MySport Myanmar

ပြင်သစ် နဲ့ သြစတြေးလျအသင်းတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်

ဒီနေ့ညမှာ ကျင်းပသွားမယ့် ပွဲစဉ်တွေအထဲကမှ နောက်ဆုံးပွဲတစ်ပွဲဖြစ်တဲ့ လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းနဲ့ အာရှအင်အားကြီးအသင်း သြစတြေးလျအသင်းတို့ရဲ့ ပွဲစဉ်အတွက် ပွဲကြို ခန့်မှန်းသုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : FanDuel

၂၀၁၈ရုရှားကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းဟာ လက်ရှိမှာတော့ ဘန်ဇီမာ ပေါ့ဘာ ကန်တေ အန်ကွန်ကူတို့လို ကစားသမားကောင်းတွေကို ဒဏ်ရာပြသာနာတွေကြောင့် လက်လွတ်ထားရပေမယ့် အသင်းမှာက အရည်အသွေးမြင့်မားတဲ့ ကစားသမားတွေ ပါဝင်နေသေးတာကြောင့် အားမလျှော့သွားနိုင်ပါဘူး။ ဒါပေမယ့် ပေါ့ဘာ ကန်တေတို့ မပါဝင်လာနိုင်တဲ့ ပြင်သစ်ကွင်းလယ်ပိုင်းကတော့ သိသိသာသာ အားနည်းမှုတွေ ဖြစ်လာနိုင်တာကို သတိထားရပါမယ်။

Photo Credit : SportMole

၂၀၀၆ဂျာမနီကမ္ဘာ့ဖလားပြိုင်ပွဲကနေ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအထိ (၅)ကြိမ်ဆက်ထိ ဝင်ရောက် ဆင်နွဲခွင့်ရထားတဲ့ သြစတြေးလျအသင်းဟာ နောက်ဆုံး(၄)ကြိမ်ဆက် အုပ်စုအဆင့်ကနေ မကျော်နိုင်ခဲ့သလို လက်ရှိမှာလည်း အသင်းရဲ့ အနေအထားက ရလဒ်တွေ ကောင်းနေသည့်တိုင် အားရစရာ ရှိမနေပါဘူး။ ဒါ့အပြင် နောက်ဆုံး ကစားထားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေမှာလည်း ဆက်တိုက် ရလဒ်ဆိုးထားတဲ့ အခြေအနေတွေကြောင့် ပြင်သစ်အသင်းနဲ့ ပွဲစဉ်မှာ အဖွင့်လှဖို့က ခက်ခဲနိုင်ပါတယ်။

Photo Credit : Sporting News

အဓိက ကစားသမားတွေ မပါဝင်လာနိုင်ခဲ့တဲ့ ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့အတွက် လက်ကျန် ကစားသမားတွေနဲ့ ပြိုင်ပွဲကို အကောင်းဆုံး ဆင်နွဲဖွယ်ရှိနေပြီး ရှုံးထွက်မှာပါ တစ်ဖက်အုပ်စုက အာဂျင်တီးနားအသင်းနဲ့ စောစောစီးစီး မဆုံရဖို့အတွက် အုပ်စုပထမနေရာ ရရှိဖို့ လိုအပ်ပါလိမ့်မယ်။ ဒါကြောင့် အုပ်စုတွင်း အားအနည်းဆုံး အသင်းဖြစ်တဲ့ သြဇီနဲ့ ဆုံတွေ့ချိန်မှာ နိုင်ပွဲရအောင် အသေအချာ ကြိုးပမ်းသွားမှာဖြစ်ပြီး ဘာပေ ဂျရူးတို့ရဲ့ တိုက်စစ်အချိတ်အဆက်တွေနဲ့ အနည်းဆုံး (၂)ဂိုးပြတ်နိုင်ပါလိမ့်မယ်။

Exit mobile version