ပရီးမီးယားလိဂ် နာမည်ကြီး အသင်း ဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ ဂန္တဝင် ခံစစ်မှူး တစ်ဦး ဖြစ်တဲ့ တိုနီအဒမ် ကတော့ လက်ရှိ အာဆင်နယ် အသင်းရဲ့ ဂိုးသမား ဖြစ်သူ လီနိုထက် အသင်း ကနေ ထွက်ခွာသွားတဲ့ မာတီနက်စ်ဟာ ပိုကောင်းတဲ့ ဂိုးသမား တစ်ဦး ဖြစ်ကြောင်း သူ့ရဲ့ အမြင်ကို ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၈နှ စ်အရွယ် အာဂျင်တီးနား ဂိုးသမား မာတီနက်စ်ဟာ အာဆင်နယ် အသင်းမှာ ဆယ်စုနှစ် တစ်စုကျော် ရှိခဲ့တဲ့ ဂိုးသမား တစ်ဦး ဖြစ်ပြီး မကြာသေးမီကပဲ အာဆင်နယ် အသင်းကနေ ပရီးမီးယားလိဂ် ကလပ် အက်စ်တွန်ဗီလာ အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၇.၄ သန်းနဲ့ ပြောင်းသွားခဲ့တဲ့ ကစားသမား တစ်ဦးပါ။

Photo Credit: Metro

မာတီနက်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ခါနီးမှာ လီနို ဒဏ်ရာ ရရှိသွားတာကြောင့် အာဆဆင်နယ် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား နေရာကို ခေတ္တ ရယူခဲ့ပြီး အသင်းနဲ့အတူ အက်ဖ်အေဖလား ၊ ကွန်မြူနတီဒိုင်း တို့ကို ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မာတီနက်စ်ဟာ အာဆင်နယ် အသင်းရဲ့ အမြဲတမ်း နံပါတ်တစ် ဂိုးသမား မဖြစ်ခဲ့ပဲ လီနို တစ်ယောက် ဒဏ်ရာကနေ ပြန်လည် သက်သာ လာတဲ့ အချိန်မှာ ဒုတိယ ဦးစားပေး ဂိုးသမား ပြန်ဖြစ်သွားခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ မာတီနက်စ် ဟာ အာဆင်နယ် အသင်းကနေ ထွက်ခွာပြီး ပုံမှန်နေရာရမယ့် ဗီလာအသင်းထံ ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ အာဆင်နယ် အသင်းတို့ရဲ့ ပွဲစဉ် အပြီးမှာတော့ အာဆင်နယ် အသင်းအနေနဲ့ မာတီနက်စ်ကို မရောင်းချခဲ့သင့်ပဲ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် ဆက်ထားသင့်တယ် လို့ ဝေဖန်မှုတွေ ထွက်ပေါ် လာခဲ့ပါတယ်။

Photo Credit: Metro

မာတီနက်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ခါနီးမှာမှ နေရာရခဲ့သူ တစ်ဦး ဖြစ်ပေမယ့် အာဆင်နယ် အသင်းက လီဗာပူးအသင်းကို အနိုင်ရခဲ့တဲ့ နှစ်ပွဲစလုံးမှာ အာဆင်နယ် အသင်းရဲ့ ဂိုးပေါက်ကို ကာကွယ် စောင့်ရှောက်ခဲ့သူပါ။ လက်ရှိမှာတော့ မာတီနက်စ်ဟာ လီနိုထက် ပိုမို ကောင်းမွန်တဲ့ ဂိုးသမား ဖြစ်ကြောင်း ပြောဆိုမှုတွေ ရှိနေပြီး အဆိုပါ အမြင်ကို ထောက်ခံသူတွေ ထဲမှာ အာဆင်နယ် အသင်းရဲ့ ဂန္တဝင် ခံစစ်မှူးဟောင်း တိုနီအဒမ်လည်း ပါဝင်ခဲ့ပါတယ်။

Photo Credit: Metro

မာတီနက်စ်က လီနိုထက် ပိုကောင်းတဲ့ ဂိုးသမား ဖြစ်ကြောင်းကို အဒမ်က အခုလိုပဲ ရှင်းပြ သွားခဲ့ပါတယ်။ အဒမ်က ” မာတီနက်စ်က သူတို့အသင်း ဖလားရခဲ့တဲ့ ပွဲစဉ် တောက်လျှောက် အကောင်းဆုံး လက်စွမ်းပြခဲ့တဲ့သူပါ။ သူဟာ အရမ်းကောင်းတဲ့ ဂိုးသမား တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် လီနိုကတော့ တချို့အရာတွေမှာ အခုထိ ရုန်းကန် နေရတုန်းပါပဲ။ ကျွန်တော် ထင်တာ ကတော့ လီနိုဟာ ဖြတ်တင်ဘောတွေ ဖမ်းတဲ့ နေရာမှာ အတော်ကို ညံ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စက ကျွန်တော်နဲ့ မသက်ဆိုင်ပါဘူး။ အာတီတာ ကတော့ ” လီနိုက နံပါတ်တစ် ဂိုးသမား ” လို့ ပြောချင် ပြောမှာပါ။ သူက လီနိုကို ယုံကြည်မှု အပြည့်အဝ ပေးထားပါတယ်။ ဒါပေမယ့် ကျွန်တော် ကတော့ လီနိုဟာ ထိပ်ဆုံး ဂိုးသမား ၄ ဦး စာရင်းမှာ​ ပါတဲ့သူဆိုတာကို မယုံပါဘူး ” ဆိုပြီး ပြောကြား သွားခဲ့တာပါ။