ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်ပံ ကစားသမားဟောင်း ရော်ဘတ်ကတော့ ဘိုင်ယန်မြူးနစ် အသင်းမှာ ကစားခဲ့စဉ်က နည်းပြ ဂွါဒီယိုလာရဲ့ လက်အောက်မှာ (၃) နှစ်ခန့်ကြာ ကစားခဲ့ရတဲ့ အချိန်မှာ နည်းပြ ဂွါဒီယိုလာဆီကနေ အများကြီး သင်ယူခဲ့ရတယ်လို့ ပြောကြားသွားပါတယ်။ နယ်သာလန် လက်ရွေးစင် ကစားသမားဟောင်း ရော်ဘင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ဘောလုံး ကစားသမားဘဝကနေ အနားယူသွားခဲ့ပြီး သူ့ကို နည်းပြခဲ့တဲ့ နည်းပြတွေများစွာထဲက နည်းပြ ဂွါဒီယိုလာကို ကမ္ဘာ့ အကောင်းဆုံး နည်းပြ ဖြစ်ပါတယ်လို့ အခိုင်အမာ ပြောကြားသွားပါတယ်။

Photo Credit: Goal

ရော်ဘင်ဟာ ကစားသမားဘဝမှာ လူးဝစ် ဗန်ဟားလ်၊ ကာလို အန်ဆယ်လော့တီ၊ မော်ရင်ဟို၊ ဟေးနက်၊ နီကို ကိုဗက် နဲ့ ဂွါဒီယိုလာ စတဲ့ ကမ္ဘာ့ကျော် ဘောလုံး နည်းပြတွေရဲ့ လက်အောက်မှာ ကစားခဲ့ရပြီး ဘောလုံး နည်းပညာအကြောင်းတွေကို အများကြီး သင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရော်ဘင်က သူ့ကို အတိုးတတ်စေဆုံး နည်းပြမှာ နည်းပြ ဂွါဒီယိုလာ ဖြစ်တယ်လို့ ပြောသွားပြီး သူက နည်းပြ ပက် ဂွါဒီယိုလာကို ချီးမွှမ်းပြောဆိုသွားခဲ့တဲ့ အချိန်မှာ နည်းပြ ပက် ဂါွဒီယိုလာကို ခံစစ် ကစားနည်းရဲ့ ဆရာ တစ်ဆူ ဖြစ်တယ်လို့ Socrates မဂ္ဂဇင်းမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

ရော်ဘင်က “ကျွန်တော် ဘောလုံးကို သိပ် ချစ်မြတ်နိုးပါတယ်။ အဲဒါထက် ပို ချစ်မြတ်နိုးတာက ခံစစ်ကစားနည်းပါပဲ။ ပြီးတော့ နည်းပြ ပက် ဂွါဒီယိုလာက ခံစစ် ကစားနည်းရဲ့ ဆရာ တစ်ဆူပဲ။ နည်းပြ ပက်က ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်ကြောင်းကို အာရုံစိုက်ပြီး ဘောလုံး ပိုင်ဆိုင်မှုကို အပြည့်အဝ ထိန်းချုပ်ချင်တယ်။ သေချာတာပေါ့ဗျာ။ ကျွန်တော် အဲဒီကစားကွက်ကို အင်မတန် သဘောကျတယ်။ ကျွန်တော်တို့က တူညီတဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေကြတယ်။ သူက ကျွန်တော့်ကို ပိုပြီး ပြီးပြည့်စုံတဲ့ ကစားသမား တစ်ယောက် ဖြစ်စေခဲ့တယ်။ ကျွန်တော့် အတွက်ကတော့ နည်းပြ ပက် ဂွါဒီယိုလာက ကမ္ဘာ့ အကောင်းဆုံး နည်းပြ တစ်ဦး ဖြစ်ပါတယ်။ သူနဲ့ အတူ ဘိုင်ယန်အသင်းမှာ (၃) နှစ်ကြာ ကစားခဲ့စဉ်က အများကြီး သင်ယူခဲ့တယ်”လို့ ဆိုပါတယ်။