မန်ယူ ကွင်းလယ်လူ မာတာဟာ အဆင့် (၂၀) က နော်ဝှစ်ခ်ျအသင်းကို (၄-၀) နဲ့ အနိုင်ရရှိခဲ့တဲ့ အိမ်ကွင်း ပွဲစဉ်မှာ ပွဲထွက် ကစားလာခဲ့ပြီး သူက နော်ဝှစ်ခ်ျအသင်းနဲ့ ပွဲစဉ်က နိုင်ပွဲစိတ်ဓါတ်ကို ရှေ့ပွဲစဉ်တွေအထိ ယူသွားရမယ်လို့ ပြောခဲ့ပါတယ်။ ကွင်းလယ်လူ မာတာကတော့ မနေ့ညက နော်ဝှစ်ခ်ျအသင်းကို (၄-၀) နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အသင်းဖော်တွေ ဖြစ်ကြတဲ့ ရက်ခ်ျဖို့ဒ် နဲ့ မာရှယ်အတွက် ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ခဲ့ပြီး ကွင်းလယ်ပိုင်းမှာ အားထားရာ ဖြစ်ခဲ့ပါတယ်။
{Unicode}
မန်ယူ ကွင်းလယ်လူ မာတာဟာ အဆင့် (၂၀) က နော်ဝှစ်ချ်အသင်းကို (၄-ဝ) နဲ့ အနိုင်ရရှိခဲ့တဲ့ အိမ်ကွင်း ပွဲစဉ်မှာ ပွဲထွက် ကစားလာခဲ့ပြီး သူက နော်ဝှစ်ချ်အသင်းနဲ့ ပွဲစဉ်က နိုင်ပွဲစိတ်ဓါတ်ကို ရှေ့ပွဲစဉ်တွေအထိ ယူသွားရမယ်လို့ ပြောခဲ့ပါတယ်။ ကွင်းလယ်လူ မာတာကတော့ မနေ့ညက နော်ဝှစ်ချ်အသင်းကို (၄-ဝ) နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အသင်းဖော်တွေ ဖြစ်ကြတဲ့ ရက်ချ်ဖို့ဒ် နဲ့ မာရှယ်အတွက် ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ခဲ့ပြီး ကွင်းလယ်ပိုင်းမှာ အားထားရာ ဖြစ်ခဲ့ပါတယ်။
Photo Credit: Dailymail
မန်ယူ ကွင်းလယ်လူ မာတာဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၃) ပွဲ ကစားပြီးရာမှာ မနေ့ညက ပြုလုပ်ခဲ့တဲ့ ဂိုးဖန်တီးမှု (၂) ကြိမ်သာ ပြုလုပ်ထားပြီး သွင်းဂိုး (၁) ဂိုးမှ မသွင်းနိုင်ဆဲ ဖြစ်နေပါတယ်။ မန်ယူအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် လီဗာပူးလ်အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး ကွင်းလယ် ကစားသမား မာတာက နော်ဝှစ်အသင်းနဲ့ ပွဲစဉ် နိုင်ပွဲစိတ်ဓါတ်ကို လီဗာပူးလ်အသင်းနဲ့ ကစားမယ့် ပွဲစဉ်အထိ ယူူဆောင်သွားမယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။
Photo Credit: Dailymail
မာတာက “စွမ်းဆောင်ရည်က ကောင်းမွန်တဲ့ စွမ်းဆောင်ရည် နဲ့ လိုအပ်ခဲ့တဲ့ စွမ်းဆောင်ရည်ပါ။ ဒီစွမ်းဆောင်ရည်ကို ကြည့်ရင် ဘယ်လို ကစားခဲ့သလဲဆိုတာကို မြင်ကြမှာပါ။ ပိုပြီး တည်ငြိမ်တဲ့ ခြေစွမ်းနဲ့ ကစားခဲ့ကြပါတယ်။ တစ်ပွဲတည်းပါ။ (၃) မှတ်တည်းပါ။ ဒါပေမဲ့ စိတ်ခံစားချက်တော့ အလွန် ကောင်းပါတယ်။ ဒီနိုင်ပွဲစိတ်ဓါတ်ကို နောက်ပွဲစဉ်တွေ အဖြစ်ကစားရမယ့် ဝုဗ်အသင်း နဲ့ လီဗာပူလ်အသင်း ပွဲစဉ်အထိ ယူသွားရမှာပါ။ လီဗာပူးလ်နဲ့ ပွဲက ပွဲကြီးပါ”လို့ ပြောသွားပါတယ်။