MySport Myanmar

အာဂျင်တီးနား နဲ့ ဆော်ဒီအာရေဗျအသင်းတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပလာခဲ့တာ အခုဆိုရင်တော့ အုပ်စုနှစ်ခုရဲ့ အဖွင့်ပွဲစဉ်တွေ ပြီးဆုံးသွားခဲ့ပြီဖြစ်လို့ ဒီကနေ့မှာ နောက်ထပ် အုပ်စုကအသင်းတွေ ဆက်လက် ယှဉ်ပြိုင်ရမှာဖြစ်သလို ဒီနေ့မှာတော့ ညနေ(၄)နာရီခွဲ ပွဲစဉ်ပါ စတင် ပါဝင်လာမှာဖြစ်ပါတယ်။ အခုလည်း (၄)နာရီခွဲမှာ ကစားသွားမယ့် အာဂျင်တီးနားနဲ့ ဆော်ဒီအာရေဗျအသင်းအကြောင်းကို သုံးသပ် တင်ဆက်ပေးသွားချင်ပါတယ်။

Photo Credit : GiveMeSport

၁၉၈၆ခုနှစ်နောက်ပိုင်းကတည်းက ကမ္ဘာ့ဖလားမှာ ဘာအောင်မြင်မှုမှ မရရှိတော့ပဲ ၂၀၁၄နှစ် တစ်ကြိမ်သာ ဗိုလ်လုပွဲအထိ တတ်လှမ်းထားခဲ့ရတဲ့ အာဂျင်တီးနားက ဒီတစ်ကြိမ် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေသလို လက်ရှိမှာလည်း (၃၆)ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့အထိ ကစားထားနိုင်ပါတယ်။ အာဂျင်တီးနားရဲ့ world cup squad ဟာလည်း အားရစရာကောင်းတဲ့ အစုအဖွဲ့မျိုး ဖြစ်နေတဲ့အပြင် မက်ဆီရဲ့ နောက်ဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲလည်းဖြစ်လို့ မက်ဆီနဲ့ သူ့အသင်းဖော်တွေက ပွဲတိုင်း အားထည့်ကစားဖွယ် ရှိနေပါတယ်။

Photo Credit : SportsMole

ဆော်ဒီအာရေဗျကတော့ အာရှထိပ်သီးအသင်း ဖြစ်နေပေမယ့် သူတို့ နောက်ဆုံးကစားထားတဲ့ ပွဲစဉ်တွေမှာ နိုင်ပွဲတွေ နည်းပါးခဲ့ပြီး သရေပွဲတွေသာ များနေခဲ့ရပါတယ်။ ဒါပေမယ့် ဆော်ဒီက ပွဲတိုင်းမှာ ပေးဂိုးတစ်ဂိုးထက် ပိုမပေးရအောင် ခံစစ် ကျစ်ကျစ်လစ်လစ်နဲ့ ကစားနိုင်ခဲ့ပါတယ်။ ဒီခံစစ်က နောက်ဆုံးကစားထားတဲ့ ပွဲစဉ်(၅)ပွဲအတွင်း အနည်းဆုံး (၃)ဂိုး သွင်းယူထားတဲ့ အာဂျင်တီးနား တိုက်စစ်ကို တောင့်ခံထားနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။

Photo Credit : TechRadar

အာဂျင်တီးနားနဲ့ ဆော်ဒီတို့က ကွန်ဖရက်ဒေးရှင်းပွဲနဲ့ ခြေစမ်းပွဲ စုစုပေါင်း(၂)ကြိမ်သာ ဆုံထားခဲ့ရပြီး အာဂျင်တီးနားက တစ်ကြိမ်နိုင် တစ်ကြိမ် သရေကျထားခဲ့ပါတယ်။ လက်ရှိ အခြေအနေအရတော့ ၂၀၁၂ခုနှစ်တုန်းကလို ဂိုးမရှိ သရေကျဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီတစ်ကြိမ်မှာတော့ ကမ္ဘာ့ဖလားကို တတိယအကြိမ်မြောက်အဖြစ် ရယူသွားဖို့ ရည်ရွယ်ထားတဲ့ အာဂျင်တီးနားတို့ ပွဲတိုင်းကို သေချာ အာရုံစိုက် ကစားလာမှာမို့ ဆော်ဒီကို ဂိုးပြတ်နိုင်ပါလိမ့်မယ်။

Exit mobile version