MySport Myanmar

ယူရိုပါလိဂ် ရှုံးထွက် ပလေးအော့ ပကျော့ပွဲကို လွဲချော်ရတော့မယ့် မာတီနက်ဇ်

SAN SEBASTIAN, SPAIN - NOVEMBER 3: Lisandro Martinez of Manchester United during the UEFA Europa League match between Real Sociedad v Manchester United at the Estadio Reale Arena on November 3, 2022 in San Sebastian Spain (Photo by David S. Bustamante/Soccrates/Getty Images)

မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့ညက ကစားခဲ့ရတဲ့ ယူရိုပါလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်မှာ အိမ်ရှင်ဆိုစီဒက်အသင်းကို အနိုင်ရခဲ့ပေမယ့်လည်း Head-to-Head ရလဒ်ချင်း တူညီနေပြီး ဂိုးကွာခြားချက်မှာ အသာရနေခဲ့တဲ့ ဆိုစီဒက်က အုပ်စုပထမနေရာ ရသွားခဲ့သလို ယူနိုက်တက်ကတော့ အုပ်စုဒုတိယနေရာနဲ့ ရှုံးထွက် ပလေးအော့ကို ကစားရတော့မှာဖြစ်ကာ အဲ့ဒီပွဲစဉ်ရဲ့ ပထမအကျော့ပွဲကိုလည်း နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်က လွဲချော်ရမှာ ဖြစ်ပါတယ်။

Photo Credit : Manchester Evening News

အာဂျင်တီးနားလက်ရွေးစင် ဗဟိုခံစစ်မှူး မာတီနက်ဇ်ဟာ အိုင်းယတ်စ်ကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့စဉ်ကတည်းက အသင်းရဲ့ ခံစစ်မှာ အတော်လေးကို ခြေစွမ်းပြနေခဲ့ပြီး အသင်းရဲ့ ပွဲစဉ်တိုင်းလိုလိုမှာလည်း ပါဝင်ကစားခွင့် ရရှိနေခဲ့ရပါတယ်။ ဒါပေမယ့် မာတီနက်ဇ်ဟာ ဆိုစီဒက်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဉ် နှစ်ကျော့လုံးနဲ့ ဆိုက်ပရပ်စ်မှာ အိုမိုးနီးယားနဲ့ ကစားခဲ့ရတဲ့ ပွဲတွေမှာ အဝါကတ်တစ်ကတ်စီ ပြသခံခဲ့ရတာကြောင့် ယူရိုပါလိဂ်ရဲ့ စည်းမျဉ်းတွေအရ မာတီနက်ဇ် တစ်ပွဲပယ်ပြစ်ဒဏ် ထိသွားခဲ့ပြီဖြစ်လို့ ရှုံးထွက် ပလေးအော့ ပထမအကျော့ပွဲစဉ်ကို လွဲချော်ရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : BBC

ယူနိုက်တက်အသင်းဟာ လူငယ် ကစားသမားလေး ဂါနာချိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ စပိန်မြေမှာ ဆိုစီဒက်ကို ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့လို့ အသင်းနှစ်သင်းရဲ့ကြားမှာ Head-to-Head ရလဒ်က တူညီသွားခဲ့ရပေမယ့်လည်း ဂိုးကွာခြားချက်မှာ တစ်ဂိုးအသာရနေခဲ့တဲ့ ဆိုစီဒက်က အုပ်စုဗိုလ် ဖြစ်ခဲ့ရလို့ ရှုံးထွက် (၁၆)သင်းအဆင့်ဆီ အလိုအလျောက် တတ်လှမ်းနိုင်ခဲ့ပေမယ့် ယူနိုက်တက်ကတော့ ချန်ပီယံလိဂ်ကနေ ပြုတ်လာခဲ့တဲ့ ကလပ်အသင်း တစ်သင်းသင်းနဲ့ ပလေးအော့အဆင့်ကို ရင်ဆိုင်ရဦးမှာပဲ ဖြစ်ပါတယ်။ ဒီနှစ်ရာသီမှာကလည်း ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ်ဆီ ရောက်ရှိလာတဲ့ အသင်းတွေထဲမှာ ဘာစီလိုနာ ဂျုဗင်တပ်စ်တို့လို အသင်းကြီးတွေအပြင် ယူရိုပါလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်း ဆီဗီလာ အိုင်းယတ်စ် ဆာလ်ဇ်ဘာ့ဂ် လေဗာကူဆင် ရှက်တာဒိုးနက် စပို့တင်းလစ္စဘွန်းတို့ပါ ပါဝင်နေတာဖြစ်လို့ ယူနိုက်တက်အနေနဲ့ ဘယ်အသင်းနဲ့ပဲဆုံဆုံ ခက်ခဲတဲ့ ပြိုင်ဘက်တွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုပွဲမျိုးက အသင်းရဲ့ key player ဖြစ်သော မာတီနက်ဇ်ကိုပါ ပွဲပယ်ပြစ်ဒဏ်ကြောင့် ထည့်သွင်း အသုံးပြုနိုင်ခြင်း မရှိတာက အသင်းအတွက် ထိုးနှက်ချက်ကြီး ဖြစ်လာစေနိုင်ပါတယ်။

Exit mobile version