MySport Myanmar

အင်္ဂလန် နဲ့ အီရန်အသင်းတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကတော့ မနေ့ကပဲ စတင် ကျင်းပခဲ့ပြီဖြစ်ပြီး အိမ်ရှင်ကာတာအသင်းက အီကွေဒေါအသင်းကို (၂)ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ဒီနေ့မှာတော့ ကမ္ဘာ့ဖလားပွဲစဉ်(၃)ပွဲကို ဆက်လက် ကျင်းပသွားမှာဖြစ်ပြီး ဒီပွဲစဉ်တွေထဲကမှ ည(၇)နာရီခွဲမှာ ကျင်းပမယ့် အင်္ဂလန်နဲ့ အီရန်အသင်းတို့ရဲ့ ပွဲစဉ်အကြောင်းကို သုံးသပ်ပေးသွားချင်ပါတယ်။

Photo Credit : Yahoo!

နာမည်ကျော် အင်္ဂလန်အသင်းက ဒီပြိုင်ပွဲကြီး မတိုင်ခင် နောက်ဆုံးကစားထားခဲ့တဲ့ (၆)ပွဲဆက်တိုက်အထိ နိုင်ပွဲပျောက်ထားခဲ့သလို ဟန်ဂေရီအသင်းကိုလည်း (၄)ဂိုးပြတ်နဲ့ အရေးနိမ့်ထားခဲ့ရပါတယ်။ ဒါပေမယ့် ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းက ပြိုင်ပွဲကြီးတွေရဲ့ အုပ်စုအဆင့်ပွဲတွေကို အနိုင်ရအောင် ကစားတတ်တဲ့ မှတ်တမ်းတွေလည်း ရှိထားခဲ့ဖူးပါတယ်။

Photo Credit : Sports Illustrated

ဝါရင့်နည်းပြကြီး ကားလို့စ်ကွီရော့ဇ် ကိုင်တွယ်နေတဲ့ ကိုင်တွယ်နေတဲ့ အီရန်အသင်းက ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအတွင်း ရလဒ် အလွန်ကောင်းမွန်ထားသလို ခြေစမ်းပွဲ ရလဒ်တွေကလည်း အားရစရာ အနေအထားမှာ ရှိနေပါတယ်။ အခုလည်း အုပ်စုအတွင်း အင်အားအကြီးဆုံး အသင်းလို့ ယူဆရမယ့် အင်္ဂလန်နဲ့ ဆုံတွေ့ချိန်မှာ surprise result တစ်ခုခု ထွက်ပေါ်လာအောင် အားထုတ် လုပ်ဆောင်သွားဖွယ်လည်း ရှိနေပါတယ်။

Photo Credit : Goal

ပုံမှန်ဆိုရင် အီရန်က အင်္ဂလန်အတွက် ခက်ခဲတဲ့ ပြိုင်ဘက်မျိုး မဖြစ်နိုင်ပေမယ့် ကစားရမယ့် နေရာက အာရှတိုက်မှာမှ အရှေ့အလယ်ပိုင်း ဒေသဖြစ်နေတဲ့အပြင် အင်္ဂလန်ရဲ့ လတ်တလော form ကြောင့် အီရန်ကို ခက်ခက်ခဲခဲ ကစားရနိုင်ပြီး အင်္ဂလန်တို့ ကျဉ်းမြောင်းတဲ့ရလဒ်မျိုးနဲ့ပဲ အနိုင်ရသွားမယ်လို့ ထင်မိပါတယ်။

Exit mobile version