MySport Myanmar

ဂျာမနီ နဲ့ ကော်စတာရီကာအသင်းတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်

ဒီနေ့မှာတော့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ အုပ်စု(E)နဲ့ အုပ်စု(F)တို့တွေက အသင်းတွေက အုပ်စုနောက်ဆုံးပွဲတွေကို ယှဉ်ပြိုင်စေမှာဖြစ်ပြီး အဲ့ဒီထဲကမှ မနက် (၁)နာရီအချိန်မှာ ယှဉ်ပြိုင်သွားမယ့် အုပ်စု(E)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဂျာမနီအသင်းနဲ့ ကော်စတာရီကာအသင်းတို့ ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

ဂျာမနီက ဂျပန်နဲ့ပွဲမှာ ဒုတိယပိုင်း ကစားပုံကြောင့် အရှုံးပေးခဲ့ရပေမယ့် စပိန်နဲ့ပွဲမှာတော့ ဂျပန်နဲ့ပွဲက ကစားပုံထက် ပိုကောင်းလာခဲ့ပြီး ဆာနေးပါ ပြန်လည် ပါဝင်လာခဲ့တာကြောင့် တိုက်စစ်ကလည်း အားကောင်းလာခဲ့ပါတယ်။ လက်ရှိမှာ (၁)မှတ်သာ ရထားသေးတဲ့ ဂျာမနီအနေနဲ့ ကော်စတာရီကာကို အနိုင်ကစားဖို့က မဖြစ်မနေ လိုအပ်နေရပြီး ဒီပွဲမှာ လုံးဝ အမှားခံလို့ မဖြစ်တော့တာကိုလည်း သတိထားရပါလိမ့်မယ်။

Photo Credit : Nico Times

စပိန်ကို ဂိုးပြတ်ရှုံးထားပြီးမှ ဂျာမနီနဲ့ပွဲမှာ အံ့အားသင့်ဖွယ် ရလဒ်မျိုး ဖော်ဆောင်ထားခဲ့တဲ့ ဂျပန်ကို အနိုင်ယူခဲ့တဲ့ ကော်စတာရီကာဟာ လက်ရှိမှာ (၃)မှတ်ရထားခဲ့တာကြောင့် နောက်တစ်ဆင့်အတွက် မျှော်လင့်ချက် ရှိလာခဲ့ရပြီး ဂျာမနီကိုသာ သရေကစားပြီး ဂျပန်က စပိန်ကို ရှုံးလိုက်မယ်ဆိုရင် ကော်စတာရီကာက စပိန်နဲ့အတူ ရှုံးထွက်ကို တတ်လှမ်းနိုင်မှာဖြစ်လို့ ဒီပွဲမှာ ခံစစ်ကို အသားပေးပြီး ကစားလာဖွယ် ရှိနိုင်ပါတယ်။

Photo Credit : The Sun

ကော်စတာရီကာ အခု အုပ်စုပွဲ (၂)ပွဲကစားအပြီးမှာ ဂိုးပေါက်တည့်ကန်ချက်က တစ်ကြိမ်သာ ရှိထားသေးတာကြောင့် အဲ့ဒီလို အခြေအနေမျိုးနဲ့ ဂျာမနီနဲ့ပွဲမှာ ဂိုးရဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းလို့ သေချာပေါက် ခံစားကိုပဲ ဦးစားပေးလာပါလိမ့်မယ်။ ဒါမဲ့ ဆာနေးပါ ပါဝင်လာလို့ ပိုပြီးကို အားကောင်းလာမယ့် ဂျာမနီတိုက်စစ်ကို ပွဲချိန်ပြည့် တောင့်ခံထားဖို့ဆိုတာကလည်း မဖြစ်နိုင်ပါဘူး။ ဂျာမနီအနေနဲ့ ဂိုးရလိုဇောနဲ့ တစ်သင်းလုံး တိုက်စစ်လိုက်ကစားရင်း ခံစစ်မပေါက်သွားဖို့ကိုသာ သတိထားရပါလိမ့်မယ်။ ဒါပေမယ့် ဂျာမနီ အနိုင်ရဖို့ကတော့ သေချာပါတယ်။

Exit mobile version