အာဆင်နယ်အသင်းရဲ့ ရှေ့တန်း ကစားသမား ဖြစ်သူ မာတင်နယ်လီဟာ လက်ရှိရာသီ တစ်ခုလုံးကို ဒူးဒဏ်ရာကြောင့် မကစားနိုင်တော့မှာ ဖြစ်ပြီး လက်ရှိရာသီ (၂၀၁၉-၂၀) လက်ကျန် ပွဲစဉ်တွေ အားလုံး လွဲချော်တော့မှာ ဖြစ်ပါတယ်လို့ နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းက အတည်ပြုသွားခဲ့ပါတယ်။ မာတင်နယ်လီဟာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်က နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ အာဆင်နယ်အသင်းကို ရောက်ရှိလာခဲ့ပြီး နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် (၁၄) ပွဲ ကစားထားပြီးရာမှာ ပရီးမီးယားလိဂ် သွင်းဂိုး (၃) ဂိုးအထိ သွင်းယူထားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

အသက် (၁၉) နှစ်အရွယ် တောင်အမေရိက ကစားသမား မာတင်နယ်လီဟာ လက်ရှိရာသီမှာ အာဆင်နယ်အသင်းအတွက် ပထမရာသီ ကစားခဲ့တာ ဖြစ်ပြီး ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် လက်ကျန် ရာသီ ပွဲစဉ်တွေ အားလုံးကို မကစားနိုင်ဘဲ လွဲချော်သွားရမှာ ဖြစ်တယ်လို့ အာဆင်နယ်အသင်းက အတည်ပြုခဲ့တာပဲ ဖြစ်ပါတယ်။ မာတင်နယ်လီဟာ အာဆင်နယ်အသင်းနဲ့ လေ့ကျင့်ရေး ဆင်းခဲ့တဲ့ အချိန်မှာ ဒူးဒဏ်ရာ ရရှိသွားခဲ့ပြီး လက်ကျန် ပွဲစဉ်တွေ အားလုံးကို မကစားနိုင်ဘဲ လွဲချော်သွားမှာ ဖြစ်တာကြောင့် နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းအတွက် တကယ့်ကို ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခု ဖြစ်ပါတယ်။

Photo Credit: Goal

အာဆင်နယ်အသင်းက “မာတင်နယ်လီဟာ ဘယ်ဖက် ဒူးဒဏ်ရာရရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဇွန်လ (၂၁) ရက်နေ့က လေ့ကျင့်ရေး ဆင်းခဲ့တဲ့ အချိန်မှာ ဒဏ်ရာ ရရှိခဲ့ပါတယ်။ သူ့ရဲ့ ဘယ်ဘက် ဒူးဒဏ်ရာကို ကုသပေးသွားပါမယ်။ လက်ရှိရာသီ ပွဲစဉ်မှာ ကစားနိုင်တော့မှာ မဟုတ်ပါဘူး”လို့ ပြောသွားခဲ့ပါတယ်။ နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ လက်ရှိရာသီမှာတော့ ဒဏ်ရာရ ကစားသမားတွေနဲ့ ပြည့်နေပြီး အသင်းရဲ့ နောက်ခံ ကစားသမား ဒေးဗစ် လူးဝစ်ကလည်း မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အနီကဒ် ထိခဲ့တာကြောင့် ပွဲပယ် ပြစ်ဒဏ် (၃) ပွဲ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၉) နေရာ ရရှိထားပြီး လက်ရှိမှာလည်း မာတင်နယ်လီက ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူသွားရတော့မှာ ဖြစ်ပါတယ်။