၂၀၂၂ကာတာကမ္ဘာ့ဖလားပွဲစဉ်တွေကို နေ့စဉ်ကျင်းပလာခဲ့တာ ဒီနေ့ဆိုရင် (၄)ရက်မြောက်နေ့ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ပွဲစဉ်(၄)ပွဲကို ဆက်လက် ယှဉ်ပြိုင်စေမှာဖြစ်ပြီး အဲ့ဒီပွဲစဉ်တွေထဲကမှ ညနေ(၄)နာရီခွဲအချိန်မှာ ကျင်းပမယ့် ခရိုအေးရှားနဲ့ မော်ရိုကိုတို့ပွဲအကြောင်း သုံးသပ်ပေးသွားချင်ပါတယ်။

Morocco vs Croatia: How to watch live, stream link, team news

Photo Credit : Goal

၂၀၁၈ကမ္ဘာ့ဖလားတုန်းက ဒုတိယရခဲ့သလို ၂၀၂၂-၂၀၂၃ နေးရှင်းလိဂ်မှာလည်း ဆီမီးဖိုင်နယ်ဆီ တတ်လှမ်းထားတဲ့ ခရိုအေးရှားဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး အသင်းမှာလည်း မိုဒရစ် ကိုဗာဆစ် ပါရီဆစ် ဘရိုဇိုဗစ် ဂဗာဒီယို့တို့လို ထိပ်တန်း ကစားသမားကောင်းတွေ အစုံအလင် ပါဝင်နေပါတယ်။ ၂၀၂၀ယူရိုမှာ စပိန်ကို ရှုံးပြီးနောက်ပိုင်း (၁၆)ပွဲ ဆက်ကစားထားရာမှာလည်း တစ်ပွဲတည်းကိုသာ ရှုံးခဲ့တဲ့အထိ ခရိုအေးရှားရဲ့ form က အလွန်ကောင်းမွန်နေပါတယ်။

Morocco's Achraf Hakimi, Hakim Ziyech Among CAF Awards Nominees

Photo Credit : Morocco World News

ဇီယက်ရှ် အန်နက်ဆရီ ဟာခီမီတို့လို ဥရောပမှာ ကျင်လည်နေတဲ့ ကစားသမားကောင်းတချို့နဲ့ ဖွဲ့စည်းထားတဲ့ မော်ရိုကိုအသင်းဟာလည်း ဒီအုပ်စုမှာ နောက်တစ်ဆင့်တတ်ရေးအတွက် အလားအလာကောင်းနိုင်တဲ့ အသင်းဖြစ်နေတာကြောင့် ပွဲတိုင်းကို အာရုံစိုက်ကစားလာနိုင်သလို အခုပွဲမှာလည်း ခရိုအေးရှားဆီက အနည်းဆုံး သရေလောက်ရအောင် ကစားလာဖွယ် ရှိနိုင်ပါတယ်။ ညာခြမ်းတစ်လျှောက်လုံးမှာ ခရိုအေးရှားအသင်းကို မွှေနှောက်မယ့် ဟာခီမီရဲ့ စွမ်းဆောင်ရည်ကို အဓိကထား စောင့်ကြည့်ရပါလိမ့်မယ်။

Morocco vs Croatia: World Cup Preview, Predictions

Photo Credit : Morocco World News

ဒီနှစ်သင်း လုံးဝ ဆုံတွေ့ထားဖူးခြင်း မရှိလို့ တစ်သင်းရဲ့အထာကို သိဖို့က ခက်ခဲနိုင်ပြီး အခု တွေ့ဆုံမှုဟာလည်း ရလဒ် ဘယ်လို ထွက်လာနိုင်မလဲဆိုတာ မှန်းဆရခက်နိုင်ပါတယ်။ ကစားသမားအင်အား အတွေ့အကြုံနဲ့ လက်ရှိ form အရတော့ ခရိုအေးရှားက အသာရနေတယ်လို့ ဆိုနိုင်ပေမယ့် မော်ရိုကိုရဲ့ ကစားအားကြောင့်လည်း ခရိုအေးရှားအတွက် tough game ဖြစ်လာနိုင်ပါတယ်။ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရင်း ခရိုအေးရှား ကပ်နိုင်သွားပါမယ်။