မာတင်နယ်လီကတော့ အာဆင်နယ် ပရိသတ်တွေ ပျော်ရွင်နိုင်ဖို့အတွက် ချန်ပီယံလိဂ် ဖလား နဲ့ ပြည်တွင်း ဖလားတွေကို အများကြီး ရယူပေးချင်တယ်လို့ FourFourTwo မှာ ပြောပါတယ်။ အသက် (၁၈) နှစ်အရွယ် လူငယ် တိုက်စစ်မှူး မာတင်နယ်လီဟာ နွေရာသီး အပြောင်းအရွေ့ ဈေးကွက်မှာ အာဆင်နယ်အသင်းကို ပေါင် (၆) သန်းနဲ့ ပြောင်းရွေ့လာခဲ့တာပဲ ဖြစ်ပါတယ်။ မာတင်နယ်လီဟာ အာဆင်နယ်အသင်းကို ရောက်ရှိခဲ့စဉ်က အာဆင်နယ် လူငယ်အသင်းမှာ အရင် လေ့ကျင့်ဖို့ ဖြစ်ခဲ့ပေမဲ့ နည်းပြ အမ်မရီရဲ့ ပထမအသင်းမှာ ကစားခွင့် ရရှိနိုင်ခဲ့ပါတယ်။

Photo Credit: Goal

မာတင်နယ်လီဟာ အသင်းဖော် တိုက်စစ်မှူး အူဘားမီယန်း နဲ့ လာကာဇက်တို့ရဲ့ နောက်မှာ နောက်ချန် တိုက်စစ်မှူး အဖြစ် ပို ကစားရပေမဲ့လည်း သွင်းဂိုးတွေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီး လူငယ် တိုက်စစ်မှူး မာတင်နယ်လီဟာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၂၆) ဂိုး သွင်းယူထားပြီး လက်ရှိရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး (၃) ဂိုး သွင်းထားပါတယ်။ လူငယ် တိုက်စစ်မှူး မာတင်နယ်လီကတော့ နည်းပြ အာတီတာကို ချီးကျူး ပြောဆိုသွားခဲ့ပြီး အာဆင်နယ် ပရိသတ်တွေ ပျော်အောင် ချန်ပီယံလိဂ် ရယူချင်တယ်လို့လည်း ပြောခဲ့ပါတယ်။

Photo Credit: Goal

မာတင်နယ်လီက “ကျွန်တော် အာဆင်နယ် ပရိသတ်တွေ ပျော်အောင် ချန်ပီယံလိဂ် ဖလား နဲ့ ပြည်တွင်း ဖလား အများကြီး ရယူပေးချင်ပါတယ်။ သူတို့တွေက အကောင်းဆုံးနဲ့ ထိုက်တန်ပြီး အသင်း ပရိသတ်တွေရော အသင်းဝန်ထမ်းတွေရော အကောင်းဆုံးနဲ့ပဲ ထိုက်တန်ကြပါတယ်။ ကျွန်တော့်ကို အခုအချိန်အထိ အသင်းက လုပ်ပေးခဲ့တာတွေ အရာအာလုံးအတွက် အသင်းကို ပြန်ပေးဆပ်ချင်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ကစားသမား ဖြစ်ချင်ပါတယ်။ နည်းပြ အာတီတာက ထက်မြက်တယ်။ သူက ကျွန်တော့်ကို တိုက်စစ်ဆင်တဲ့ အချိန် နဲ့ ခံစစ် ကစားတဲ့ အချိန်မှာ တိုးတတ်အောင် တွန်းအားပေးပြီး အာရုံစိုက်ပေးတယ်။ နည်းပြက အလွန် ကူညီပေးပါတယ်။ သူက ဒေါသထွက်တတ်တဲ့ သူ မဟုတ်ပါဘူး”လို့ ပြောကြားသွားခဲ့ပါတယ်။