ဒီနေ့ည မနက်ဖြန်မနက်(၁)နာရီခွဲအချိန်မှာ တပြိုင်နက်တည်း ယှဉ်ပြိုင်ကစားသွားကြမယ့် အုပ်စု(G)က ဘရာဇီးလ်နဲ့ကင်မရွန်းပွဲ ဆာဘီးယားနဲ့ဆွစ်ဇာလန်ပွဲတွေရဲ့ ပွဲအကြို သုံးသပ်ခန့်မှန်းချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

Brazil World Cup 2022 squad: Who's in and who's out? | Goal.com

Photo Credit : Goal

လက်ရှိ အုပ်စု(G)မှာ ဘရာဇီးလ်က ရှုံးထွက်အဆင့်ကို တတ်လှမ်းထားခဲ့ပြီဖြစ်ပြီး သူတို့အသင်းရဲ့ ဂိုးကွာခြားချက်အရ အုပ်စုဗိုလ်နေရာကိုပါ ရရှိထားနိုင်ပြီလို့ သတ်မှတ်လို့ရပါတယ်။ ဆွစ်ဇာလန်ကတော့ ကင်မရွန်းကို နိုင်ထားလို့ (၃)မှတ်ရထားပြီး အုပ်စုဒုတိယနေရာမှာ ရပ်တည်ထားသလို နိုင်ပွဲမရထားသေးတဲ့ ကင်မရွန်းနဲ့ ဆာဘီးယားတို့က (၁)မှတ်စီ ရရှိထားပါတယ်။Cameroon vs Brazil: Predicted lineup. Injury news and head-to-head

Photo Credit : Khel Now

နောက်တစ်ဆင့် တတ်လှမ်းပြီးသားဖြစ်တဲ့ ဘရာဇီးလ်ကတော့ နေမာလည်း ဒဏ်ရာရထားတာဖြစ်လို့ ဒီပွဲမှာ ရစ်ချာလီဆန် ကက်စမဲရိုး ဗင်နီစီယပ်စ်တို့လို အဓိကကျတဲ့ ကစားသမားတွေ အနားပေးလာနိုင်ပြီး ဂျေဇူး မာတင်နယ်လီ ဂွီမာရေ့စ်တို့လို ကစားသမားတွေနဲပ ပွဲထွက်လာနိုင်ပါတယ်။ ကင်မရွန်းကလည်း တိုက်စစ် အသားပေးတဲ့ အသင်းဖြစ်သလို သူတို့အသင်း နောက်တစ်ဆင့် တတ်လှမ်းဖို့ကလည်း ဘရာဇီးလ်ကို အနိုင်ရဖို့ လိုအပ်နေပါတယ်။ ဒါပေမယ့် ဘရာဇီးလ်က အရန်တွေ ကစားလာရင်တောင် သူတို့ရဲ့ လူအင်အားက အလွန်တောင့်တင်းလွန်းနေတဲ့အပြင် ကင်မရွန်းဟာလည်း တိုက်စစ်ဆင်ရင်း ခံစစ်ပါ ပေါက်သွားတတ်တာမို့ ဒီပွဲမှာ ဂိုးအများကို ပိုသဘောကျမိပါတယ်။

Serbia vs Switzerland: Predicted lineup, injury news, head-to-head

Photo Credit : Khel Now

ဖျက်မြင်းအသင်းလို့ သတ်မှတ်ခံထားရတဲ့ ဆာဘီးယားက ကင်မရွန်းနဲ့ပွဲမှာ အနိုင်ရသင့်ခဲ့ပေမယ့် ခံစစ်ပိုင်း ယိုယွင်းမှုတွေနဲ့ အမှတ်ခွဲပေးထားရပြီး အခုဆို နောက်တစ်ဆင့်တတ်ဖို့အတွက် ဆွစ်ဇာလန်ကို မဖြစ်မနေ အနိုင်ကစားရပါတော့မယ်။ ခက်တာက ဆွစ်ဇာလန်က ခံစစ်ပိုင်း တော်တော်လေးကို ကျစ်လစ်လွန်းတဲ့ အသင်းမျိုး ဖြစ်နေတဲ့အပြင် ဒီပွဲမှာ (၁)မှတ်လေး ရလိုက်တာနဲ့တင် ရှုံးထွက်ကို တတ်လှမ်းပြီဖြစ်လို့ ဒီအခွင့်အရေးကို လက်လွတ်မခံလောက်ပါဘူး။ ဆာဘီးယားမှာ မီထရိုဗစ် ဗလာဟိုဗစ် တာဒစ်တို့လို ကစားသမားတွေနဲ့ တိုက်စစ်ပိုင်း အားကောင်းနေတယ်ဆိုရင်တောင် ဆွစ်ခံစစ်ကို ထိုးဖောက်ရခက်နိုင်ပါတယ်။ ဆွစ် လုံးဝ မရှုံးနိုင်လောက်ပါဘူး။