၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေကို မနေ့ညကပဲ စတင် ကျင်းပလာခဲ့တာ အခုဆိုရင်တော့ ဒုတိယနေ့ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အုပ်စု(C)နဲ့အုပ်စု(D) ပွဲစဉ်တွေကို ယှဉ်ပြိုင်စေမှာဖြစ်ပြီး ည(၉)နာရီခွဲအချိန် ပွဲစဉ်တွေထဲကမှ ပြင်သစ်အသင်းနဲ့ တူနီးရှားအသင်းတို့ ပွဲစဉ်အတွက် အကြိုသုံးသပ်ချက်အဖြစ် တင်ဆက်ပေးသွားချင်ပါတယ်။

Kylian Mbappe celebrates scoring for France on November 26, 2022

Photo Credit : Sports Mole

ပြင်သစ်က သြစတြေးလျနဲ့ ဒိန်းမတ်တို့ကို အနိုင်ယူလိုက်ပြီး အဲ့ဒီ(၂)ပွဲဆက် နိုင်ပွဲတွေကြောင့် နောက်တစ်ဆင့်ကို စောစောစီးစီး တတ်လှမ်းနိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပြင်သစ်က အခု တူနီးရှားနဲ့ပွဲမှာ ကစားသမားအင်အား ချွေတာသွားမလားဆိုတာ စောင့်ကြည့်ရပါမယ်။ တစ်ဖက်မှာလည်း သြစတြေးလျအသင်းက ဒိန်းမတ်ကို နိုင်ခဲ့မယ်ဆိုရင်တောင် ပြင်သစ်က တူနီးရှားကို သရေကျလိုက်မယ်ဆိုရင် အုပ်စုဗိုလ်နေရာ သေချာနေတာမို့ လာမယ့် ရှုံးထွက်ပွဲအတွက် အဓိက ကစားသမား အနားပေးမှုတွေ ခပ်များများ လုပ်ဆောင်လာနိုင်ပါတယ်။

Tunisia once again fail to soar at FIFA World Cup | FARPost

Photo Credit : FARPost

တူနီးရှားကတော့ ဒိန်းမတ်ကို သရေကစားထားနိုင်ခဲ့ပေမယ့် သြစတြေးလျကို ရှုံးထားခဲ့ရတဲ့အပြင် အခုလည်း အုပ်စုတွင်း အင်အားအကြီးဆုံး ပြင်သစ်နဲ့ ရင်ဆိုင်ရဦးမှာမို့ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်လိုက်ရဖို့က အခြေအနေ အရမ်းများသွားခဲ့ပြီ ဖြစ်ပါတယ်။ ပြင်သစ်က ဒီပွဲမှာ အဓိက ကစားသမားတွေ အနားပေးလာခဲ့မယ်ဆိုရင်တောင် သူတို့လူစာရင်းက တောင့်တင်းနေဆဲဖြစ်လို့ ပြင်သစ်ကို တူနီးရှားတို့ ယှဉ်ကစားဖို့က ခက်ခဲနိုင်ပါတယ်။ ဒီအခြေအနေမှာ တူနီးရှားဘက်က ပြင်သစ်ကို ဘယ်လိုပုံစံနဲ့ ရင်ဆိုင်သွားမလဲဆိုတာကိုပဲ စောင့်ကြည့်ရပါမယ်။

Tunisia vs France: Live stream, TV channel, kick-off time & where to watch | Goal.com English Saudi Arabia

Photo Credit : Goal

ပြင်သစ်နဲ့ တူနီးရှားတို့ တွေ့ဆုံမှုမှာ ပြင်သစ်ကပဲ နိုင်ပွဲရဖို့အတွက် ရာခိုင်နှုန်းများစွာနဲ့ ရေပန်းစားနေမယ် ဆိုပေမယ့် နောက်တစ်ဆင့် တတ်လှမ်းပြီးသားဖြစ်လို့ ကစားသမား ချွေတာမှုတွေ လုပ်ဆောင်လာနိုင်တာကို မေ့ထားလို့ မဖြစ်ပါဘူး။ တူနီးရှားကလည်း ဂိုးတစ်ဂိုးရဖို့ ရုန်းကန်နေတဲ့ အသင်းဖြစ်နေတာကြောင့် အခုပွဲကို ဂိုးအနည်းဆီ ဦးတည်နိုင်တယ်လို့ ယူဆချင်သလို ပြင်သစ်အသင်းက ဂိုးမပြတ်ပဲ ကပ်နိုင်သွားမယ်လို့လည်း ထင်မိပါတယ်။