MySport Myanmar

ဘရာဇီးလ် နဲ့ ဆာဘီးယားအသင်းတို့ရဲ့ ကမ္ဘာ့ဖလား ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်

ဒီနေ့မှာ ကျင်းပသွားမယ့် ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံးသော ပွဲစဉ်ဖြစ်သော မနက်(၁)နာရီခွဲအချိန်မှာ ယှဉ်ပြိုင်စေမယ့် ကမ္ဘာ့ထိပ်သီး ဘရာဇီးလ်အသင်းနဲ့ ဥရောပ အသင်းကောင်းတစ်သင်းဖြစ်တဲ့ ဆာဘီးယားအသင်းတို့ ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်အကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Sports Mole

ကမ္ဘာ့ဖလားမှာ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ဘရာဇီးလ်ဟာ ၂၀၀၂မှာ ဗိုလ်စွဲပြီးနောက်ပိုင်း အောင်မြင်မှုနဲ့ အလှမ်းဝေးခဲ့ရသလို ဗိုလ်လုပွဲတောင်ပါ မရောက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် လက်ရှိမှာတော့ ဘရာဇီးလ်ဟာ ရလဒ်ပိုင်းရော ကစားအားပိုင်းမှာပါ အလွန်ကောင်းမွန်နေပြီး ၂၀၂၂ခုနှစ်ထဲမှာလည်း လုံးဝရှုံးပွဲမရှိသေးပဲ နောက်ဆုံးကစားထားတဲ့ (၇)ပွဲဆက်တိုက် အနိုင်ရထားခဲ့ပါတယ်။ ဒါတွေကြောင့်လည်း ဘရာဇီးလ်အသင်းဟာ ကာတာကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်လာနိုင်မယ်လို့ အသင်းဆိုပြီး ရေပန်းအစားဆုံး ဖြစ်နေရပါတယ်။

Photo Credit : Sports Mole

မီထရိုဗစ် ဗလာဟိုဗစ် တာဒစ် မီလင်ကိုဗစ်ဆာဗစ် ကို့စတစ်တို့လို အရည်အသွေးမြင့် ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဆာဘီးယားကတော့ ဘရာဇီးလ်နဲ့ ပြီးခဲ့တဲ့ ၂၀၁၈ကမ္ဘာ့ဖလားတုန်းကလည်း အုပ်စုအတွင်းမှာ ဆုံခဲ့ဖူးသေးသလို (၂)ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ ကမ္ဘာ့ဖလားကို (၁၃)ကြိမ်အထိပါ ပါဝင်ထားခဲ့ရတဲ့ ဆာဘီးယားဟာ ၁၉၉၈နောက်ပိုင်း ကမ္ဘာ့ဖလားကို (၃)ကြိမ် ပါဝင်ခဲ့ရမှာတော့ (၃)ကြိမ်လုံး အုပ်စုအဆင့်တွေနဲ့ပဲ ကျေနပ်ထားခဲ့ရပါတယ်။

Photo Credit : Khel Now

ဆာဘီးယားက ကစားသမားကောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းဖြစ်သလို ခြေစစ်ပွဲတွေမှာလည်း ရလဒ်တွေ ကောင်းမွန်တတ်ပေမယ့် တကယ့်ပြိုင်ပွဲကြီးတွေမှာတော့ ရုန်းကန်ရတတ်ပါတယ်။ အခုလည်း ဘရာဇီးလ် အသင်းမျိုးနဲ့ တွေ့ဆုံနေရချိန်မှာ သူတို့ရဲ့ တိုက်စစ်စုဖွဲ့မှုနဲ့ ဘရာဇီးလ်ခံစစ်ကို ဒုက္ခပေးနိုင်ဖွယ် ရှိနေတယ်ဆိုပေမယ့် ဘရာဇီးလ်ရဲ့ တိုက်စစ်အင်အားကိုတော့ ပွဲချိန်ပြည့် တောင်ခံနိုင်မှာတော့ မဟုတ်ဘူး။ ဒါကြောင့် ဘရာဇီးလ်ကိုပဲ သဘောကျမိတယ်။ အာဂျင်တီးနားလို အဖွင့်မလှတာမျိုး ဘရာဇီးလ်တို့ အဖြစ်မခံလောက်ဘူး။ ဘရာဇီးလ်ပဲ အနိုင်ရပါမယ်။

Exit mobile version