မန်ယူ တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ သူ့ရဲ့ အသင်းဖော် တိုက်စစ်မှူး ရက်ချ်ဖို့ဒ်လိုပဲ မန်ယူအသင်းရဲ့ အိမ်မွေးခြံပေါက် အကယ်ဒမီထွက် ကစားသမားလေး ဖြစ်ပြီး ရက်ချ်ဖို့ဒ်က သူ့ရဲ့ စံပြပဂ္ဂိုလ်ပါလို့ ပြောသွားတာ ဖြစ်ပါတယ်။ ဂရင်းဝုဒ်ဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၀) ပွဲ ကစားခဲ့ရာမှာ (၄) ဂိုး သွင်ယူနိုင်ခဲ့ပြီး ရက်ချ်ဖို့ဒ်ကတော့ ပွဲစဉ် (၂၂) ပွဲ ကစားခဲ့ရာမှာ (၁၄) ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး စတုတ္ထ ကစားသမား ဖြစ်ပါတယ်။

Photo Credit: Evening News

တိုက်စစ်မှူး ဂရင်းဝုဒ်ကတော့ ပြီးခဲ့တဲ့ ရက်က မန်ယူ ကစားသမား အနေနဲ့ ပြိုင်ပွဲစုံ ပွဲစဉ် (၂၀၀) ပြည့်ပွဲစဉ် ကစားခဲ့ပြီး သူလို အကယ်ဒမီထွက် အသင်းဖော် တိုက်စစ်မှူး ရက်ချ်ဖို့ဒ်နဲ့ ပွဲများစွာကို တွဲဖက်ကစားခဲ့ရပြီ ဖြစ်ပါတယ်။ ဂရင်းဝုဒ်ဟာ ရက်ချ်ဖို့ဒ်ကို စံပြပုဂ္ဂိုလ်အနေနဲ့ မြင်ပါသလားလို့ Soccer Bible က မေးတဲ့ အချိန်မှာ သူက သူ့ထက် အသက် (၂) နှစ် ပိုကြီးတဲ့ အကယ်ဒမီထွက် အသင်းဖော် ရက်ချ်ဖို့ဒ်ကို စံပြပုဂ္ဂိုလ်အနေနဲ့ မြင်ပါတယ်လို့ ပြတ်သားစွာ ပြန်ဖြေသွားခဲ့ပါတယ်။

Photo Credit: Evening News

အသက် (၁၈) နှစ်အရွယ် ဂရင်းဝုဒ်ဟာ အသက် (၂၂) နှစ်အရွယ် ရက်ချ်ဖို့ဒ်ကို စံပြပုဂ္ဂိုလ်အဖြစ် မြင်ပါသလားလို့ အမေးခံလိုက်ရတဲ့ အချိန်မှာ သူက “စံပြပုဂ္ဂိုလ် အဖြစ် မြင်ပါတယ်။ လုံးဝပါပဲ။ သူက အကယ်ဒမီအသင်းမှာ ကစားခဲ့ပြီး အဆင့်တတ်လာခဲ့တာပါ။ ကျွန်တော်က ရက်ချ်ဖို့ဒ်ရဲ့ ခြေရာကို လိုက်နေတယ်လို့ ခံစားရပါတယ်။ သူက ကျွန်တော့်အထက် အသက် အနည်းငယ်ပဲ ပိုကြီးပေမဲ့ ကျွန်တော် သူဆီကနေ ခွန်အား အများကြီး ရပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။