MySport Myanmar

နည်းပြ တန်ဟက်ဂ်နဲ့ ပထမဆုံးအကြိမ် အဆက်အသွယ် ပြုလုပ်ခဲ့ရတဲ့ ဂရင်းဝုဒ်

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်သူ မေဆန်ဂရင်းဝုဒ်ဟာ တရားရုံးက စွဲချက်များ ရုတ်သိမ်းခံရပြီးနောက် ရက်ပိုင်းအကြာမှာပဲ ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်နဲ့ ပထမဆုံးအကြိမ် အဆက်အသွယ်တွေ ပြုလုပ်လာခဲ့ရတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Daily Mail

ချစ်သူမိန်းကလေးအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ကြောင်း ဓါတ်ပုံတွေ ဗီဒီယိုတွေနဲ့တကွ ပျံ့နှံလာပြီးနောက်ပိုင်း ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတဲ့ ဂရင်းဝုဒ်ကို သူရဲ့ ကလပ်အသင်း ယူနိုက်တက်က လစာ အပြည့်အဝ ပေးချေဖို့ ဆိုင်းငံ့ခဲ့ပြီး အပြစ်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကတည်းက ဖမ်းဆီးခံထားရတဲ့ ဂရင်းဝုဒ်ဟာ သူရဲ့အမှုကို ရင်ဆိုင်နေရရင်းနဲ့ ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားရုံးကနေ သူ့အပေါ် စွဲချက်တင်ထားသမျှတွေကို ရုတ်သိမ်းပေးခဲ့တာဖြစ်လို့ အမှုကနေ လွတ်မြောက်သွားခဲ့ရပေမယ့် ယူနိုက်တက်အသင်းဘက်ကတော့ သူတို့ကစားသမားနဲ့ ပတ်သတ်ပြီး စုံစမ်း စစ်ဆေးမှုတွေ ထပ်မံ လုပ်ဆောင်နေဆဲသာဖြစ်ကြောင်း ထုတ်ပြန်ထားသလို ဒီကိစ္စတွေ အဆုံးသတ်သွားမှသာ ဂရင်းဝုဒ်ရဲ့ အနာဂတ်ကို ရှင်းရှင်းလင်းလင်း သိရနိုင်ပါတယ်။

Photo Credit : Daily Mail

ဒီလို အခြေအနေတွေ ရှိနေချိန်မှာ ဂရင်းဝုဒ်က လက်ရှိ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်နဲ့ အဆက်အသွယ် လုပ်ဆောင်ခဲ့ရပြီး တန်ဟက်ဂ်က ဂရင်းဝုဒ်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေအပေါ် မေးမြန်းမှု ပြုလုပ်ခဲ့သလို အသက်(၂၁)အရွယ် ကစားသမားကလည်း သူ့အပေါ် စွဲချက်များ ပြန်ရုတ်သိမ်းလိုက်တဲ့အတွက် ဝမ်းသာနေမိရကြောင်း ပြောကြားခဲ့တယ်လို့ The Sun ကနေ ဖော်ပြသွားခဲ့ပါတယ်။ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ တန်ဟက်ဂ်က ယူနိုက်တက် ကစားသမားတစ်ဦး ဖြစ်နေသေးတဲ့ ဂရင်းဝုဒ်ကို ဆက်သွယ်ဖို့က လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတစ်ခုလို့ ယူဆထားတဲ့အပြင် အခုလို တန်ဟက်ဂ်ဘက်ကနေ တိုက်ရိုက် ဆက်သွယ်မှု လုပ်ဆောင်လာတာကလည်း ဂရင်းဝုဒ်အတွက် တကယ့်ကို စိတ်ကျေနပ်စရာ အခြေအနေတစ်ခု ဖြစ်လာနိုင်တယ်လို့လည်း သိရပါတယ်။

Photo Credit : Daily Mail

ဒါပေမယ့် အသင်းအတွင်းမှာက ဂရင်းဝုဒ်နဲ့ ပတ်သတ်ပြီး internal investigation ကိစ္စတွေ အပြီးမသတ်နိုင်သေးချင်း ဂရင်းဝုဒ်က ယူနိုက်တက်အသင်းအတွက် ပြန်လည် ကစားပေးခွင့် ရရှိဦးမှာ မဟုတ်ပေမယ့် တန်ဟက်ဂ်ကတော့ ဒီကိစ္စရပ်တွေ ပြီးဆုံးတာနဲ့ ဂရင်းဝုဒ်ကို အသင်းမှာ နေရာပေးသွားဖို့ အဆင့်သင့် ဖြစ်နေပါတယ်။

Exit mobile version