမီနို ကူဘိုတို့လို ဥရောပရောက် ဂျပန်ကစားသမားကောင်းတွေနဲ့အတူ ဂျာမနီကို အကောင်းဆုံး ရင်ဆိုင်သွားဖွယ် ရှိနေပြီး ဘယ်လို ရလဒ်မျိုး ဖော်ဆောင်ပြနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

Photo Credit : The Sun

ဂျာမနီက ကမ္ဘာ့ဖလား အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားပြီး ကစားသမားကောင်းတွေလည်း ပါဝင်နေတဲ့ အသင်းဖြစ်နေပေမယ့် အရင်က ဂျာမနီလိုမျိုး အစစအရာရာမှာ တောင့်တင်းနေတဲ့ ပုံစံမျိုး မမြင်တွေ့ရပါဘူး။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့တစ်ကြိမ်ကလို အုပ်စုအဆင့်ကနေ လှည့်ပြန်တာမျိုး မဖြစ်စေဖို့ အခုလို ပွဲစဉ်မှာ ရလဒ်ကောင်းထားဖို့က လိုအပ်နေပါတယ်။ ဂျပန်ကလည်း အထင်သေးလို့မရတဲ့ အသင်းမျိုး ဖြစ်နေတယ်ဆိုပေမယ့် ဂျာမနီကို ပွဲချိန်ပြည့် တောင့်ခံထားဖို့က ခက်ခဲနိုင်ပါတယ်။ ဂျာမနီပဲ အနိုင်ရသွားပါလိမ့်မယ်။

Exit mobile version