၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့် ပွဲစဉ်များရဲ့ ပွဲစဉ်(၂) ဒုတိယနေ့ ပွဲစဉ်များထဲကမှ ည(၁၀)နာရီခွဲအချိန်မှာ ကျင်းပသွားမယ့် ဥရောပတိုက် ကိုယ်စားပြု အသင်းတွေဖြစ်ကြသော ပြင်သစ်အသင်းနဲ့ ဒိန်းမတ်အသင်းတို့ ပွဲစဉ်အတွက် ပွဲကြိုခန့်မှန်းချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

France vs Denmark World Cup: team news, line-ups and predictions - UK Sports News

Photo Credit : UK Sports News

လက်ရှိ ကမ္ဘာ့ချန်ပီယံ ပြင်သစ်ကတော့ သြစတြေးလျနဲ့ပွဲမှာ သူတို့ရဲ့ တိုက်စစ် အားကောင်းမောင်းသန်မှုကို ပြသနိုင်ခဲ့ပြီး အရှုံးရလဒ်ကနေ နိုင်ပွဲတစ်ပွဲကို ပြန်လည် ဖော်ဆောင်ပြနိုင်ခဲ့ပါတယ်။ အသင်းမှာ ဒဏ်ရာရ ကစားသမားအဖြစ် လူးကပ်စ်ဟာနန်ဒက်ဇ်ပါ ထပ်တိုးသွားခဲ့ရပေမယ့် ပြင်သစ်မှာက အရည်အသွေးမြင့် ကစားသမားတွေ ပါဝင်နေတာဖြစ်လို့ ဟန်မပျက်နဲ့ ဆက်လက် အားကောင်းနေပါသေးတယ်။ ဒါ့အပြင် ဂျရူးက ဒီပွဲမှာ ဂိုးတစ်ဂိုး သွင်းနိုင်ခဲ့တာနဲ့ ပြင်သစ်ရဲ့ ဂိုးသွင်းအများဆုံးသူ ဖြစ်လာမှာမို့ ဒီပွဲအတွင်း ဂျရူးကို စောင့်ကြည့်သွားရမှာပါ။

France vs Denmark Head To Head Results & Records (H2H)

Photo Credit : SillySeason

ဒိန်းမတ်ကတော့ ခြေစစ်ပွဲတွေအတွင်း ရလဒ်တွေ ကောင်းမွန်ထားခဲ့ပေမယ့် ကမ္ဘာ့ဖလား အဖွင့်ပွဲမှာ တူနီးရှားကိုတော့ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပါတယ်။ တူနီးရှားလို အသင်းမျိုးကို အနိုင်မကစားနိုင်ခဲ့တဲ့ ဒိန်းမတ်က အခု အုပ်စုအတွင်း အင်အားအကြီးမားဆုံး ပြင်သစ်နဲ့ ရင်ဆိုင်ရတော့မှာဖြစ်လို့ ဒိန်းမတ်အတွက် ပိုပြီးတော့ကို ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် မကြာသေးခင်က နေးရှင်းစ်လိဂ်မှာ ဆုံတွေ့ခဲ့စဉ်ကတော့ ဒိန်းမတ်က ပြင်သစ်ကို နှစ်ကျော့လုံး အနိုင်ယူထားခဲ့ပါတယ်။

France vs Denmark: TV channel, live stream FREE, team news and kick-off time for 2022 World Cup Group D clash | The Sun

Photo Credit : The Sun

ဒီနှစ်သင်းဟာ မကြာသေးခင်ကမှ ပူပူနွေးနွေး တွေ့ဆုံထားတဲ့ ဥရောပအသင်းတွေဖြစ်ပြီး ဒိန်းမတ်ကပဲ ရလဒ်တွေ ကောင်းမွန်ထားတယ် ဆိုပေမယ့် အခုအချိန်မှာတော့ ပြင်သစ် ကစားအားက နေးရှင်းစ်လိဂ်ကထက် ပိုအားကောင်းနေပါတယ်။ သေချာတာကတော့ ပြင်သစ်အတွက် ဒီပွဲက အဖွင့်ပွဲကထက် ပိုမို ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာနိုင်ပေမယ့် တကယ်လို့ ပြင်သစ်က နိုင်လိုက်မယ်ဆိုရင်တော့ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ပြီဖြစ်တာကြောင့် နိုင်ပွဲကို ဦးတည်လာမယ့် ပြင်သစ် နေးရှင်းစ်လိဂ်ရှုံးကြွေးကို ပြန်ဆပ်နိုင်ပါလိမ့်မယ်။