၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေကို မနေ့ညကပဲ စတင် ကျင်းပလာခဲ့တာ အခုဆိုရင်တော့ ဒုတိယနေ့ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အုပ်စု(C)နဲ့အုပ်စု(D) ပွဲစဉ်တွေကို ယှဉ်ပြိုင်စေမှာဖြစ်ပြီး ည(၉)နာရီခွဲအချိန် ပွဲစဉ်တွေထဲကမှ အုပ်စု(D)က အသင်းတွေဖြစ်တဲ့ ဒိန်းမတ်အသင်းနဲ့ သြစတြေးလျအသင်းတို့ ပွဲစဉ်အတွက် အကြိုသုံးသပ်ချက်တွေကို တင်ဆက်ပေးသွားချင်ပါတယ်။

Denmark vs Australia - World Cup: Team news, lineups & prediction

Photo Credit : 90Min

တူနီးရှားကို သရေ ပြင်သစ်ကို ရှုံးနိမ့်ထားခဲ့ရတဲ့ ဒိန်းမတ်အသင်းဟာ အခု သြစတြေးလျနဲ့ ရင်ဆိုင်ရမယ့် အုပ်စုနောက်ဆုံးပွဲမှာ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ဒိန်းမတ်အနေနဲ့ ခြေစစ်ပွဲတွေမှာ ရလဒ်ပိုင်း အလွန်ကောင်းမွန်ခဲ့ရပေမယ့် ကမ္ဘာ့ဖလားမှာတော့ နိုင်ပွဲ မရှိသေးတဲ့အတွက် နောက်တစ်ဆင့်တတ်ဖို့ ခက်ခဲနေရသလို အသင်းတိုက်စစ်ပိုင်းမှာလည်း အားနည်းချက်တွေ ရှိနေရပါတယ်။

Preview: Australia vs. Denmark - prediction, team news, lineups - Sports Mole

Photo Credit : Sports Mole

သြစတြေးလျကတော့ အဖွင့်ပွဲမှာ ပြင်သစ်ကို ဦးဆောင်ပြီးမှ ရှုံးခဲ့ရပေမယ့် တူနီးရှားကို အနိုင်ရခဲ့လို့ ၂၀၀၆ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ရှုံးထွက်အဆင့်ကို ပထမဆုံးအကြိမ် တတ်လှမ်းနိုင်ဖို့ အခြေအနေကောင်းနေရပါတယ်။ ဒါပေမယ့် သြစတြေးလျအသင်းအနေနဲ့ ဒိန်းမတ်ကို အနိမ့်ဆုံး သရေရအောင် ကစားဖို့ လိုအပ်နေပြီး ဒီလိုမှမဟုတ်ပဲ ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ အုပ်စုအဆင့်နဲ့သာ ကျေနပ်သွားရမှာပဲ ဖြစ်ပါတယ်။

Photo Credit : Goal

ဒိန်းမတ်နဲ့ သြစတြေးလျအသင်းတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာပဲ ဆုံတွေ့ခဲ့ဖူးပြီး အဲ့ဒီအချိန်တုန်းကတော့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျထားခဲ့ပါတယ်။ ဒါပေမယ့် အခုပွဲမှာတော့ ဒိန်းမတ်အတွက် လုံးဝကို သရေကျလို့ မဖြစ်တော့တာမို့ အနိုင်ရအောင်ပဲ အသေအချာ ယှဉ်ပြိုင်ပါလိမ့်မယ်။ ဒါပေမယ့်လည်း သြစတြေးလျကလည်း သူတို့ လက်ရှိ ရရှိထားတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချဖို့အတွက်လည်း ပြင်ဆင်လာမှာပါ။ သြစတြေးလျမှာ chance ရှိနေတယ် ဆိုပေမယ့် ဒိန်းမတ်ကိုပဲ ပိုသဘောကျမိပါတယ်။